စပိန်မှာ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်သူတွေကို အစိုးရက ယူရို (၁၀) ဘီလီယံ ထောက်ပံ့မယ်လို့ ကြေညာ

မက်ဒရစ်၊ ဒီဇင်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ကုန်စျေးနှုန်းတွေကြီးမြင့်လာတာကို ကိုင်တွယ်ဖြေရှင်းဖို့ စပိန်ပြည်သူတွေအတွက် နောက်ထပ်ယူရို ၁၀ ဘီလီယံထောက်ပံ့မယ့် အစီအစဉ်ကို စပိန်၀န်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာပါတယ်။ နိုင်ငံတွင်းမှာ စွမ်းအင်၊ စားနပ်ရိက္ခာနဲ့ လူနေမှုစရိတ်တွေ ကြီးမြင့်နေချိန်မှာ စပိန်အစိုးရအနေနဲ့ လူလတ်တန်းစားတွေနဲ့ အလုပ်သမားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ၀န်ကြီးချုပ်ဆန်းချက်ဇ်က ပြောပါတယ်။ အဲဒီအစီအစဉ်မှာ အခွန်ကောက်ယူမှုလျှော့ချခြင်းနံ့ တနှစ်ကို ယူရို ၂၇၀၀၀ အောက်သာ၀င်ငွေရှိတဲ့ အိမ်ထောင်စုတွေအတွက် ယူရို ၂၀၀ စီထောက်ပံ့ခြင်းလည်းပါ၀င်ပါတယ်။ ဒါဟာ စပိန်အစိုးရက ပြည်သူတွေအတွက် တတိယမြောက်အကူအညီပေးရေးအစီအစဉ်ဖြစ်ပြီး စုစုပေါင်း ထောက်ပံ့မှုပမာဏ ယူရို ၄၅ ဘီလီယံထိ ရှိလာပြီဖြစ်ပါတယ်။ စပ်ိန်နိုင်ငံဟာ မကြာသေးမီလတွေအတွင်း ငွေကြေးဖောင်းပွမှုကို ၆ ဒသမ ၈ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေထဲမှာ ငွေကြေးဖောင်းပွမှုအနိမ့်ဆုံးဖြစ်သော်လည်း စားနပ်ရိက္ခာစျေးနှုန်းတွေကတော့…

Read More

ဖမ်းဆီးခံထားရတဲ့ အီရန်ဆန္ဒပြသူ (၁၀၀)ထက်မနည်း သေဒဏ်နဲ့ ရင်ဆိုင်နေရ

အော်စလို၊ ဒီဇင်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အီရန်နိုင်ငံသား ၁၀၀ ထက်မနည်းဟာ သေဒဏ်နဲ့ရင်ဆိုင်နေရကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အီရန်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ သေဒဏ်အမိန့်ချခံထားရသူ ၁၁ ဦးအပါအ၀င် သေဒဏ်ချမှတ်ခံရနိုင်တဲ့ အကျဉ်းသား ၁၀၀ ဦးစာရင်းကို ဖော်ပြထားပါတယ်။ သူတို့ထဲမှာ အမျိုးသမီးအကျဉ်းသားငါးဦးပါ၀င်ပြီး ဖမ်ဆီးထိန်းသိမ်းခံထားရသူအများစုဟာ တရားဥပဒေအရ ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေကြောင်း အီရန်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေ မျက်နှာစည်းပုဝါ၀တ်ဆင်မှုစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တဲ့အပေါ် အီရန်နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်နေသူ နှစ်ဦးကို ယခုလအစောပိုင်းမှာ ကွပ်မျက်ခဲ့ပြီး အခုလိုကွပ်မျက်တာဟာ လူထုကိုကြောက်ရွံ့လာစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Ref: BBC #voiceofmyanmar…

Read More

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ပုဒ်မ-၅၀(ည) နဲ့ ထောင် (၁၅)နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၈-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဒီကနေ့မနက်ပိုင်း အိုးဘိုထောင်တွင်းတရားရုံးကနေ ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု)နဲ့ အလုပ်နဲ့ထောင်ဒဏ် (၁၅)နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးးပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဒီကနေ့မနက် အိုးဘိုထောင်တွင်းတရားရုံးက ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု) နဲ့ အလုပ်ကြမ်းအပါအဝင် ထောင်(၁၅)နှစ်ချလိုက်တာပါ”လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ၂၇ရက်က ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားရုံးချိန်းအပြီးမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီကနေ့မှာ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ ဒေါ်ရွက်နုအောင်ဟာ ၂၀၁၉ ခုနှစ်က နေပြည်တေယ်မှာဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယား အမှုနဲ့ မြန်မာနောင်းမ်သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့အမှုကို လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေပြောင်းလဲပြီးနောက်ပိုင်းမှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုနဲ့အခြားနိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ Photo Crd – Original Uploader #VOM…

Read More

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတချို့ ရက်အကန့်အသက်မရှိ ပိတ်ရမယ်လို့ သတင်းတွေ ထွက်နေ

ဒီဇင်ဘာ ၂၈-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့ပေါ်က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတချို့ ဒီဇင်ဘာ လကုန်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ရမယ်လို့ အခုရက်ပိုင်းအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ “ဟုတ်တယ် ဒီလကုန်လို့ပြောပါတယ်၊ အခု ဆေးကုမ္ပဏီအကုန်လုံးကို ဆေးတွေ ပြန်သိမ်းဖို့ အကူအညီလိုက်တောင်းနေရတယ်၊ CDM ဆရာဝန်မိတဲ့ကိစ္စလို့ကြားတယ်၊ အဲ့ဒီဆရာဝန်ထိုင်ခဲ့တဲ့ ဆေးခန်းတွေ ပိတ်ရတယ်လို့ကြားတယ်၊ သူ့ကို ဖမ်းမိတာက နန်းတော်မှာလို့လည်း ကြားတယ်၊ အဆက်အစပ်မရှိပေမယ့် တချို့ဆေးရုံတွေက ကြားညှပ်တဲ့သဘောပေါ့၊ ဘယ်အချိန်ထိပိတ်ရမလဲဆိုတာတော့ မသိဘူး လကုန်က စ ပိတ်ရမယ်လို့ ကြားတယ်”လို့ ပုဂ္ဂလိကဆေးရုံတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။ ဆေးကုမ္ပဏီတွေနဲ့ နီးစပ်သူတဦးကလည်း ” ဘာကြောင့်လဲတော့မသိဘူး အဲ့ဒီဆေးရုံတွေမှာ ပို့ထားတဲ့ ဆေးပစ္စည်းတွေကို ပြန်သိမ်းဖို့ လှမ်းပြောတာတော့ ရှိတယ်၊ အခု အပြင်မှာလည်း ဆေးရုံ (၅)ခု ပိတ်ရမယ်လို့ သတင်းကထွက်နေတယ်၊ အဲ့ဒီကိစ္စပဲနေမှာပါ ၊…

Read More

လူ့အခွင့်အရေး ဆိတ်သုဉ်းနေဆဲ မြန်မာ့လုပ်သားများ

ဒီဇင်ဘာ ၂၈ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ လုံးဝ ဆိတ်သုဉ်းသွားတယ်လို့ သိရပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေရဲ့အဆိုအရ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၁ နှစ်ခွဲကျော် ကာလအတွင်း အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ အပြည့်အဝ မရရှိတဲ့အပြင် လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ စက်ရုံ၊ အလုပ်ရုံမှာ အလုပ်သမားတွေရဲ့ ၁ ရက် အလုပ်လုပ်ချိန် ၈ နာရီ သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်ကတော့ မလုပ်နိုင်တဲ့ စံချိန်တွေကို တောင်းပြီး အတင်းအဓမ္မစေခိုင်းတာတွေ၊ ညဆိုင်းအချိန်ပိုတွေကိုလည်း လုပ်အားခ မပေးဘဲ ခိုင်းစေတာတွေအထိ ရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံမှန်အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေ၊ အစိုးရရုံးပိတ်ရက်တွေမှာလည်း လုပ်အားခမရဘဲ အချိန်ပိုဆင်းပေးနေရပြီး အလုပ်သမား အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတာတွေလည်း ရှိနေပါတယ်။ “အထည်မပြည့်လို့ ဆိုတဲ့…

Read More

ပေါက်မြို့နယ်မှာ ကြက်သွန်ခင်းထဲ မိုင်းပေါက်ကွဲလို့ ၁ ဦးသေဆုံး ၊ ၉ ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဘုရားတောင် ကျေးရွာအုပ်စု ၊ ကြူတောကျေးရွာရဲ့ အရှေ့ဘက် ၊ ယောချောင်းထဲက ကြက်သွန်ခင်းထဲမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ကြက်သွန်စိုက် နေတဲ့ တောင်သူတချို့ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကြူတောရွာ ၊ ယောချောင်းထဲက ဦးတင်အေးရဲ့ ကြက်သွန်ခင်းထဲမှာ ဗုံး ပေါက်ကွဲတာဖြစ်တယ် ၊ မနေ့က မနက်ပိုင်းမှာ ဖြစ်တာပါ ၊ ကြက်သွန်ခင်းထဲကို ကြက်သွန်စိုက် လုပ်သား လူ ၃၀ ကျော် လုပ်ငန်းစတဲ့အချိန် ပေါက်ကွဲတာဖြစ်လို့…

Read More

သားရေဖုံးနှင့် ရွှေစာလုံးနှင့်

ဆူးငှက် အရင်က မန္တလေးဈေးချိုတော်ကြီးမှာ ရုံတွေအလိုက် ရောင်းကုန်တွေ၊ ကုန်ပစ္စည်းအမျိုးအစားတွေ တူရာစုပြီး ဖောက်ကားသည်။ စီ ရုံက နာရီစင်ထောင့်က ရုံဖြစ်သည်။ ၂၆ ဘီလမ်းနှင့် ၈၄ လမ်းထောင့်ဆုံရာ နေရာဖြစ်သည်။ တကယ် အချက်အချာ အကျဆုံးနေရာပါပဲ။ ထိုရုံကြီးထဲမှာ စာရေးကိရိယာတွေ ဗလာစာအုပ်တွေ၊ စက္ကူတွေ၊ ဂျပ်တွေအပြင် ဘာသာရေးဆိုင်ရာ ကျမ်းစာအုပ်အမျိုးမျိုးကိုလည်းရောင်းချသည်။ ထို့ပြင် စာအုပ်ချုပ်လုပ်ငန်းတွ လည်းရှိ၏။ ထိုစဉ်က ဘာသာရေးစာအုပ်များ၊ ပိဋကတ်တော်ဆိုင်ရာ စာအုပ်များကိုလည်း အလှူအတန်းများတွင် လှူဒါန်းကြသည်။ ထိုအခါ ထိုကျမ်းစာအုပ်များကို သားရေဖုံးများ ကျကျနန ဖုံးကြသည်။ ထို့နောက် စာအုပ်အနှောင့်တွင် ကျမ်းစာအုပ် အမည်၊ လှူဒါန်းသူ ဒကာ၊ ဒကာမများ အမည်များကို ရွှေစာလုံးဖြင့် ရေးထိုးကြသည်။ ထို့ကြောင့် မန္တလေးမြို့ပေါ်မှာဖြစ်စေ အလှူ့ဒကာ၊ အလှူဒကာမများက ဈေးချိုထဲတွင် လှူစရာ၊တန်းစရာ၊ ကျွေးစရာ၊ မွေးစရာများ ဝယ်ယူ…

Read More
VOM News

FREE
VIEW