ပေါက်မြို့နယ်မှာ ကြက်သွန်ခင်းထဲ မိုင်းပေါက်ကွဲလို့ ၁ ဦးသေဆုံး ၊ ၉ ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၈ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဘုရားတောင် ကျေးရွာအုပ်စု ၊ ကြူတောကျေးရွာရဲ့ အရှေ့ဘက် ၊ ယောချောင်းထဲက ကြက်သွန်ခင်းထဲမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ကြက်သွန်စိုက် နေတဲ့ တောင်သူတချို့ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကြူတောရွာ ၊ ယောချောင်းထဲက ဦးတင်အေးရဲ့ ကြက်သွန်ခင်းထဲမှာ ဗုံး ပေါက်ကွဲတာဖြစ်တယ် ၊ မနေ့က မနက်ပိုင်းမှာ ဖြစ်တာပါ ၊ ကြက်သွန်ခင်းထဲကို ကြက်သွန်စိုက် လုပ်သား လူ ၃၀ ကျော် လုပ်ငန်းစတဲ့အချိန် ပေါက်ကွဲတာဖြစ်လို့ ၊ ကြက်သွန်စိုက်နေတဲ့ လုပ်သားတယောက်က ဗိုက်ပွင့်ပြီး နေရာမှာတင်သေတယ် ၊ ၉ ယောက်လည်း ပြင်းထန်ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက ၅ ယောက်ဟာ အသက်အန္တရာယ် အတော်ကို စိုးရိမ်နေရတယ် ၊ အခု လူနာအားလုံး ပခုက္ကူဆေးရုံမှာ အရေးပေါ် အတွင်းလူနာ အနေနဲ့ ဆေးကုသခံနေတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ကြက်သွန်းခင်းထဲ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အချိန်ယူပြီး တမင်သက်သက် ထောင်ထားတဲ့ အဝေးထိန်း ရီမုမိုင်း အမျိုးအစား ဖြစ်တယ် ၊ ကြက်သွန်စိုက် လုပ်သားတွေ လုပ်ငန်းခွင် ဝင်ရောက်တာနဲ့ ချိန်ကိုက်ပြီး ဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒီဖေါက်ခွဲမှုကို ဘယ်လက်နက်ကိုင်အဖွဲ့ကလုပ်သလဲဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း ၊ မိုင်းပေါက်ကွဲမှု ဖြစ်စဥ် အကြိမ်ရေ ၈၀ ကျော်မှာ ဒေသခံ ပြည်သူ ၂၀ ကျော် ထိခိုက်သေဆုံးပြီး လူ ၆၀ ကျော် ဒဏ်ရာရကာ ကိုယ်အဂ်ါ အစိပ်အပိုင်းတွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့နယ် #ဘုရားတောင်ရွာ

Related posts

Leave a Comment

VOM News

FREE
VIEW