ဒီဇင်ဘာ ၊ ၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ပြင်စျေးမြောက်ဘက်ရပ် ၊ အမှတ် ၁ ရပ်ကွက်မှာနေထိုင်ပြီး ရွှေဘိုမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က တရားရုံးတွေမှာ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတဦးဟာ အမှုလိုက်ပါရာကနေ အပြန်လမ်းမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံနေတယ်လို့ စစ်ကိုင်းတိုင်း ရှေ့နေ အသိုင်းအဝိုင်းကနေ ဒီကနေ့ မနက်ပိုင်းက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၁ ရက် ၊နေ့လယ် ၂ နာရီလောက်က ကန့်ဘလူတရားရုံးကနေ အမှုလိုက်ပြီး ရွှေဘိုမြို့ကို အပြန်လမ်း ခင်ဦးမြို့နယ်နဲ့အဆက် ၊ သုံးဆယ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၅ ဖာလုံနေရာဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီကို လူရော ကားပါ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ် ၊…
Read MoreYear: 2022
ကိုရီးယားနှစ်နိုင်ငံကြား ရေကြောင်းကြားခံဇုန်ကို မြောက်ကိုရီးယားက အမြောက်နဲ့ အချက် ၁၃၀ ပစ်ခတ်
ဆိုးလ်၊ ဒီဇင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်နဲ့ အနောက်ဘက်ပိုင်းကို အမြောက်ကျည် အချက် ၁၃၀ နဲ့ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၅ ရက်မှာပြောပါတယ်။ ကိုရီးယားနှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ ရေကြောင်းကြားခံဇုန်အတွင်းကို လက်နက်နဲ့ ပစ်ခတ်ခြင်းမပြုဖို့ ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့က သဘောတူခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ အမြောက်ကျည်တွေနဲ့ ပစ်ခတ်မှုဟာ အဲဒီစစ်ရေးသဘောတူညီချက်ကို ပြတ်ပြတ်သားသားချိုးဖောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချလိုက်ပြီး ဒီလိုလုပ်နေတာတွေကို ချက်ချင်းရပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလို အမြောက်တွေနဲ့ပစ်ခတ်မှုဟာ တောင်ကိုရီးယားရဲ့စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်မှုအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ဂျပန်တို့က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအပေါ် လွန်ခဲ့တဲ့သီတင်းပတ်မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ Ref:NHK #voiceofmyanmar #VOM #ဆိုးလ်
Read Moreမုဒုံမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက် ဖမ်းမိ
ဒီဇင်ဘာ ၆ -၂၀၂၂ GG(VOM) မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က မနက် ၈နာရီလောက်မှာ ဖမ်းမိတာ။ စက်လှေဝမ်းဗိုက်ထဲမှာ လိုက်လာကြတာကို စစ်ဆေးတွေ့ရှိတာလို့သိရတယ်။ အခုတော့ဘတာဝန်ရှိသူတွေက ထိန်းသိမ်းထားတယ် “လို့ မုဒုံမြို့ခံပရဟိတသမားတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့နိုင်ငံသားအထောက်ထားမဲ့သူတွေဟာ မော်လမြိုင်မှာ နေထိုင်ဖို့ တရားမဝင်ဝင်ရောက်လာကြတာဖြစ်ပြီး စက်လှေကျောက်ချရပ်နားစဥ် ဖမ်း ဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံသားအထောက်အထားမဲ့ သူ ၇၈ ယောက်ထဲမှာ မိန်းကလေးက ၂၂ ယောက်၊ယောကျ်ားလေးက ၅၆ ယောက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို လ.ဝ.က ဥပဒေနဲ့အမှုဖွင့်အရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲစခန်းက ဆောင်ရွက်နေတယ်လို့သိရပါတယ်။ မနေ့ ဒီဇင်ဘာလ ၅ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊အမှတ် (၇) လမ်းမကြီးနဲ့ ငွေနံ့သာကျေးရွာအကြား တပင်ရွှေထီးလမ်းမပေါ် မှာ…
Read Moreလှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့်ပိတ်
ဒီဇင်ဘာ ၆-၂၀၂၂ GG (VOM ) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ကာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီး ဆိုင်ကယ်စီးခွင့်ပိတ်ထားပါရဲ့နဲ့ ဆိုင်ကယ်စီးနင်းတာကို ဖမ်းဆီးရမိပါက ဆိုင်ကယ်ကိုသိမ်းဆည်းမှာဖြစ်တယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးနေတယ်လို့ သိရပါတယ်။ ဆိုင်ကယ်စီးခွင့်စပိတ်တဲ့ ဒီကနေ့မနက်မှာပဲ လှိုင်သာယာမြို့နယ်က ရပ်ကွက်တွေအထဲထိ ဝင်ဖမ်းနေသလို လမ်းမကြီးတွေပေါ်မှာလည်း ဖမ်းဆီးမှုတွေလုပ်နေပြီလို့ သိရပါတယ်။ ” မနေ့က ညမှာ အုပ်ချုပ်ရေးမှူးအဖွဲ့က လိုက်အော်တယ် ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ စီးတာတွေ့ရင် အရေးယူမယ် ဆိုင်ကယ်သိမ်းမယ်တဲ့။ အရင်ကလည်းမစီးဖို့ပြောပေမယ့် အခုက တရားဝင်ပိတ်လိုက်တဲ့သဘောထင်တယ်၊ ဆိုင်ကယ်စီးခွင့်ပိတ်လို့တော့ ဘာအလုပ်မှလုပ်စားမရဘူး ၊ အရင်ရက်တုန်းက ဗုံးတွေဆင့်ပေါက်လို့ ပိတ်လိုက်တာလည်းဖြစ်နိုင်တယ် ။ဒီနေ့ရပ်ကွက်တွေထဲအထိ လိုက်ဖမ်းနေတာ။လမ်းမကြီးတွေမှာလည်းဖမ်းနေပြီ “လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်းကို တော့ ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက မနေ့ ဒီဇင်ဘာလ ၅ ရက် ညပိုင်းမှာ…
Read Moreမုံရွာမြို့ထဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၅ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက်ထဲမှာ ဒီဇင်ဘာ ၅ ရက် ၊ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသက် ၂၅ ဝန်းကျင် တယောက် ဦးခေါင်းပွင့်ထွက် သေဆုံးဒဏ်ရာနဲ့ ရုပ်အလောင်း တလောင်း ကောက်ခဲ့ရတယ် ၊ ကျည်ဆံထိမှန် ဒဏ်ရာရတဲ့သူ ၃ ဦးလည်းရှိတယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ မြို့တွင်း ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နတ်လူထိပ္ပန်ရပ်ကွက် ၊ မုံရွာ – မန္တလေးကားလမ်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့ကို…
Read Moreမုဒုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ ရာအိမ်မှူး သေ၊ ၃ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၅-၂၀၂၂ GG (VOM) မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရာအိမ်မှူးသေကာ လူ ၃ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အုပ်ချုပ်ရေးအဖွဲ့က စာရေးမဆိုသူပါဝင်ပြီး ကျန်၂ယောက်ကတော့ ရပ်ကွက်ရုံးကို အလုပ်ကိစ္စလာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၁၀ နာရီ ၄၅ လောက်မှာ ဗုံးပေါက်တယ် နောက်တော့ ၄ယောက်ဒဏ်ရာရလို့ ဆေးရုံခေါ်သွားတယ်၊ ခေါ်သွားကတည်းက၂ယောက်က ဒဏ်ရာပြင်းတယ်၊အဲ့ဒီပြင်းတဲ့အထဲ ရာအိမ်မှူးပါတယ် ဆေးရုံမှာသေတာလို့ ကြားပါတယ်”လို့ မုဒုံမြို့ခံတဦးကပြောပြပါတယ်။ ဗုံးပေါက်ကွဲပြီး ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီးစစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့သိရပြီး အဲ့ဒီဗုံးပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် အဲ့ဒီ မြို့မ၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဟာ အရင်ကလည်း ဗုံးဖောက်ခွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ သိရတယ်။…
Read Moreမလေးရှားသွားမယ့် မြန်မာ ၅၄ ဦး ထိုင်းနယ်စပ်မှာ အဖမ်းခံရ
ဘန်ကောက်၊ ဒီဇင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဆိုင်ယော့ခရိုင်စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ်သုံးစီးနဲ့လိုက်ပါလာတဲ့ တရားမ၀င်မြန်မာလုပ်သား ၅၃ ဦးကို ဒီဇင်ဘာ ၄ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းမိတဲ့ မြန်မာလုပ်သားတွေထဲမှာ အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါ၀င်ပြီး နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ ကချနာဘူရီ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။ မြန်မာလုပ်သားတွေဟာ စနေနေ့ကတည်းက ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာတာဖြစ်ပြီး မလေးရှားမှာ အလုပ်ရဖို့အတွက် ပွဲစားကို ဘတ် သုံးသောင်းခွဲကနေ လေးသောင်းထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းမိတဲ့မြန်မာလုပ်သားတွေကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူဖို့ ဆိုင်ယော့ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ထိုင်းလူမျိုး ကားသမားသုံးဦးကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့ကို ကားမောင်းပို့ခအတွက် လူပွဲစားက ဘတ်ခြောက်ထောင်စီပေးပြီး ငှားရမ်းခဲ့တာလို့ ကားသမားတွေက ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမ၀င်သွားရောက်တဲ့…
Read Moreနိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်နဲ့လျှောက်ထားမှု ခေတ္တ ရပ်ဆိုင်း
ဒီဇင်ဘာ ၅ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားရေး အွန်လိုင်းဘိုကင်စနစ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ ခေတ္တ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အွန်လိုင်းဘိုကင်စနစ်နဲ့ QR Code ယူပြီး ရက်ချိန်းရယူလျှောက်ထားခြင်းကို မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်ဖို့အတွက် ပြင်ဆင်ရေးဆွဲနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့အတွက် ရုံးကိုဝင်ခွင့်ရဖို့ ရက်ချိန်းယူတဲ့ QR code Online Booking စနစ်ဟာ လက်ရှိမှာ အဆင်မပြေမှုများစွာရှိနေပြီး ပွဲစားတွေရဲ့ တရားမဝင်ဈေးကွက်မှာ စျေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဆီက သိရပါတယ်။ “ဒီလောက်အသံတွေထွက်နေတာ QR စနစ်ကို ရပ်ဆိုင်းရုံမကဘူး ဝန်ထမ်းတွေပါ ချိန်းပစ်ရမှာ။ QR…
Read Moreခရမ်းမှာ အကြမ်းဖက်ဥပဒေနဲ့ မူလတန်းပြကျောင်း ဆရာ ၁ဦးထောင်ဒဏ် ၁၀ နှစ်ချခံရ
ဒီဇင်ဘာ၊ ၅-၂၀၂၂ MM(VOM) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က ကျောင်းဆရာ ၁ ယောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီစပ်သူဆီကနေ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာမှာ အရင်က ခရမ်းမြို့နယ် အ.ထ.က(ခွဲ) ကံဟောင်းကျေးရွာကျောင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ မူလတန်းပြဆရာ ဦးထက်မြက်အောင်ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာ ဦးထက်မြက်အောင်ကို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ဒီနှစ် ဖေဖော်ဝါရီ၂၃ ရက်နေ့က နေအိမ်မှာ ရှိနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ‘’ ထောင်ထဲမှ ၁၁ လကျော်နေပြီးမှ အမိန့်ချခံရတာ ၊ မနေ့က တရားရုံးက အမိန့်ချတာ ၊ အကြဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ချတာ ၊ CDM လှုပ်ရှားမှုမှာပါတယ်ဆိုပြီး အဖမ်းခံခဲ့ရတာ ၊ ဘာလို့ အကြမ်းဖက်ဥပဒေနဲ့ ထောင်ချခံရတာလည်းဆိုတာ နားမလည်တော့ဘူး၊…
Read Moreကလေးမြို့မှာ စစ်ဆေးမခံလို့ဆိုပြီး ဆိုင်ကယ်စီး လူငယ် ၂ ဦး ပစ်သတ်ခံရ
ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ ဒိုးဝိုင်းချောင်းကျေးရွာနားက စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လူငယ် ၂ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ကလေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒိုးဝိုင်းချောင်းရွာထိပ်မှာ ရွာရဲ့ ယာဥ်အဝင်အထွက်ကို စစ်ဆေးနေတဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့က ပစ်ခတ် ဖမ်းဆီးတာဖြစ်တယ် ၊ ဆိုင်ကယ်စီးလာပြီး ရပ်မပေးဘဲ မောင်းထွက်ပြေးတဲ့ လူငယ် ၂ ဦး ပစ်သတ်ခံရလို့ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ် ဖမ်းဆီးလို့ လူသေဆုံးရတာနဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” အများပြည်သူ…
Read More