ဒီဇင်ဘာ ၅-၂၀၂၂ GG (VOM) လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု၊အမှတ် (၇) လမ်းမကြီးနဲ့ ငွေနံ့သာကျေးရွာအကြား တပင်ရွှေထီးလမ်းမပေါ် မှာ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့သတင်းပေးချက်အရ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးနေသူတွေဟာ အသက် ၁၅ နှစ်၊၁၆ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ “ဘားလားရွာဘက်မှာ အလောင်းတွေ ၁၃ လောင်းတွေ့တာဟုတ်တယ် ကြားပါတယ်။ ပြောကြတာတော့ အသက်ရှုကြပ်သေတာဖြစ်နိုင်တယ် ၊ဘာဒဏ်ရာမှမတွေ့ရဘူးတဲ့ “လို့ လှည်းကူးမြို့နယ် ဒေသခံပရဟိတသမားတဦးကပြောပါတယ် ။ သေဆုံးသူတွေရဲ့ ခန္ဒာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရှိတာကြောင့် သူတို့ဟာ အလုံပိတ်ကားနဲ့ရန်ကုန်ကိုလိုက်ပါလာရင်း အောက်ဆီဂျင်ပြတ်ကာ အသက်ရှုကြပ်သေဆုံးကုန်တာကြောင့် အလောင်းတွေစွန့်ပစ်ခံခဲ့ရတာဖြစ်နိုင်ကြောင်း၊ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တင်ဆောင်လာတဲ့ ကားကိုတော့…
Read MoreYear: 2022
အင်ဒိုနီးရှားနိုင်ငံ ဆီမီရူမီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
ဂျကာတာ၊ ဒီဇင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆီမီရူမီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရပါတယ်။ မီးတောင်ပေါက်ကွဲမှု အရှိန်မြင့်လာတာနဲ့အမျှ အာဏာပိုင်တွေဟာလည်း မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို တိုးမြှင့်လိုက်ပြီး လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုမရှိသေးပါဘူး။ မီးတောင်ကနေ ချော်ရည်ပူတွေထွက်နေတာကြောင့် မီးတောင်ကနေ ငါးမိုင်အကွာမှာနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှု အဆင့်သုံးကနေ လေးထိ သတ်မှတ်လိုက်တာဟာ လူနေအိမ်တွေကိုပါ အန္တရာယ်ရှိလာနိုင်တာကြောင့်လို့ အင်ဒိုနီးရှား မီးတောင်နဲ့ဘူမိအန္တရာယ်လျော့ပါးရေး ဌာနက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီဖြစ်ပေါ်နိုင်ခြေနဲ့ပတ်သက်ပြီး ဂျပန်ကသတိပေးချက်ထုတ်ပြန်ထားပေမယ့် ပင်လယ်ပြင်မှာ ဒီရေလှိုင်း ပြောင်းလဲမှုမရှိကြောင်း ပညာရှင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏဆိုသလို မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ ပစိဖိတ်ငလျေင်ကြောပေါ်မှာတည်ရှိနေပြီး လွန်ခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref: BBC…
Read Moreထိုင်းနိုင်ငံကိုသွားမယ့်သူတွေ အလုပ်သမားသဘောတူစာချုပ်ချုပ်ဖို့ ရန်ကုန်ကို လာဖို့မလိုအပ်တော့
ဒီဇင်ဘာ ၅-၂၀၂၂ GG (VOM) ထိုင်းနိုင်ငံကို အလုပ်သမားပို့မယ့် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမားတွေ နေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းအလိုက်မှာ စာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုင်းကိုအလုပ်သွားလုပ်မယ့် အလုပ်သမားတွေအနေနဲ့ ငွေကုန် အချိန်ကုန်ခံပြီး မိမိနေထိုင်ရာ မြို့ကနေ ရန်ကုန်ကိုလာရောက်ဖို့မလိုအပ်တော့ဘူးလို့ သိရပါတယ်။ ” ကိုယ့်နေတဲ့နေရာနဲ့ အနီးဆုံးမှာ စာချုပ်ချုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့။ ရန်ကုန်သွားခ ကားခသက်သာမယ်၊ စားစရိတ်သက်မယ်၊နေစရိတ်ရောအကုန်သက်သာသွားပြီ။အိမ်ကလူတွေလည်း အကုန်လိုက်လေ့လာလို့ရတာပေါ့။ “လို့ ထိုင်းကိုသွားဖို့စောင့်နေသူတဦးက ပြောပါတယ်။ အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ပြည်နယ်နဲ့တိုင်းအလိုက်သတ်မှတ်လိုက်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်းမှာဆိုရင် မြောက်ဒဂုံက ခန်းမ၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက အလုပ်သမားတွေအတွက်က ဘားအံမြို့ ၊ပဲခူးတိုင်း အရှေ့ခြမ်းက ပဲခူးမြို့၊ပဲခူးအနောက်ခြမ်းက ပြည်မြို့၊ဧရာဝတီတိုင်းအတွက်က ပုသိမ်မြို့၊မန္တလေးနဲ့စစ်ကိုင်းတိုင်းအပါ ကချင်ပြည်နယ်အတွက်က မန္တလေး ၊ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွက်က ရှမ်းပြည်နယ်မှာပဲ စာချုပ်ချုပ်ရမှာဖြစ်ပြီး ရခိုင်နဲ့…
Read Moreတရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဝမ်တိန် ဖရဲကွင်းမှာ အရောင်းအဝယ် စလုပ်
ဒီဇင်ဘာ ၅၊ ၂၀၂၂ Sh V (VOM) တရုတ် – မြန်မာ နှစ်နိုင်ငံ အဓိက သစ်သီးတွေ အရောင်းအဝယ်လုပ်တဲ့ နှစ်နိုင်ငံနယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က သစ်သီး အရောင်းကွင်းမှာ တရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကစ အရောင်းအဝယ်ပြန်လုပ်နေပြီလို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဒီနေ့ကစပြီး တရုတ်ပြည်မ မြို့ကြီးအားလုံး လော့ခ်ဒေါင်း ဖြေလျှော့လိုက်ပါပြီ။ ဒီနေ့ကစ ဖရဲရောင်းတဲ့ နေရာမှာ အရောင်းဝယ် စလုပ်ပါတယ်။ တရုတ်ဘက်ထဲက မြို့ကြီး တော်တော်များများကို ကိုဗစ် မစစ်တော့ သလို ဖရဲ၊သခွားတွေကို တရုတ်ပြည်မဘက်က မြို့ကြီးတွေကို လွတ်လပ်စွာ သယ်ဆောင် ခွင့် ပြုလိုက်တာဖြစ်တယ်” လို့ မြန်မာဘက်က သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁…
Read Moreထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၁၄၀ ကျော် မီးရှို့ခံရ
ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ မနေ့ ဒီဇင်ဘာ ၄ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၁ နာရီလောက် ရွာနားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားတယ် ၊ တရွာလုံးက လူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီ အချိန်မှာ ရွာထဲက လူနေအိမ်တွေ မီးလောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာတော့ မသိရဘူး “လို့ ကျောက်အိုက်ရွာခံ တယောက်က ပြောပါတယ်။ ထီးချိုင့်မြို့နယ် ၊ ရွှေချောင်းကျေးရွာမှာနေတဲ့ ဒေသခံတယောက်က” မနေ့ မနက်ပိုင်းက ရွာနားမှာ…
Read Moreရခိုင်မှာ တိုက်ပွဲဖြစ်တိုင်း စက်သုံးဆီပြတ်လပ်မှုပြဿနာ ဘယ်လိုအဖြေရှာမလဲ
ဒီဇင်ဘာ ၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတမ်းဒေသတခုဖြစ်သလို တောင်တန်းဒေသတခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ခေတ်အဆက်ဆက် ရေကြောင်းခရီးကို မှီခိုအားထားပြီး ပြည်နယ်တွင်း ဒေသ တခုနဲ့တခုကြား ကူးလူးဆက်သွယ်သွားလာမှု တွင်တွင်ကျယ်ကျယ်ရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလ ယခင် အစိုးရလက်ထက်တွေမှာ ပြည်နယ်တွင်း ကုန်းလမ်းခရီးသွားလာရေးဟာလည်း ပြည်သူတွေအတွက် အခရာကျလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေအထိ ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းခရီးဆက်သွယ်ရေးဟာ လူထုကြား ထင်ထင်ပေါ်ပေါ်မရှိခဲ့ဘဲ ရေကြောင်းခရီးဆက်သွယ်ရေးကသာ အဓိကဖြစ်ခဲ့တာပါ။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလတခုမှာ ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးတွေ တဟုန်ထိုး တိုးတက်လာချိန် စက်သုံးဆီဟာလည်း ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် အရေးပါတဲ့ ကား၊ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ အထောက်အကူပြု လောင်စာအဖြစ် အရေးပါလာခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့မှာ အထောက်အကူပြုတဲ့ လောင်စာဆီကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ ၂၀၁၅…
Read Moreဆောင်းဦး ဆောင်းသစ် ဆောင်းဝတ် ဆောင်းထည်
ဆူးငှက် “ဘုံပျံနေနန်း၊ ပင်ခန်းစံမွေ့ လျှံငွေ့နှင့်စီစီ … ခွာပြာညိုလဲ့လန်း .. ငုံမြန်းဖူးတံချီ၊ ရီဝေဝေ … တိမ်ခြေမြလွှာ မှုန်မှုန်ငွေနှင်း … လေသွင်းစရာသီမှာ …” (မြဝတီမင်းကြီး ဦးစ) ဟိုး …ရှေးရှေးတုန်းကတော့ စည်မျက်နှာကဲ့သို့ ညီညာသော မြေပြင်အထက် တာဝတိံသာနတ်နန်းတမျှ တင့်တယ်လှသော မန္တလေးရတနာပုံရွှေမြို့တော် ကြီးပတ်လည်မှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ရေပြင်တို့ ဝန်းရံသည်။ ထိုထိုသော ရေအရင်းအမြစ်များကို တောင်မှမြောက် တူးမြောင်းများဖြင့် ရွှေမြို့တော်ကြီးကိုဖြတ်သန်းပြီး ရေပေးဝေရေးပြုလုပ်ခဲ့သည်။ သုံးစွဲလုံလောက်မှုမျှပင်မဟုတ်။ ဥတုသပ္ပာယ်မျှတအောင်လည်း စီမံသည့် သဘောဖြစ်သည်။ ထို့ကြောင့် ရွှေမြို့တော်တွင်း အရှေ့ဖျားမှ အနောက်ဖျားသို့ တူးမြောင်း၊ မြစ်ငယ်များ လုပ်အားဖြင့် စီမံရာတွင် လူနေထူထပ်၍ အရောင်းအဝယ်အချက်အချာ ဈေးချိုတော်ကြီးအနောက်ဘက်မှဖြတ်စီးသည့် ရွှေတချောင်းသည် ရွှေလောင်းရွှေလှေများ ဥဒဟိုဖြတ်သန်းသွားလာကာ အနောက်ဘက် သင်္ဂဇာရေပြင်အထိ တရစပ် ရှိနေခဲ့ကြသတဲ့။…
Read Moreပုသိမ်မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပိတ်လို့ အလုပ်သမားတွေအခက်တွေ့
ဒီဇင်ဘာ၊၃-၂၀၂၂ MM (VOM) အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၁) ရပ်ကွက်၊ တဲကြီးကုန်းလမ်းက Myanmar All Rich အထည်ချုပ်စက်ရုံကို ၂ လ ပိတ်သိမ်းမှာဖြစ်ပြီး စက်ရုံကို အလုပ်ဆင်းခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ Myanmar All Rich အထည်ချုပ်စက်ရုံကို အော်ဒါ အထည်မှာယူတာ မရှိလို့ဆိုပြီး ဒီဇင်ဘာ ၂၅ ရက်ကနေ စတင်ကာ နှစ်လပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို တစ်ကြိမ် ပြောဆိုခဲ့ပြီး အထည်ချုပ်စက်ရုံကို ဒီဇင်ဘာ ၁ ရက်ကနေစတင်လို့ အလုပ်ဆင်းခွင့်မပြုတော့တဲ့အတွက် အလုပ်သမားတွေ အခက်ဖြစ်ပေါ်နေတယ်လို့ အထည်ချုပ်အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။ ”အဲ့ဒီ့ Myanmar All Rich အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံပါ ၊ စက်ရုံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀…
Read Moreတွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားပေမယ့် ယူကရိန်းကတပ်တွေကို မရုပ်သိမ်းဘူးလို့ ရုရှားပြော
မော်စကို၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းပဋိပက္ခမှာ ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းတွေအတွက် ဆွေးနွေးပွဲတွေလုပ်ဖို့ လမ်းဖွင့်ထားပြီး သံတမန်နည်းလမ်းအရ အဖြေရှာနိုင်မယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတရုံးက ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားဘက်က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တခုတည်းသောနည်းလမ်းကတော့ ရုရှားတပ်တွေကို ရုပ်သိမ်းဖို့ဖြစ်ပြီး ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ပူတင်အနေနဲ့ ကြိုးပမ်းနေတယ်ဆိုရင် တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတက ပြောပါတယ်။ သမ္မတပူတင်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပေမယ့်လည်း ယူကရိန်းက တပ်တွေကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကပြောပါတယ်။ ယူကရိန်းအပေါ် စစ်ရေးအရ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နောင်တရစရာမရှိကြောင်း ပူတင်က ပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ပူတင်ဟာ နယ်ချဲ့တဲ့ပုံစံစစ်ဆင်နွှဲတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref: Reuters…
Read Moreအင်ဒိုနီးရှားမှာ လက်မထပ်ဘဲအတူနေရင် ထောင်ချအပြစ်ပေးမယ့် ဥပဒေပြဌာန်းတော့မယ်
ဂျကာတာ၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အတူနေတာကို ထောင်ဒဏ်တနှစ်ထိ ချမှတ်အပြစ်ပေးနိုင်တဲ့ ရာဇ၀တ်ဆိုင်ရာ ဥပဒေသစ်တရပ်ကို ပါလီမန်က ယခုလအတွင်း အတည်ပြုဖွယ်ရှိနေပါတယ်။ အဲဒီဥပဒေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပါလီမန်က အတည်ပြုနိုင်ကြောင်း ဥပဒေမူကြမ်းရေဆွဲရာမှာ ပါ၀င်တဲ့ လွှတ်တော်အမတ်တဦးက ပြောပါတယ်။ ဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ ပြည်ပနိုင်ငံသားတွေပါ အကြုံး၀င်မှာဖြစ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ပေးတာတွေကတော့ အာဏာပိုင်ဆီကို တိုင်တန်းမှုရှိမှသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသာအကြုံး၀င်မှာ ဖြစ်ပါတယ်။ လက်မထပ်ရသေးဘဲ အတူနေတာနဲ့ ပတ်သက်ပြီးမိဘတွေက တိုင်ကြားမှုပြုနိုင်ကြောင်း ဥပဒေကြမ်းမှာ ပါ၀င်ပါတယ်။ ယခင်ကဥပဒေမူကြမ်းကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဂျကာတာအပါအ၀င် နိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ လူသောင်းပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဂျကာတာ
Read More