ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၁၄၀ ကျော် မီးရှို့ခံရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ မနေ့ ဒီဇင်ဘာ ၄ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၁ နာရီလောက် ရွာနားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားတယ် ၊ တရွာလုံးက လူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီ အချိန်မှာ ရွာထဲက လူနေအိမ်တွေ မီးလောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာတော့ မသိရဘူး “လို့ ကျောက်အိုက်ရွာခံ တယောက်က ပြောပါတယ်။

ထီးချိုင့်မြို့နယ် ၊ ရွှေချောင်းကျေးရွာမှာနေတဲ့ ဒေသခံတယောက်က” မနေ့ မနက်ပိုင်းက ရွာနားမှာ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခံရတယ် ၊ ရွာကလူတွေလည်း နီးစပ်ရာတောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီနောက် လက်နက်ကြီးကျည်တွေ ရွာထဲကျလို့ ပေါက်ကွဲပြီး လူနေအိမ်တွေ မီးစွဲလောင်ကုန်တယ် ၊ အိမ်မွေးတိရစ္ဆာန်တွေ နဲ့ လယ်ယာလုပ်ငန်းသုံးး ကျွဲနွား တချို့ သေတာရှိတယ် ၊ လူအသေအပျောက်တော့ မရှိဘူး ၊ ကျောက်အိုက်ရွာနဲ့ ရွှေချောင်းရွာ ၂ ရွာပေါင်းရင် အိမ်ခြေ ၁၄၀ ကျော် မီးလောင်ပျက်စီးတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ကျောက်အိုက်ရွာနဲ့ ရွှေချောင်းရွာက လူနေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” နယ်မြေရှင်းလင်းရေး အဖွဲ့တွေရောက်တဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ ၂ ရွာပေါင်း အိမ်ခြေ ၁၄၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတယ် ၊ လူသေတာတော့ မရှိဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူနေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ သုံးရာဝန်းကျင် နဲ့ နိုဝင်ဘာ ၂၅ ရက်မှာ အရာတော်မြို့နယ်မှာ အိမ်ခြေ ၈၀ ကျော် မီးရှို့ခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW