နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်နဲ့လျှောက်ထားမှု ခေတ္တ ရပ်ဆိုင်း

ဒီဇင်ဘာ ၅ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားရေး အွန်လိုင်းဘိုကင်စနစ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ ခေတ္တ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အွန်လိုင်းဘိုကင်စနစ်နဲ့ QR Code ယူပြီး ရက်ချိန်းရယူလျှောက်ထားခြင်းကို မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်ဖို့အတွက် ပြင်ဆင်ရေးဆွဲနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့အတွက် ရုံးကိုဝင်ခွင့်ရဖို့ ရက်ချိန်းယူတဲ့ QR code Online Booking စနစ်ဟာ လက်ရှိမှာ အဆင်‌မပြေမှုများစွာရှိနေပြီး ပွဲစားတွေရဲ့ တရားမဝင်ဈေးကွက်မှာ စျေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဆီက သိရပါတယ်။ “ဒီလောက်အသံတွေထွက်နေတာ QR စနစ်ကို ရပ်ဆိုင်းရုံမကဘူး ဝန်ထမ်းတွေပါ ချိန်းပစ်ရမှာ။ QR…

Read More

ခရမ်းမှာ အကြမ်းဖက်ဥပဒေနဲ့ မူလတန်းပြကျောင်း ဆရာ ၁ဦးထောင်ဒဏ် ၁၀ နှစ်ချခံရ

ဒီဇင်ဘာ၊ ၅-၂၀၂၂ MM(VOM) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က ကျောင်းဆရာ ၁ ယောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီစပ်သူဆီကနေ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာမှာ အရင်က ခရမ်းမြို့နယ် အ.ထ.က(ခွဲ) ကံဟောင်းကျေးရွာကျောင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ မူလတန်းပြဆရာ ဦးထက်မြက်အောင်ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာ ဦးထက်မြက်အောင်ကို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ဒီနှစ် ဖေဖော်ဝါရီ၂၃ ရက်နေ့က နေအိမ်မှာ ရှိနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ‘’ ထောင်ထဲမှ ၁၁ လကျော်နေပြီးမှ အမိန့်ချခံရတာ ၊ မနေ့က တရားရုံးက အမိန့်ချတာ ၊ အကြဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ချတာ ၊ CDM လှုပ်ရှားမှုမှာပါတယ်ဆိုပြီး အဖမ်းခံခဲ့ရတာ ၊ ဘာလို့ အကြမ်းဖက်ဥပဒေနဲ့ ထောင်ချခံရတာလည်းဆိုတာ နားမလည်တော့ဘူး၊…

Read More

ကလေးမြို့မှာ စစ်ဆေးမခံလို့ဆိုပြီး ဆိုင်ကယ်စီး လူငယ် ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ ဒိုးဝိုင်းချောင်းကျေးရွာနားက စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လူငယ် ၂ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ကလေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒိုးဝိုင်းချောင်းရွာထိပ်မှာ ရွာရဲ့ ယာဥ်အဝင်အထွက်ကို စစ်ဆေးနေတဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့က ပစ်ခတ် ဖမ်းဆီးတာဖြစ်တယ် ၊ ဆိုင်ကယ်စီးလာပြီး ရပ်မပေးဘဲ မောင်းထွက်ပြေးတဲ့ လူငယ် ၂ ဦး ပစ်သတ်ခံရလို့ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ် ဖမ်းဆီးလို့ လူသေဆုံးရတာနဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” အများပြည်သူ…

Read More

လှည်းကူး ဘားလားကျေးရွာနားမှာ သေဆုံးနေတဲ့နိုင်ငံသားအထောက်ထားမဲ့သူ ၁၃ ယောက်တွေ့ရှိ

ဒီဇင်ဘာ ၅-၂၀၂၂ GG (VOM) လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု၊အမှတ် (၇) လမ်းမကြီးနဲ့ ငွေနံ့သာ​ကျေးရွာအကြား တပင်​ရွှေထီးလမ်းမ​ပေါ် မှာ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့သတင်းပေးချက်အရ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးနေသူတွေဟာ အသက် ၁၅ နှစ်၊၁၆ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ “ဘားလားရွာဘက်မှာ အလောင်းတွေ ၁၃ လောင်းတွေ့တာဟုတ်တယ် ကြားပါတယ်။ ပြောကြတာတော့ အသက်ရှုကြပ်သေတာဖြစ်နိုင်တယ် ၊ဘာဒဏ်ရာမှမတွေ့ရဘူးတဲ့ “လို့ လှည်းကူးမြို့နယ် ဒေသခံပရဟိတသမားတဦးကပြောပါတယ် ။ သေဆုံးသူတွေရဲ့ ခန္ဒာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရှိတာကြောင့် သူတို့ဟာ အလုံပိတ်ကားနဲ့ရန်ကုန်ကိုလိုက်ပါလာရင်း အောက်ဆီဂျင်ပြတ်ကာ အသက်ရှုကြပ်သေဆုံးကုန်တာကြောင့် အလောင်းတွေစွန့်ပစ်ခံခဲ့ရတာဖြစ်နိုင်ကြောင်း၊ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တင်ဆောင်လာတဲ့ ကားကိုတော့…

Read More

အင်ဒိုနီးရှားနိုင်ငံ ဆီမီရူမီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ဂျကာတာ၊ ဒီဇင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆီမီရူမီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရပါတယ်။ မီးတောင်ပေါက်ကွဲမှု အရှိန်မြင့်လာတာနဲ့အမျှ အာဏာပိုင်တွေဟာလည်း မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို တိုးမြှင့်လိုက်ပြီး လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုမရှိသေးပါဘူး။ မီးတောင်ကနေ ချော်ရည်ပူတွေထွက်နေတာကြောင့် မီးတောင်ကနေ ငါးမိုင်အကွာမှာနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှု အဆင့်သုံးကနေ လေးထိ သတ်မှတ်လိုက်တာဟာ လူနေအိမ်တွေကိုပါ အန္တရာယ်ရှိလာနိုင်တာကြောင့်လို့ အင်ဒိုနီးရှား မီးတောင်နဲ့ဘူမိအန္တရာယ်လျော့ပါးရေး ဌာနက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီဖြစ်ပေါ်နိုင်ခြေနဲ့ပတ်သက်ပြီး ဂျပန်ကသတိပေးချက်ထုတ်ပြန်ထားပေမယ့် ပင်လယ်ပြင်မှာ ဒီရေလှိုင်း ပြောင်းလဲမှုမရှိကြောင်း ပညာရှင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏဆိုသလို မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ ပစိဖိတ်ငလျေင်ကြောပေါ်မှာတည်ရှိနေပြီး လွန်ခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref: BBC…

Read More

ထိုင်းနိုင်ငံကိုသွားမယ့်သူတွေ အလုပ်သမားသဘောတူစာချုပ်ချုပ်ဖို့ ရန်ကုန်ကို လာဖို့မလိုအပ်တော့

ဒီဇင်ဘာ ၅-၂၀၂၂ GG (VOM) ထိုင်းနိုင်ငံကို အလုပ်သမားပို့မယ့် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမားတွေ နေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းအလိုက်မှာ စာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုင်းကိုအလုပ်သွားလုပ်မယ့် အလုပ်သမားတွေအနေနဲ့ ငွေကုန် အချိန်ကုန်ခံပြီး မိမိနေထိုင်ရာ မြို့ကနေ ရန်ကုန်ကိုလာရောက်ဖို့မလိုအပ်တော့ဘူးလို့ သိရပါတယ်။ ” ကိုယ့်နေတဲ့နေရာနဲ့ အနီးဆုံးမှာ စာချုပ်ချုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့။ ရန်ကုန်သွားခ ကားခသက်သာမယ်၊ စားစရိတ်သက်မယ်၊နေစရိတ်ရောအကုန်သက်သာသွားပြီ။အိမ်ကလူတွေလည်း အကုန်လိုက်လေ့လာလို့ရတာပေါ့။ “လို့ ထိုင်းကိုသွားဖို့စောင့်နေသူတဦးက ပြောပါတယ်။ အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ပြည်နယ်နဲ့တိုင်းအလိုက်သတ်မှတ်လိုက်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်းမှာဆိုရင် မြောက်ဒဂုံက ခန်းမ၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက အလုပ်သမားတွေအတွက်က ဘားအံမြို့ ၊ပဲခူးတိုင်း အရှေ့ခြမ်းက ပဲခူးမြို့၊ပဲခူးအနောက်ခြမ်းက ပြည်မြို့၊ဧရာဝတီတိုင်းအတွက်က ပုသိမ်မြို့၊မန္တလေးနဲ့စစ်ကိုင်းတိုင်းအပါ ကချင်ပြည်နယ်အတွက်က မန္တလေး ၊ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွက်က ရှမ်းပြည်နယ်မှာပဲ စာချုပ်ချုပ်ရမှာဖြစ်ပြီး ရခိုင်နဲ့…

Read More

တရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဝမ်တိန် ဖရဲကွင်းမှာ အရောင်းအဝယ် စလုပ်

ဒီဇင်ဘာ ၅၊ ၂၀၂၂ Sh V (VOM) တရုတ် – မြန်မာ နှစ်နိုင်ငံ အဓိက သစ်သီးတွေ အရောင်းအဝယ်လုပ်တဲ့ နှစ်နိုင်ငံနယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က သစ်သီး အရောင်းကွင်းမှာ တရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကစ အရောင်းအဝယ်ပြန်လုပ်နေပြီလို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဒီနေ့ကစပြီး တရုတ်ပြည်မ မြို့ကြီးအားလုံး လော့ခ်ဒေါင်း ဖြေလျှော့လိုက်ပါပြီ။ ဒီနေ့ကစ ဖရဲရောင်းတဲ့ နေရာမှာ အရောင်းဝယ် စလုပ်ပါတယ်။ တရုတ်ဘက်ထဲက မြို့ကြီး တော်တော်များများကို ကိုဗစ် မစစ်တော့ သလို ဖရဲ၊သခွားတွေကို တရုတ်ပြည်မဘက်က မြို့ကြီးတွေကို လွတ်လပ်စွာ သယ်ဆောင် ခွင့် ပြုလိုက်တာဖြစ်တယ်” လို့ မြန်မာဘက်က သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁…

Read More

ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၁၄၀ ကျော် မီးရှို့ခံရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ မနေ့ ဒီဇင်ဘာ ၄ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၁ နာရီလောက် ရွာနားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားတယ် ၊ တရွာလုံးက လူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီ အချိန်မှာ ရွာထဲက လူနေအိမ်တွေ မီးလောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာတော့ မသိရဘူး “လို့ ကျောက်အိုက်ရွာခံ တယောက်က ပြောပါတယ်။ ထီးချိုင့်မြို့နယ် ၊ ရွှေချောင်းကျေးရွာမှာနေတဲ့ ဒေသခံတယောက်က” မနေ့ မနက်ပိုင်းက ရွာနားမှာ…

Read More

ရခိုင်မှာ တိုက်ပွဲဖြစ်တိုင်း စက်သုံးဆီပြတ်လပ်မှုပြဿနာ ဘယ်လိုအဖြေရှာမလဲ

  ဒီဇင်ဘာ ၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတမ်းဒေသတခုဖြစ်သလို တောင်တန်းဒေသတခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ခေတ်အဆက်ဆက် ရေကြောင်းခရီးကို မှီခိုအားထားပြီး ပြည်နယ်တွင်း ဒေသ တခုနဲ့တခုကြား ကူးလူးဆက်သွယ်သွားလာမှု တွင်တွင်ကျယ်ကျယ်ရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလ ယခင် အစိုးရလက်ထက်တွေမှာ ပြည်နယ်တွင်း ကုန်းလမ်းခရီးသွားလာရေးဟာလည်း ပြည်သူတွေအတွက် အခရာကျလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေအထိ ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းခရီးဆက်သွယ်ရေးဟာ လူထုကြား ထင်ထင်ပေါ်ပေါ်မရှိခဲ့ဘဲ ရေကြောင်းခရီးဆက်သွယ်ရေးကသာ အဓိကဖြစ်ခဲ့တာပါ။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလတခုမှာ ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးတွေ တဟုန်ထိုး တိုးတက်လာချိန် စက်သုံးဆီဟာလည်း ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် အရေးပါတဲ့ ကား၊ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ အထောက်အကူပြု လောင်စာအဖြစ် အရေးပါလာခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့မှာ အထောက်အကူပြုတဲ့ လောင်စာဆီကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ ၂၀၁၅…

Read More

ဆောင်းဦး ဆောင်းသစ် ဆောင်းဝတ် ဆောင်းထည်

ဆူးငှက် “ဘုံပျံနေနန်း၊ ပင်ခန်းစံမွေ့ လျှံငွေ့နှင့်စီစီ … ခွာပြာညိုလဲ့လန်း .. ငုံမြန်းဖူးတံချီ၊ ရီဝေဝေ … တိမ်ခြေမြလွှာ မှုန်မှုန်ငွေနှင်း … လေသွင်းစရာသီမှာ …” (မြဝတီမင်းကြီး ဦးစ) ဟိုး …ရှေးရှေးတုန်းကတော့ စည်မျက်နှာကဲ့သို့ ညီညာသော မြေပြင်အထက် တာဝတိံသာနတ်နန်းတမျှ တင့်တယ်လှသော မန္တလေးရတနာပုံရွှေမြို့တော် ကြီးပတ်လည်မှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ရေပြင်တို့ ဝန်းရံသည်။ ထိုထိုသော ရေအရင်းအမြစ်များကို တောင်မှမြောက် တူးမြောင်းများဖြင့် ရွှေမြို့တော်ကြီးကိုဖြတ်သန်းပြီး ရေပေးဝေရေးပြုလုပ်ခဲ့သည်။ သုံးစွဲလုံလောက်မှုမျှပင်မဟုတ်။ ဥတုသပ္ပာယ်မျှတအောင်လည်း စီမံသည့် သဘောဖြစ်သည်။ ထို့ကြောင့် ရွှေမြို့တော်တွင်း အရှေ့ဖျားမှ အနောက်ဖျားသို့ တူးမြောင်း၊ မြစ်ငယ်များ လုပ်အားဖြင့် စီမံရာတွင် လူနေထူထပ်၍ အရောင်းအဝယ်အချက်အချာ ဈေးချိုတော်ကြီးအနောက်ဘက်မှဖြတ်စီးသည့် ရွှေတချောင်းသည် ရွှေလောင်းရွှေလှေများ ဥဒဟိုဖြတ်သန်းသွားလာကာ အနောက်ဘက် သင်္ဂဇာရေပြင်အထိ တရစပ် ရှိနေခဲ့ကြသတဲ့။…

Read More
VOM News

FREE
VIEW