ပျုစောထီးခေါင်းဆောင် ပစ်ခတ်ခံရတဲ့ဖြစ်စဥ်အတွင်း ဖမ်းခံရသူ ၃၀ ကျော်ထဲက ဆရာဝန်အပါအဝင် ၂ ဦး အမှုဖွင့်ခံရပြီး ကျန်သူတွေပြန်လွတ်လာ

နိုဝင်ဘာ၊ ၁၆-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာ ပျူစောထီး ခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရတဲ့သူ ၃၀ ကျော်ထဲက ဆရာဝန် ၁ ယောက် အပါအဝင် ၂ ယောက် အမှုဖွင့်ခံရပြီး ကျန်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ပျူစောထီးခေါင်းဆောင် ခေါလေး ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ ကဆည်းစိမ် ရှင်စားသောက်ဆိုင် အနီးမှာအမည်မသိတဲ့ သေနတ်သမားတွေကပစ်ခတ်ခံခဲ့ရ တာဖြစ်ပါတယ်။ ပျူစောထီးခေါင်းဆောင် ခေါလေး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ ဆရာဝန် ၁ယောက် ၊ တက္ကသိုလ် ကျောင်းသူ ၂ ယောက် အပါအဝင်လူ ၃၀ ကျော်ကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲက…

Read More

ကန့်ဘလူမြို့နယ်မှာ လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အကြားမှာရှိတဲ့ ကျေးရွာတချို့မှာ အခုလ ၁၂ ရက်ကနေ ဒီကနေ့အထိ ၅ ရက်အတွင်း လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “ပင့်သာ (တည်ပင်)ရွာမှာက လူနေအိမ် ၃၄ လုံးနဲ့ စပါးကျည် အဆောက်အဦ၂ လုံး ၊ ရှမ်းကုန်းရွာမှာ လူနေအိမ် ၅ လုံးနဲ့ အင်းမရွာမှာက လူနေအိမ် ၇၉ လုံး မီးလောင်ပျက်စီးခဲ့တာဖြစ်တယ် ၊ အဲ့ဒီရွာတွေက ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ မီးဘယ်သူရှို့တယ်ဆိုတာ မသိကြဘူး “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၁၅…

Read More

နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွား နေရာအသစ်တွေ ဖော်ဆောင်နေခြင်းက ဟန်ပြလုပ်ရပ်သာဖြစ်

နိုဝင်ဘာ ၁၆ – ၂၀၂၂ SN (VOM) နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေခြင်းက နစကရဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ နိုင်ငံအရေး သုံးသပ်သူတချို့က ပြောပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဒါးပိန်ပန်းပုကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေသလို ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိတဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က သံဘိုရွာကို ပုဂံဒေသနဲ့ တဆက်တည်းသွားနိုင်မယ့် ခရီးစဉ်အဖြစ် ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်လျက်ရှိပြီး အခြားနေရာတွေကိုလည်း ခရီးစဉ်သစ်တွေ ဆက်လက်‌ဖော်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။ “အခုအခြေနေနဲ့ စိတ်အေးလက်အေး ဘယ်သူမှမသွားနိုင်ဘူး။ တချို့ အပျော်သက်သက်မဟုတ်ဘဲ အခုအချိန် ခရီးထွက်နေတယ်ဆိုတာတောင် ဒီအချိန်မှာ မလွှဲသာလို့ သွားနေကြရတာ။ အပျော်ခရီးကတော့ တော်ရုံ ဘယ်သူမှ မသွားရဲကြဘူး။ နယ်မြေ လုံခြုံမှုမရှိဘူး၊ ဘယ်နေရာမှ မအေးချမ်းဘူးလေ။ အပျော်ခရီးသွားကြတယ်ဆိုတာလည်း လူနည်းစုလောက်ပဲ။ ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေတယ်ဆိုတာကလည်း ရုပ်ပြသက်သက်၊ သူတို့လက်ပါးစေတွေရဲ့ဟန်ပြလုပ်ရပ်ပါပဲ” လို့ နိုင်ငံ့အရေး…

Read More

“ရည်းစားလေးတစ်ယောက်တော့လိုနေတာပေါ့ ” အမည်နဲ့ဖေ့စ်ဘုတ်အကောင့်တုဖွင့်ပြီး အလုပ်ပေးမယ်လို့ လိမ်ခေါ်သူကိုဖမ်းမိ

နိုဝင်ဘာ ၁၅-၂၀၂၂ CT(VOM) စစ်ကိုင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ပေးမယ်လို့ဆိုပြီး “ရည်းစားလေးတစ်ယောက်တော့လိုနေတာပေါ့”အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်ဖွင့်ပြီး လူ ၁၉ ယောက် လိမ်ခေါ်သူကို မနေ့နိုဝင်ဘာ၁၄ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ပုံစံနဲ့ စစ်ကိုင်းမှာ အလုပ်ပေးမယ်ဆိုကာ စစ်ကိုင်းမြို့ရှိအမည်မဖော်လိုတဲ့ ကားဂိတ်ကနေခေါ်ပြီး စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရား အနီးက လူရှင်းတဲ့နေရာမှာ ပိုက်ဆံတောင်းရာ မပေးတာကြောင့် ဓါးနဲ့ထောက် ခြိမ်းခြောက်ငွေတောင်းနေချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။ “အဲ့ဒီလူက အဲ့ဒီလိုလိမ်တာ ၁၉ယောက်ရှိပြီ ၉ယောက်ကတော့ ထုံးဘိုရပ်ကွက်အနီးက ဘုရားနား ထားသွားတာ၊ ကျန်တဲ့၁၀ယောက်ကတော့ ဇေယျာကွက်သစ်မှာထားသွားတာ၊ အလိမ်ခံရတဲ့သူတွေကိုလည်း ကျနော်တို့ပရဟိတအဖွဲ့ကနေ ကူညီခေါ်ယူပြီး မိသားစုကို အကြောင်းကြားပေးခဲ့တယ်လို့”ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေးနဲ့အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “စစ်ကိုင်းမြို့မှာ အလုပ်ပေးမယ်လို့လိမ်ခေါ်ပြီး ငွေယူကာထားသွားတာတွေ မကြာခဏဖြစ်နေတာကြောင့် စစ်ကိုင်းခရိုင်မှူးညွန်ကြားချက်နဲ့ အသွင်ယူဖမ်းဆီးခဲ့တယ်၊ အဲ့ဒီလူ စစ်ကိုင်း ရွှေမင်းဝံရပ်ကွက်မှာ အိမ်ငှားနေတာ မှတ်ပုံတင်၂ခုကိုင်ထားတာ ကွင်းဆက်လိုက်ကြည့်တော့ အရင်က…

Read More

မလေးရှားသွားမယ့် ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒိုနီးရှားမှာ သောင်တင်နေ

ဂျကာတာ၊ နို၀င်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) အမျိုးသမီးနဲ့ ကလေးငယ်တွေအပါ၀င် ရိုဟင်ဂျာဒုက္ခသည် ၁၁၁ ဦးကို တင်ဆောင်လာတဲ့ စက်လှေတစင်းဟာ အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း အာချေးပြည်နယ်ကမ်းရိုးတန်းကို နို၀င်ဘာ ၁၅ ရက်မှာ ရောက်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒေသခံတံငါသည်တွေဟာ Meunasah Baro ကျေးရွာအနီးမှာ ဒုက္ခသည်တွေကို တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ထဲမှာ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၂၇ ဦးနဲ့ ကလေးငယ် ၁၈ ဦးတို့ပါ၀င်တယ်လို့ အာချေးပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒုက္ခသည်တွေဟာ စာလောင်မွတ်သိပ်နေကြပြီး ကျန်းမာရေးမကောင်းသူများလည်း ပါ၀င်တာကြောင့်သူတို့ကို ကျေးရွာအနီးမှာ နေရာချထားပေးပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ အာချေးပြည်နယ်ကမ်းရိုးတန်းမှာ စက်လှေသောင်မတင်ခင် သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့ ရည်မှန်းထားကြောင်း ဒုက္ခသည်တွေထဲက တဦးဖြစ်သူ မိုဟာမက်အမင်က ပြောပါတယ်။ မတ်လအတွင်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ထဲမှာ ရိုဟင်ဂျာဒုက္ခသည် ၁၁၄…

Read More

မြန်မာအာဏာပိုင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲ မထောက်ခံဘူးလို့ မလေးရှားပြော

ကွာလာလမ်ပူ၊ နို၀င်ဘာ ၁၅-၂၀၂၂ မျိုးဆက်(VOM) မြန်မာအာဏာပိုင်တွေက ကျင်းပမယ်လို့ ကတိပြုထားတဲ့ မြန်မာ့ရွေးကောက်ကို မထောက်ခံဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဒါတွတ်ဆီရိဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။ ဘက်လိုက်တယ်လို့ ရှုမြင်ရပြီး အခြားအတိုက်အခံအဖွဲ့တွေက သဘောတူခြင်းမရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို မြန်မာအာဏာပိုင်တွေက ပြင်ဆင်ခဲ့တာကြောင့်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ အရင်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ပြီး လွတ်လပ်မျှတကြောင်း အသိအမှတ်ပြုထားတာကြောင့် မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲဟာ ကျင့်၀တ်အရ မမှန်ကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ပါတီကို ပါလီမန်မခေါ်ခင်မှာ အာဏာပိုင်တွေက အာဏာလွှဲပြောင်းယူလိုက်တာကြောင့် ကျင်းပမယ်လို့ကတိပြုထားတဲ့ ရွေးကောက်ပွဲကို မလေးရှားနဲ့ အာဆီယံအတွက် လုံး၀ယုတ္တိမတန်ကြောင်း သူကပြောပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေး ၊ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေးအတွက် တက်ကြွစွာဦးဆောင်နေတဲ့ အာဆီယံနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ Ref: Coconuts #voiceofmyanmar #VOM…

Read More

အဆိုတော် စောဖိုးခွားနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်လာ

နိုဝင်ဘာ ၁၅ – ၂၀၂၂ SN (VOM) အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး (ခ) ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ဟာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာပဲ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ပြန်လွတ်လာတာ မှန်ပါတယ်။ ဒီမနက်ကပါပဲ။ အိမ်ပြန်ရောက်နေပါပြီ”လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ သူတို့နှစ်ဦးလုံးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂ နှစ်၊ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ်…

Read More

အမေရိကန်သမ္မတ၊ တရုတ်သမ္မတတို့နဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန် ကိုဗစ်ကူးစက်ခံနေရ

ဖနွမ်းပင်၊ နို၀င်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နို၀င်ဘာ ၁၅ ရက်ကစတင်ပြီး ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ရန်အစီအစဉ် ဖျက်သိမ်းလိုက်ရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကမ္ဘောဒီးယားနိုင်ငံ မှာကျင်းပခဲ့တဲ့ အာဆီယံဆက်စပ်ထိပ်သီးဆွေးနွေးပွဲတွေ လက်ခံကျင်းပပြီးနောက် ရက်ပိုင်းအကြာမှာ ဟွန်ဆန်ဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာဖြစ်ပါတယ်။ အာရှရဲ့ သက်တမ်းအရှည်ဆုံး အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်ဟာ ဂျီ-၂၀ အစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားကို ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါလက္ခဏာတွေ မပြဘူးလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဟွန်ဆန်ဟာ နို၀င်ဘာ ၁၃ ရက်ကကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ ခေါင်းဆောင်တွေနဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါဘယ်အချိန်မှာ ကူးစက်ခဲ့ကြောင်း…

Read More

သာယာဝတီမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ယောက် ပစ်သတ်ခံရ

  နိုဝင်ဘာ ၁၅-၂၀၂၂ GG(VOM) ပဲခူးတိုင်း အနောက်ပိုင်း၊သာယာဝတီမြို့နယ်ထဲက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရသူတွေက အိုက်ကဒုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ဆိုသူနဲ့ မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး ကြီးမြင့်တို့ဖြစ်ပြီးသူတို့ကို မနေ့ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း မြို့နယ်စိုက်ပျိုးရေးဘဏ်က အပြန်လမ်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သုံးဆယ်-ဖိုးခေါင်လမ်း ညောင်နီကုန်းရွာနဲ့ရေလဲရွာကြားမှာ သေနတ်နဲ့ပစ်ခံရတာ။ဖြစ်တာက ညနေ ၆ နာရီလောက် စိုက်ပျိုးရေးဘဏ်ကနေ အပြန်မှာ ပစ်ခံရတာ ။တယောက်က ၂ ချက်၊ တယောက်က ၃ ချက်ထိတယ် ၊အကုန်သေတယ် “လို့ သာယာဝတီမြို့ခံတဦးကပြောပါတယ်။ အသတ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်လုံးဟာ နစက လက်ထက်မှာ အသစ်ခန့်အပ်ထားသူတွေဖြစ်ပြီး အသတ်ခံရပြီးနောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးမှူတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူး နှစ်ယောက်ပစ်ခတ်မှုကိုတော့ သာယာဝတီဂဠုန်တပ်ဖွဲ့က…

Read More

ကမ္ဘာ့လူဦးရေ စုစုပေါင်း (၈) ဘီလီယံထိ ရှိလာ၊ လူဦးရေအများဆုံးနိုင်ငံအဖြစ် အိန္ဒိယက တရုတ်ကို ကျော်တက်ဖွယ်ရှိ

ကုလသမဂ္ဂ၊ နို၀င်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့လူဦးရေစုစုပေါင်း နို၀င်ဘာ ၁၅ ရက်မှာ ရှစ်ဘီလီယံထိ ရှိလာကြောင်း ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပြီး အိန္ဒိယနဲ့ အာဖရိကနိုင်ငံတွေမှာ တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ လူသားတို့ရဲ့ ပျှမ်းမျှသက်တမ်းရှည်လာခြင်း၊ မိခင်ဲ့ကလေးသေဆုံးမှု ကျဆင်းလာခြင်းတို့ကြောင့် လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ကမ္ဘာ့လူဦးရေ ၁ ဘီလီယံတိုးလာခဲ့ကြောင်း ကုလသမဂ္ဂကဆိုပါတယ်။ တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံအချို့မှာ လူဦးရေးသိသိသာသာ တိုးပွားလာပြီး အိန္ဒိယနိုင်ငံကတော့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အာဖရိကနိုင်ငံတွေကတော့ ၂၀၅၀ ပြည့်နှစ်အထိ ခန့်မှန်းထားတဲ့ ကမ္ဘာ့လူဦးရေတိုးတက်မှုရဲ့ ထက်၀က်ကျော်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်အပါ၀င် နိုင်ငံ ၆၁ နိုင်ငံရဲ့ လူဦးရေဟာ ကလေးမွေးဖွားမှုနိမ့်ပါးခြင်းကြောင့် အဆိုပါနှစ်တွေအတွင်း လူဦးရေကျဆင်းဖွယ်ရှိနေပါတယ်။ ကမ္ဘာ့လူဦးရေဟာ ၂၀၈၀ ပြည့်နှစ်မှာ ၁၀ ဒသမ ၄ ဘီလီယံထိ…

Read More
VOM News

FREE
VIEW