မုံရွာမှာ စစ်သား(၁)ယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၉ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သလ္လာရပ်ကွက် ၊ ဗိုလ်တစ်ထောင်လမ်းမှာ မနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ကားပေါ်ကနေ ပစ်ခတ်သွားတဲ့အတွက် စစ်သား တယောက် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက် ၈ နာရီဝန်းကျင်မှာ သလ္လာရပ်ကွက်ထဲက ဗိုလ်တစ်ထောင်လမ်းမှာ ဖြစ်တာပါ ၊ ဗိုလ်တစ်ထောင်လမ်းအတိုင်း တောင်ကနေ မြောက်ကို မောင်းလာတဲ့ အိမ်စီး CRV ကားပေါ်ကနေ လမ်းလုံခြုံရေး လုပ်နေတဲ့အဖွဲ့ကို ပစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ စစ်သား တယောက် ကျည်ဆံထိမှန် သေဆုံးတာ ဖြစ်တယ်”လို့ မျက်မြင်တွေ့လိုက်ရသူ တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လမ်းလုံခြုံရေး အဖွဲ့ ပစ်ခံရတာဖြစ်တယ် ၊ စစ်သားတယောက်ကျတယ်”လို့ပြောပါတယ်။

မုံရွာမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာနယ်မြေရဲစခန်းက ကင်းလှည့်နေတဲ့ နယ်ထိန်းရဲအဖွဲ့ရဲ့ကား နန္ဒဝန်ရပ်ကွက်ထဲမှာ ပစ်ခတ်ခံရပြီး နယ်ထိန် ရဲ ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #စစ်သားတဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW