ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှု ဆယ်စုနှစ်တွေအတွင်း ပြန်လည်ကောင်းမွန်လာဖွယ်ရှိ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်ဖို့ လူသားများရဲ့ ဆောင်ရွက်မှုတွေဟာ မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆယ်စုနှစ်တွေအတွင်း အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၉ရက်မှာ ပြောပါတယ်။ အိုဇုန်းလွှာကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုခြင်းကိုရပ်တန့်ဖို့ ၁၉၈၇ ခုနှစ်ရရှိခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တခုအောင်မြင်ခဲ့ခြင်းက အိုဇုန်းလွှာပြန်လည်ကောင်းမွန် လာစေနိုင်တဲ့ အကြောင်းရင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏အကဲဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ အိုဇုန်းလွှာဟာ လူသားတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ နေရောင်ခြည်မှာပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူပေးတဲ့ ကမ္ဘာ့လေထုရဲ့ ပါးလွှာတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အိုဇုန်းလွှာပျက်စီးသွားတဲ့ခါ ခရမ်းလွန်ရောင်ခြည်ဟာ ကမ္ဘာမြေပေါ်ကို တိုက်ရိုက်ရောက်ရှိပြီး လူသားတွေနဲ့အခြားသက်ရှိမျိုးစိတ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဒီအင်န်အေကို ပျက်စီးစေပြီး နေလောင်ခြင်းတွေကို ဖြစ်ပေါ်စေကာ အရေပြားကင်ဆာလိုမျိုး ရေရှည်ပြသနာတွေဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။ အိုဇုန်းလွှာဟာ ၁၉၇၀ ပြည့်နှစ်တွေက စတင်ပျက်စီးခဲ့ကြောင်း သုတေသီတွေကပြောပါတယ်။ Ref:BBC #voiceofmyanmar #VOM #ကုလသမဂ္ဂ

Read More

ဘရာဇီးလွှတ်တော်ကို ၀င်ရောက်စီးနှင်းမှု လူ ၁၅၀၀ ကိုဖမ်းဆီးထိန်းသိမ်းထား

ဘရာဆီးလီးယား၊ ဇန်နဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံမှာ လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ တရားရုံးချုပ်တို့ကို ၀င်ရောက်စီးနှင်းမှုနဲ့ပတ်သက်ပြီး လူ ၁၅၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သမ္မတ လူလာဒါဆေးလ်ဗားက ပြောပါတယ်။ သမ္မတဟောင်း ဘော်ဆိုနာရိုကို ထောက်ခံသူတွေဟာ အစိုးရအဆောက်အအုံတွေကိုလည်း ချိုးဖောက်၀င်ရောက်ပြီး ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေတယ်ဆိုတာကို သိရှိဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ သမ္မတလူလာက ပြောပါတယ်။ အဖြစ်အပျက်ကို ခရေစေ့တွင်းကျ စစ်ဆေးမှာဖြစ်သလို ငွေကြေးဘယ်သူထောက်ပံ့တယ်ဆိုတာကိုလည်း စုံစမ်းသွားမယ်လို့ သူကပြောပါတယ်။ သမ္မတလူလာကို ထောက်ခံသူတွေကလည်း ဇန်နဝါရီ ၉ ရက်က နိုင်ငံတ၀န်းမှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ပြီး သမ္မတဟောင်း ဘော်ဆိုနာရိုကို ထောင်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကိုရောက်နေတဲ့ သမ္မတဟောင်း ဘော်ဆိုနာရိုတယောက်လည်း ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်နေရကြောင်း ဇနီးဖြစ်သူက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: NHK #voiceofmyanmar #VOM…

Read More

စင်ကာပူကနေ မြန်မာပြည်ပြန်လာတဲ့ အမျိုးသမီး သတ်ဖြတ်ခံရပြီး ရွှေ၊ ငွေများ လုယက်ခံရ

ဇန်နဝါရီ ၁၀ – ၂၀၂၃ SN (VOM) စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတဦး မြန်မာပြည်ပြန်လာပြီး ရည်းစားဖြစ်သူနဲ့ လှိုင်သာယာမြို့နယ်အတွင်းရှိ တည်းခိုခန်းတခုမှာ ချိန်းဆိုတွေ့ဆုံခဲ့ပြီးနောက် ဓါးနဲ့ထိုးသတ်ခံရကာ ပါလာတဲ့ ရွှေ၊ ငွေတွေနဲ့ ဖုန်း လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မနှင်းဝေလှိုင် (ခ) မလပြည့်ဟာ မြန်မာနိုင်ငံက မိဘတွေနဲ့ ဆွေမျိုးတွေကို အသိမပေးဘဲ ဇန်နဝါရီ ၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီးနောက် လှိုင်သာယာမှာနေထိုင်တဲ့ ရည်းစားဖြစ်သူ ကိုအောင်သူရိန်နဲ့အတူ လှိုင်သာယာ၊ စက်မှုဇုန် (၁)၊ တပင်ရွှေထီး တာဝါအနီးမှာရှိတဲ့ တည်းခိုခန်းတခုကို လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာတော့ အဲ့ဒီတည်းခိုးခန်းကနေ ကိုအောင်သူရိန်တဦးတည်း ပြန်ထွက်သွားပြီး နောက်‌တရက် ဇန်နဝါရီ ၇ ရက်နေ့မှာ မနှင်းဝေလှိုင်(ခ) မလပြည့်ကို…

Read More

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်း၀န်ကြီးချုပ်က ထောက်ခံသူတွေထောင်ထားတဲ့ ပါတီသစ်နဲ့ ပူးပေါင်း

ဘန်ကောက်၊ ဇန်နဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နောက်ထပ်၀န်ကြီးချုပ်သက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် သူ့ကိုထောက်ခံသူတွေတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီသစ်ကို ၀င်ရောက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။ သူ့အနေနဲ့ အခွင့်အရေးရရှိလာပါက နိုင်ငံအတွင်းကြုံတွေ့နေရတဲ့ ပြသနာများစွာကို ဆက်လက်ကိုင်တွယ်ဖြေရှင်းလိုကြောင်း ညီညွှတ်သောထိုင်းအမျိုးသားပါတီရဲ့ ဇန်န်ဝါရီ ၉ ရက်မှာ ပြုလုပ်တဲ့ ညီလာခံမှာ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာက ပြောပါတယ်။ မေလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါတီရဲ့၀န်ကြီးချုပ်လောင်းဖြစ်ဖို့ ရည်မှန်းထားကြောင်း သူကပြောပါတယ်။ စစ်တပ်အကြီးအကဲဟောင်းဖြစ်သူ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ သူဟာ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ရဲ့ ဒုတိယသမီးဖြစ်သူ ပါတွန်တန်ရှင်နာ၀ပ်ထရာဟာ အတိုက်အခံထိပ်တန်းအင်အားစုဖြစ်တဲ့ ဖြူထိုင်းပါတီ၀င်တဦးဖြစ်ပြီး အာဏာရယူဖို့ ရည်မှန်းနေပါတယ်။ ဖြူထိုင်းပါတီက သူ့ကိုတရား၀င်အမည်စာရင်းမသွင်းရသေးပေမယ့်လည်း စစ်တမ်းတွေအရ သူဟာ ဦးစားပေး၀န်ကြီးချုပ်လောင်းများစာရင်းမှာ ရပ်တည်နေပါတယ်။ Ref: NHK…

Read More

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ လူပေါင်း ၈၈ ဒသမ ၅ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ခံနေရ

ပေကျင်း၊ ဇန်နဝါရီ-၁ဝ-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ တတိယမြောက်လူဦးရေအများဆုံး ဟီနန်ပြည်နယ်ရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရကြောင်း ဒေသခံကျန်းမာရေးတာ၀န်ရှိသူတွေက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။ ပြည်နယ်အတွင်း လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၈ ဒသမ ၅ သန်း ကူးစက်ခံနေရကြောင်း ပြည်နယ်တာ၀န်ရှိသူ ကန်ကွင်ချန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလိုကူးစက်မှုတွေဟာ ဘယ်အချိန်ကဖြစ်ပွားတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ကိုဗစ်သုညမူဝါဒဟာ ရောဂါဖြစ်ပွားမှုကို အနည်းဆုံးဖြစ်အောင်ထိန်းထားတာကြောင့် ပြည်နယ်အတွင်း လက်ရှိကူးစက်မှုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်လုံး၀မကူးစက်စေရေး မူဝါဒကို ဒီဇင်ဘာလမှာ စွန့်လွှတ်လိုက်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ မကြုံစဖူးမြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဟီနန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ တရုတ်ဗဟိုအစိုးရရဲ့ ကိုဗစ်ကိန်းဂဏန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ လူဦးရေ ၁ ဒသမ…

Read More

ထိုင်၀မ်ကျွန်းအနီးမှာ စစ်လေယာဉ်အစင်း ၅၀ ကျော်နဲ့ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်ပြန်

တိုင်ပေ၊ ဇန်နဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်ကျွန်းအနီးတဝိုက်မှာ တရုတ်စစ်တပ်က ဇန်နဝါရီ ၈ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး ကျွန်းအနီး၀န်းကျင်မှာ ဇန်နဝါရီ ၉ ရက်ထိ တရုတ်စစ်လေယာဉ်ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ ထိုင်၀မ်စစ်ဘက်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုအတွင်း ပေါင်းစစ်ထားတဲ့ စစ်ဆင်ရေးဆောင်ရွက်ဖို့ တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ခဲ့ပြီး မြေပြင်နဲ့ ပင်လယ်ပြင်ရှိ ရန်သူတွေအပေါ် တိုက်ခိုက်ခြင်းကို အဓိကလုပ်ဆောင်ခဲ့တယ်လို့ တရုတ်အရှေ့ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီကနေ ဒီနေ့မနက် ၆ နာရီထိ ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၅၇ စင်းနဲ့ စစ်ရေယာဉ်လေးစင်းကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်၀မ်စစ်တပ်ကပြောပါတယ်။ တရုတ်စစ်လေယာဉ် ၂၈ စင်းဟာ ထိုင်၀မ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ပြီး ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးစိစစ်ဇုန်ကို ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ အိပ်ချ် ၆ ဗုံးကြဲလေယာဉ်အပါအ၀င် စစ်လေယာဉ်အချို့ကတော့ ထိုင်၀မ်အနောက်တောင်ဘက် လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲကို ၀င်ရောက်ပြီးနောက် ထိုင်၀မ်နဲ့…

Read More

ဥပဒေအထက်မှာ ဘယ်သူမှမရှိသင့်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်

မန္တလေး၊ ဇန်နဝါရီ- ၉- ၂၀၂၃ (Voice Of Myanmar) လက်ရှိအာဏာရယူထားတဲ့ နစက က သူတို့လုပ်ကိုင်နေတဲ့ လမ်းစဉ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညီညွတ်တယ်လို့ဆိုပေမယ့် NUG ကတော့ ၂၀၀၈ အခြေခံဥပ‌ဒေဟာ ပျက်သွားပြီဆိုတဲ့ အဓိပ္ပါယ်မျိုး ဆိုကြပါတယ်။ လက်ရှိအခြေအနေမှာ တရားဥပဒေဟာ စိုးမိုးနေပြီလား တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို ဖြစ်နေသလား။ ကြားက ပြည်သူတွေရဲ့ ဘဝနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ဥပဒေရေးရာတွေကို လေ့လာအကဲခတ်ပြီး အကြမ်းမဖက်နိုင်ငံရေးနည်းနဲ့ လျှောက်လှမ်းနေတဲ့ ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ဥပဒေသမားလည်းဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။ ပထမဆုံး‌အနေနဲ့ နစက က အာဏာရယူထားတာ ၂ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ နစက ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းအတိုင်း လိုအပ်ချက်အရ အာဏာရယူထားတာဖြစ်တယ်လို့ဆိုပေမယ့် NUG…

Read More

နှလုံးရောဂါကြောင့် လဲကျသွားခဲ့တဲ့ ထိုင်းဘုရင့်သမီးတော် သီတင်းသုံးပတ်ကြာချိန်ထိ သတိမရသေး

ဘန်ကောက်၊ ဇန်နဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) ထိုင်းဘုရင့်သမီးတော် ဘာဂ်ျရာကီတီယာဘဟာ ဟာနှလုံးရောဂါကြောင့် လဲကျသွားပြီး သုံးပတ်ကျော်ကြာချိန်ထိ သတိလစ်နေဆဲဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။ ထီးနန်းဆက်ခံဖို့ အလားအလာရှိနေတဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းတော်၀င်မင်းသမီးဟာ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ပြင်းထန်တဲ့နှလုံးခုန်မူမမှန်ခြင်းကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။ မင်းသမီးရဲ့လက်ရှိအခြေအနေဟာ သတိလစ်နေသေးကြောင်း ထိုင်းဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆရာ၀န်တွေဟာ မင်းသမီးရဲ့ နှလုံး၊ အဆုတ်နဲ့ကျောက်ကပ် လုပ်ငန်းဆောင်တာတွေအတွက် ဆေးဝါးတွေပေးထားပြီး သူမရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကာ ပဋိဇီဝဆေးတွေ ဆက်လက်အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မင်းသမီး ဘာဂ်ျရာကီတီယာဘဟာ ဟာနိုင်ငံအရှေ့မြောက်ပိုင်း နက်ခွန်ရက်ချာဆီမာပြည်နယ်မှာ ယှဉ်ပြိုင်ဖို့အတွက် သူ့ခွေးတွေကို လေ့ကျင့်ပြင်ဆင်နေတုန်းမှာ နှလုံးရောဂါကြောင့် သတိလစ်လဲကျခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ဘန်ကောက်ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခဲ့ရပါတယ်။ သူမဟာ ထီးမွေနန်းမွေဆက်ခံခြင်းဥပဒေနဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထီးနန်းဆက်ခံခြင်းဆိုင်ရာ အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်လို့ရတဲ့…

Read More

လောင်းလုံးမှာ လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ပစ်ခတ်ခံရပြီး လူတဦး သေဆုံး

ဇန်နဝါရီ ၉ – ၂၀၂၃ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်၊ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ခန့်က ထားဝယ်- မောင်းမကန် ကားလမ်းဘေး ကမြောကင်း အ-မ-က ကျောင်းအနီးမှာ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ပစ်ခတ်ခံရပြီး လူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သေနတ်သံတွေသံကြားပြီး မကြာဘူး၊ စစ်တပ်က အဲ့ဒီ့နေရာကို ရောက်လာပြီး စစ်ဆေးနေကြတယ်။ ကမြောကင်းတံတားကိုလည်း ဒီနေ့ နေ့လယ် ၁၁ နာရီခွဲလောက်ကစပြီး ပိတ်ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ပစ်သတ်ခံရသူဟာ ဒုရဲအုပ်အဆင့်ရှိသူတဦးလို့ ပြောဆိုနေကြပေမယ့် အဲ့ဒီပြောဆိုချက်ကို VOMအနေနဲ့သီးခြား အတည်ပြုလို့မရသေးပါဘူး။ ကမြောကင်းတံတား ပိတ်ထားမှုကြောင့် လောင်းလုံးနဲ့ ထားဝယ်ဘက်ခြမ်းမှာ ခရီးသွားပြည်သူ ရာနဲ့ချီပိတ်မိနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုကို…

Read More

ဘရာဇီး သမ္မတနန်းတော်၊ တရားရုံးချုပ်နဲ့ လွှတ်တော်ကို လက်ယာစွန်းဆန္ဒပြသူတွေ ၀င်ရောက်စီးနင်း

ဘရာဆီးလီးယား၊ ဇန်နဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) ဘရာဇီး လွှတ်တော်ကို လက်ယာစွန်းဆန္ဒပြသူတွေက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သမ္မတဟောင်း ဘော်ဆိုနာရိုကိုထောက်ခံသူတွေဟာ မြို့တော်ဘရာဆီးလီးယားရှိ တရားရုံးချုပ်ကိုလည်း ၀င်ရောက်စီးနှင်းခဲ့ကြသည်။ ဒါ့အပြင် သမ္မတနန်းတော်ကို ဝိုင်းရံထားတဲ့ ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။ အမေရိကန်မှာရောက်နေတဲ့ ဘော်ဆိုနာရိုဟာ အောက်တိုဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲနိုင်ငံရေးသမား လူလာဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ပါတယ်။ ထောက်ခံသူတွေကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံခြင်းမရှိသေးဘဲ သမ္မတလူလာ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဆော်ပေါ်လိုပြည်နယ်ကို ခရီးထွက်နေတဲ့ သမ္မတလူလာကတော့ အခုလိုက် လွှတ်တော်ကို၀င်ရောက်စီးနှင်းမှုဟာ ဖက်စစ်ဝါဒီတွေရဲ့လုပ်ရပ်ဖြစ်ပြီး အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:AFP/ Reuters #voiceofmyanmar #VOM #ဘရာဆီးလီးယား

Read More
VOM News

FREE
VIEW