ဘရာဇီး သမ္မတနန်းတော်၊ တရားရုံးချုပ်နဲ့ လွှတ်တော်ကို လက်ယာစွန်းဆန္ဒပြသူတွေ ၀င်ရောက်စီးနင်း

ဘရာဆီးလီးယား၊ ဇန်နဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

ဘရာဇီး လွှတ်တော်ကို လက်ယာစွန်းဆန္ဒပြသူတွေက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သမ္မတဟောင်း ဘော်ဆိုနာရိုကိုထောက်ခံသူတွေဟာ မြို့တော်ဘရာဆီးလီးယားရှိ တရားရုံးချုပ်ကိုလည်း ၀င်ရောက်စီးနှင်းခဲ့ကြသည်။

ဒါ့အပြင် သမ္မတနန်းတော်ကို ဝိုင်းရံထားတဲ့ ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။

အမေရိကန်မှာရောက်နေတဲ့ ဘော်ဆိုနာရိုဟာ အောက်တိုဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲနိုင်ငံရေးသမား လူလာဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ပါတယ်။

ထောက်ခံသူတွေကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံခြင်းမရှိသေးဘဲ သမ္မတလူလာ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဆော်ပေါ်လိုပြည်နယ်ကို ခရီးထွက်နေတဲ့ သမ္မတလူလာကတော့ အခုလိုက် လွှတ်တော်ကို၀င်ရောက်စီးနှင်းမှုဟာ ဖက်စစ်ဝါဒီတွေရဲ့လုပ်ရပ်ဖြစ်ပြီး အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP/ Reuters
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW