ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှု ဆယ်စုနှစ်တွေအတွင်း ပြန်လည်ကောင်းမွန်လာဖွယ်ရှိ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်ဖို့ လူသားများရဲ့ ဆောင်ရွက်မှုတွေဟာ မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆယ်စုနှစ်တွေအတွင်း အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၉ရက်မှာ ပြောပါတယ်။

အိုဇုန်းလွှာကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုခြင်းကိုရပ်တန့်ဖို့ ၁၉၈၇ ခုနှစ်ရရှိခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တခုအောင်မြင်ခဲ့ခြင်းက အိုဇုန်းလွှာပြန်လည်ကောင်းမွန် လာစေနိုင်တဲ့ အကြောင်းရင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏အကဲဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အိုဇုန်းလွှာဟာ လူသားတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ နေရောင်ခြည်မှာပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူပေးတဲ့ ကမ္ဘာ့လေထုရဲ့ ပါးလွှာတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

အိုဇုန်းလွှာပျက်စီးသွားတဲ့ခါ ခရမ်းလွန်ရောင်ခြည်ဟာ ကမ္ဘာမြေပေါ်ကို တိုက်ရိုက်ရောက်ရှိပြီး လူသားတွေနဲ့အခြားသက်ရှိမျိုးစိတ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ ဒီအင်န်အေကို ပျက်စီးစေပြီး နေလောင်ခြင်းတွေကို ဖြစ်ပေါ်စေကာ အရေပြားကင်ဆာလိုမျိုး ရေရှည်ပြသနာတွေဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။

အိုဇုန်းလွှာဟာ ၁၉၇၀ ပြည့်နှစ်တွေက စတင်ပျက်စီးခဲ့ကြောင်း သုတေသီတွေကပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW