ဇန်နဝါရီ ၁၇ -၂၀၂၃
GG(VOM)
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က KBZ Bank ခွဲမှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းကဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓားပြတိုက်သူ အမျိုးသားဟာ သေနတ်အတုနဲ့ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာပေါ်က ငွေသား သိန်း ၂၀၀ နီးပါးကိုရယူပြီး လုယူထွက်ပြေးစဥ် ဘဏ်လုံခြုံရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တတယ်လို့ သိရပါတယ်။
” ဘဏ်ခွဲ ၃၅ အခုမနက် ၁၁ နာရီ ခွဲလောက်မှာဖြစ်သွားတာ။ သေနတ်အတုနဲ့ ဓားပါတယ်။ ငွေတွေယူပြီးထွက်သွားတော့ ဘဏ်လုံခြုံရေးတွေက အရင်ဆုံး လုံးထွေးဖမ်းကြတာ၊ ဖြစ်ချင်တော့ ရဲတွေကလည်း အချုပ်ကားပို့ရင်း ရောက်လာတော့ ဖမ်းကြတာ”လို့ ကျောက်တံတားမြို့နယ် ဒေသခံတဦးကပြောပါတယ်။
ဘဏ်ကို ဝင်ရောက်လုယက်ခဲ့သူဟာ ဂျာနယ်ပို့တဲ့ အမျိုးသား တဦး ဖြစ်ပြီး သူဟာ ဒီဇင်ဘာလ တုန်းကလည်း ရန်ကုန်၊လမ်းမတော်က ဧရာဝတီဘဏ်ခွဲဓားပြတိုက်ခဲ့သူဖြစ်ကြောင်း လက်ရှိမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ ၂၀၂၂ ခုနှစ်ထဲမှာ KBZ ဘဏ်အခွဲအချို့ ဓားပြတိုက်ခံခဲ့ရပြီး ငွေသားတွေ လုယက်ခံရ တာတွေရှိခဲ့ပါတယ်။
Photo – Zayar
#voiceofmyanmar #VOM #ရန်ကုန် #ဘဏ်ဓားပြမှု