အကျင့်ပျက်ချစားမှု စွပ်စွဲချက်တွေကြောင့် ဗီယက်နမ်သမ္မတ ရာထူးကနေ နှုတ်ထွက်

ဟနွိုင်း၊ ဇန်နဝါရီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ဗီယက်နမ်သမ္မတ ငုယင်ဆွမ်ဖူဟာ ဇန်နဝါရီ ၁၇ ရက်မှာ ရာထူးကနေ နှုတ်ထွက်လိုက်ပြီး သူ့ရဲ့နှုတ်ထွက်မှုကို ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက အတည်ပြုလိုက်ပါတယ်။

သမ္မတ ငုယင်ဆွမ်ဖူဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်မှုနဲ့ဆက်စပ်ပြီး အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံမှာ ပါ၀င်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရသူဖြစ်ပါတယ်။

သမ္မတအဖြစ်မှနှုတ်ထွက်ဖို့နဲ့ ပါတီရဲ့ပေါ်လစ်ဗျူရိုမှာ တာ၀န်ယူထားတဲ့အပိုင်းကနေ နှုတ်ထွက်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပါတီဗဟိုကော်မတီက ဇန်နဝါရီ ၁၇ ရက်မှာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒုတိယ၀န်ကြီးချုပ်နှစ်ဦးအပါအ၀င် တာ၀န်ရှိသူအများအပြားရဲ့ အရှုပ်တော်ပုံတွေနဲ့ အမှားအယွင်းတွေအတွက် သူဟာ နိုင်ငံရေးအရ တာ၀န်ယူ တာ၀န်ခံရမှာဖြစ်ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြောပါတယ်။

ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရပ်ဟာ အစိုးရထိပ်တန်းအရာရှိတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်နှိမ်နှင်းလျှက်ရှိပါတယ်။

ကိုဗစ်-၁၉ တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်ချစားမှုအရှုပ်တော်ပုံကြောင့် ယခုလအစောပိုင်းကလည်း ဒုတိယ၀န်ကြီးချုပ်နှစ်ဦးကို ထုတ်ပယ်ခဲ့ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဟနွိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW