ထ – ထမနဲ၊ တပို့တွဲ

ဆူးငှက် သာစွလေ၊ နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်၊ ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊ ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ … ။ (ဟံသာဝတီရောက်မင်း .. ဆို) တပို့တွဲတဲ့။ ငယ်ငယ်ကတော့ နှာရည်ယိုရွဲ တပို့တွဲဟုအော်ဟစ် သီဆိုခဲ့ရ၏။ ကျောင်းရောက်တော့ ထ-ထမနဲ၊ တပို့တွဲဟု သင်အံခဲ့ရသေးသည်။ ဟုတ်သည်။ တပို့တွဲလက အေးမြနေသည်။ နှင်းတို့ တဖွဲဖွဲကျ၏။ မနက်စောစော ဖလန်နယ်အနွေးထည် အထပ်ထပ်ဝတ်ပြီး၊ လက်ကလေးနှစ်ဖက်ပိုက်၍ တုန်ခိုက်ကာ ချမ်းလိုက်တာဟုပြောလျှင် ဦးကြီးက ချမ်းတာမဟုတ်ဘူး၊ အေးတာကွဟု ဆိုလျှင် ဦးကြီးနှယ် ကပ်သီးကပ်သပ်နိုင်ရန်ကော ချမ်းတာနဲ့အေးတာ အတူတူပဲ မဟုတ်ဘူးလားဟု စောဒကတက်မိသည်။ အခုမှပဲ ချမ်းတာနှင့်အေးတာ ကွဲပြားသည်ကို သိရတော့၏။ ချမ်းတာက ကိုယ်ရေးကိုယ်တာ၊ အေးတာက ဥတုရာသီဆိုင်ရာ။ သည်လိုပဲ…

Read More

မူဆယ် ၁၀၅ မိုင်မှာ တရုတ်ဘက်ပို့မယ့် အသီးကား ၄၀၀ ကျော် ပိတ်မိနေ

ဖေဖော်ဝါရီ ၅၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှာ တရုတ်ဘက် တင်ပို့မယ့် အသီးကား ၄၀၀ ကျော် ပိတ်မိနေတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေနဲ့ သစ်သီး ပို့ကုန် ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ယခုရက်ပိုင်း တရုတ်နယ်စပ် ကျင်စန်းကျော့ – ဝမ်တိန်ဂိတ် ဝင်ပေါက်မှာ ကား‌တွေ အဝင်အထွက်နည်းနေပါတယ်၊ မြန်မာ – တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်မှာ အခွန်ဆိုင်ရာ စနစ်တွေ အဆင့်မြှင့်တင်မှု ပြုလုပ်နေတာကြောင့် အသီးကားတွေ တနေ့ အစီး ၂၀ ကျော်၊ ၃၀ ခန့်သာ တရုတ်ဘက် ဝင်ရတယ်။” လို့ သစ်သီးပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အရင်ပုံမှန်စနစ်က 1.0…

Read More

တရုတ်သူလျှိုပူပေါင်းကို အမေရိကန်က ဒုံးကျည်နဲ့ပစ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်တဝန်းရှိ အဓိကကျတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို သူလျှိုလုပ်နေတယ်ဆိုတဲ့ တရုတ်သူလျိုမိုးပျံပူပေါင်းကို အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၄ ရက်မှာ ပစ်ချလိုက်ပါတယ်။ အဲဒီမိုးပျံပူဖောင်းကို အမေရိကန် ပိုင်နက်အတွင်းမှာ တိုက်လေယာဉ်​​တွေက ပစ်ချခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။ လူလိုက်ပါ​​ခြင်းမရှိတဲ့ အရပ်ဘက်ရာသီဥတု​​စောင့်​​ကြည့်​​ရေးပူပေါင်းကို ပစ်ချဖို့အမေရိကန်ရဲ့ အင်အားအသုံးပြုမှုကို တရုတ်နိုင်ငံက ဝေဖန်ပြောဆိုပါတယ်။ အမေရိကန် ရုပ်သံလိုင်းများမှ ဗီဒီယိုများတွင် မီးပုံးပျံသည် ပေါက်ကွဲပြီးနောက် ပင်လယ်ထဲသို့ ကျသွားသည်ကို ပြသခဲ့သည်။ F-22 ဂျက်တိုက်လေယာဉ်ဟာ AIM-9X Sidewinder ဒုံးကျည်တစင်းနဲ့ပူပေါင်းကို ပစ်ချခဲ့တာဖြစ်ပြီး အမေရိကန်ကမ်းရိုးတန်းကနေ ရေမိုင်ခြောက်မိုင်အကွာ ရေပြင်ထဲကိုကျသွားကြောင်း ကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းခြေတခုအနီးမှာ အပျက်အစီးတွေပျက်အစီးတွေကျရောက်ခဲ့ပြီး ခုနစ်မိုင် (၁၁ ကီလိုမီတာ)အတွင်း ပျံ့နှံ့နေတဲ့ အပျက်အစီးတွေကို ဆယ်ယူဖို့ အမေရိကန်စစ်တပ်က လုပ်ဆောင်နေပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM…

Read More

ပြင်ဦးလွင် အနီးစခန်းနားမှာ မောင်းလာတဲ့ ကားပေါ် သစ်ကိုင်းကျိုးကျပြီး ကားသမားသေဆုံး

ဖေဖော်ဝါရီ ၅-၂၀၂၃ GG(VOM) ပြင်ဦးလွင်မြို့၊ အနီးစခန်းလေယာဥ်ကွင်းနားမှာ မောင်းနေတဲ့ ခွေးဘီလူးကားပေါ် သစ်ကိုင်းကျိူးကျလို့ ယာဥ်မောင်းဖြစ်သူ နေရာမှာပဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီလောက်မှာ ကားက ပြင်ဦးလွင်ကနေ ပြန်လာချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး သစ်ကိုင်းက ကားခေါင်းကိုဖောက်ထွက်ကာ ယာဥ်မောင်းကို ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “သစ်ကိုင်းက ကားပေါ်တည့်တည့်ကျိုးကျတာမဟုတ်ဘူး သစ်ကိုင်းကျိုးကျတဲ့အချိန် ကားကဝင်ဆောင့်တဲ့သဘော၊ယာဥ်မောင်းသေတယ်။သစ်ကိုင်းက ကားခေါင်းကိုဖောက်ပြီး ယာဥ်မောင်းဗိုက်ကိုသွားထိုးတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တုသိတာအခမဲ့လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ အဲ့ဒီကားဟာ ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာက ဖြစ်ပြီး ကားပေါ်မှာ သေဆုံးသူရဲ့သမီးနဲ့ မြေးဖြစ်သူတို့ပါရှိကြောင်း သူတို့ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။ သေဆုံးသူကိုတော့ ပြင်ဦးလွင်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း၊ပြင်ဦးလွင်မှာ အခုလိုသစ်ကိုင်းကျိုးကျမှုကြောင့် ယာဥ်ပေါ်ပါလူသေဆုံးမှုဖြစ်ပွားတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ပြင်ဦးလွင် #ကားပေါ်သစ်ကိုင်းကျ #ယာဥ်မောင်းသေဆုံး

Read More
VOM News

FREE
VIEW