တရုတ်သူလျှိုပူပေါင်းကို အမေရိကန်က ဒုံးကျည်နဲ့ပစ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်တဝန်းရှိ အဓိကကျတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို သူလျှိုလုပ်နေတယ်ဆိုတဲ့ တရုတ်သူလျိုမိုးပျံပူပေါင်းကို အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၄ ရက်မှာ ပစ်ချလိုက်ပါတယ်။

အဲဒီမိုးပျံပူဖောင်းကို အမေရိကန် ပိုင်နက်အတွင်းမှာ တိုက်လေယာဉ်​​တွေက ပစ်ချခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။

လူလိုက်ပါ​​ခြင်းမရှိတဲ့ အရပ်ဘက်ရာသီဥတု​​စောင့်​​ကြည့်​​ရေးပူပေါင်းကို ပစ်ချဖို့အမေရိကန်ရဲ့ အင်အားအသုံးပြုမှုကို တရုတ်နိုင်ငံက ဝေဖန်ပြောဆိုပါတယ်။

အမေရိကန် ရုပ်သံလိုင်းများမှ ဗီဒီယိုများတွင် မီးပုံးပျံသည် ပေါက်ကွဲပြီးနောက် ပင်လယ်ထဲသို့ ကျသွားသည်ကို ပြသခဲ့သည်။

F-22 ဂျက်တိုက်လေယာဉ်ဟာ AIM-9X Sidewinder ဒုံးကျည်တစင်းနဲ့ပူပေါင်းကို ပစ်ချခဲ့တာဖြစ်ပြီး အမေရိကန်ကမ်းရိုးတန်းကနေ ရေမိုင်ခြောက်မိုင်အကွာ ရေပြင်ထဲကိုကျသွားကြောင်း ကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းခြေတခုအနီးမှာ အပျက်အစီးတွေပျက်အစီးတွေကျရောက်ခဲ့ပြီး

ခုနစ်မိုင် (၁၁ ကီလိုမီတာ)အတွင်း ပျံ့နှံ့နေတဲ့ အပျက်အစီးတွေကို ဆယ်ယူဖို့ အမေရိကန်စစ်တပ်က လုပ်ဆောင်နေပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW