ပြည်မြို့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အသက် ၁၅ နှစ်အရွယ်(၃)ဦးရေနစ်ပြီး(၁)ဦးသေဆုံး

ဖေဖော်ဝါရီ၊၆-၂၀၂၃
MM(VOM)

ပဲခူးတိုင်း ၊ ပြည်မြို့၊ဘောတံတားအနီးမှာ ဧရာဝတီမြစ် အတွင်းကို ရေဆင်းကူးတဲ့ လူငယ် ၃ ယောက်ရေနစ်မှုဖြစ်ပွားကာ (၁)ယောက်သေဆုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံ ပရဟိတအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေက ရေဆင်းကူးရင်း ရေနစ်နေတဲ့ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် လူငယ် ၃ ယောက်ကို ပရဟိအအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ကူညီကယ်ဆယ်ရေးဆောင်ရွက်တဲ့အခါ ၂ ယောက်ကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပြီး ၁ ယောက်ကတော့ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ် ရေးဆောင်ရွက်ခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

”ကလေးတွေ ရေနစ်နေတာကို အနီးအနားကလူတွေက အရင်တွေ့လို့ အရင်ကယ်ထားတာ ၊ ၂ ယောက်ကို အသက်ရှင်ရက်နဲ့ ကယ်တင်နိုင်ခဲ့တယ် ၊ ၁ ယောက်ကတော့ သေဆုံးသွားတယ် ၊ကျောင်းသားတွေလို့သိရတယ် ၊ ကျောင်းပိတ်ရက် ရေလာကူးရင်း အခုလိုဖြစ်တာတဲ့ ၊ရေနစ်တဲ့ ကလေး ၃ ယောက်လုံးက အသက် ၁၅ ဝန်း ကျင်အရွယ်တွေပါ။”လို့ သူက ဆက်ပြောပါတယ်။

ရေနှစ်သေဆုံးသွားတဲ့ ကလေးငယ်မှာ ခေတ္တရာမြို့၊ သစ်စက်ကြီးဝန်းနောက်မှာနေထိုင်တဲ့ အသက် ၁၅နှစ်အရွယ် မောင်လှထွေးဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ပြည်မြို့ပြည်သူဆေးရုံကြီးသို့ ပရဟိတအသင်းကားနဲ့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း အဲဒီနေရာမှာပဲ အမျိုးသား ၁ ယောက်ရေနစ်သေဆုံးခဲ့ရတယ်လို့ပြည်မြို့ ဒေသခံပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

Photo Credit- ပရဟိတပါရမီ လူမှူကယ်ဆယ်ရေးအသင်း
#voiceofmyanmar #VOM #ပြည် #ရေနစ်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW