ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ် စရိတ်ကုန်ကျမှုမြင့်နေပမယ့် တပတ်ကိုခရီးသွားသူ (၁၀၀၀)ခန့်ရှိနေ

ဖေဖော်ဝါရီ ၁၂ – ၂၀၂၃
GG(VOM)

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ် ကုန်ကျမှုစရိတ်မြင့်ပေမယ့် ဘုရားဖူးခရီးသွားနူန်းက တပတ်ကို (၁၀၀၀)ခန့်အထိ ရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းUMTAက သိရပါတယ် ။

” တပတ်ကို ဘုရားဖူးသွားတဲ့သူက ၅၀၀ ကနေ ၁၀၀၀ ရှိနေတယ်။ဘုရားဖူးရာသီလည်းဖြစ်တယ် ပတ်စပို့စ်ကလည်းအဆင်ပြေနေတယ်ဆိုတော့ လူကြီးမိဘတွေကိုလိုက်ပို့ကြတာ၊ကုန်ကျစရိတ်ကတော့ အရင်ကထက်ပိုများတာပေါ့၊ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာပိုများတယ်”လို့ UMTA ဥက္ကဋ္ဌဖြစ်သူ ဦးနောင်းနောင်းဟန်ကပြောပါတယ်။

လက်ရှိမှာဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်အတွက်
လေယာဥ်လက်မှတ်ခက အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ကုန်ကျမှုစရိတ်က ၂ ညအိပ် ၃ ရက်ကို အနည်းဆုံးဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ လောက်ရှိတယ်လို့သိရပါတယ်။

“ပတ်စ်ပို့ အတွက်က သာသနာရေးဦးစီးဌာနကစီစဥ်ပေးတယ်၊အဲ့ဒီတော့ ဘုရားဖူးသွားမယ်ဆိုရင် သာသနာရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီက သူ့ဘာသာလုပ်ပေးတယ်၊ခရီးသွားသူကိုယ်တိုင် သာသနာရေးသွားဖို့မလိုပါဘူး”လို့ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓဂါယာဘုရားဖူး သွားလိုသူတွေအနေနဲ့ ၁ လကြိုတင်ပြီး လက်မှတ်ဝယ်ယူဖိူ့လိုအပ်ကြောင်း ၊ခရီးစဥ်က တပတ်ကို လေကြောင်းကနေ (၅)ရက်ပြေးဆွဲပြီး ခရီးသွားလုပ်ငန်းကုမ္ပဏီ ၁၀၀ လောက်က ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

ဗုဒ္ဓဂါယာဘုရားဖူးရာသီကာလဟာ နိုဝင်ဘာလကနေ ဧပြီလအထိဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ကိုဗစ်မတိုင်ခင်တုန်းက ဗုဒ္ဓဂါယာဘုရားဖူးသွားသူ တနှစ်ကို ၃၀၀၀၀ ကနေ ၄၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပတ်စ်ပို့ရုံးက ဗုဒ္ဓဂါယာဘုရားဖူးနဲ့ MOU စနစ်နဲ့ပြည်ပကိုအလုပ်သွားလုပ်မယ့် လုပ်သားတွေကိုသာ ပတ်စ်ပို့စာအုပ်ထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗုဒ္ဓဂါယာ #ဘုရားဖူးသွားသူ

Related posts

Leave a Comment

VOM News

FREE
VIEW