တရုတ်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်တဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံက ထိပ်တန်းရင်းနှီးမြုပ်နှံသူ ဘီလျှံနာစီးပွားရေးငန်းရှင်တဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သူ့ရဲ့ကုမ္ပဏီက ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ China Renaissance Holdings အမှုဆောင်အရာရှိချုပ် ဘိုဖန်ဖြစ်ပြီး မကြာသေးမီရက်ပိုင်းအတွင်းက ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဘိုဖန်ကို ဆက်သွယ်လို့မရတော့ကြောင်း စတော့စျေးကွက်ကို အသိပေးပြီးနောက် ဟောင်ကောင်စတော့စျေးကွက်မှာ ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးဟာ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။

သူပျောက်ဆုံးသွားတဲ့ နေ့ရက်အချိန်ကို ကုမ္ပဏီက ထုတ်ပြန်ခြင်းမရှိပေမယ့် သူ့ကို၀န်ထမ်းတွေက အဆက်အသွယ်မရရှိတော့တာဟာ နှစ်ရက်ကြာမြင့်ပြီဖြစ်ကြောင်း စီးပွားရေးသတင်းဂျာနယ် ခိုင်ရှင်က ရေးသားဖော်ပြထားပါတယ်။

ကုမ္ပဏီရဲ့ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာဘိုဖန်ဟာ China Renaissance Holdings ကို၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

✕
VOM News

FREE
VIEW