စစ်ရှောင်နဲ့မီးဘေးသင့်တွေကို လိုအပ်မှုတွေကြားက ကူညီကယ်ဆယ်ပေးနေရတဲ့ မြိုင်နယ်က သားဖွားဆရာမတဦး

ဖေဖော်ဝါရီ ၂၂-၂၀၂၃
Voice Of Myanmar(VOM)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်နေရသူတွေနဲ့ မီးဘေးသင့်နေတဲ့သူတွေကို လိုအပ်လျက်တွေများစွာရှိနေတဲ့ကြားက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့ သားဖွားဆရာမတဦး ရှိနေပါတယ်။

သူကတော့ မြိုင်နယ်၊ ကျေးရွာတရွာက နိုင်ငံရေးမဖက် စစ်ရေးမစွက်တဲ့ ပရဟိတဆရာမလေး မသော်တာပါ။ ဆရာမလေးသော်တာဟာ သူရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့အခါ အချိန်ကာလရှည်ကြာလာတော့ အကူအညီအထောက်အပံ့မရှိတော့တဲ့အခြေအနေတွေနဲ့ ဆေးဝါးလိုအပ်မှုအခက်အခဲတွေကြုံလာခဲ့ပါတယ်။

ဒါကြောင့် သူအမြဲစီးနေတဲ့ဆိုင်ကယ်လေးကိုရောင်းချပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပေမယ့် သူ့ကိုယ်ပိုင်ပိုက်ဆံမစိုက်ထုတ်နိုင်တဲ့တနေ့မှာ သူတတ်ထားတဲ့ ပညာနဲ့ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ဆောင်ရွက်မပေးနိုင်မှာကို တွေးပြီးစိုးရိမ်ပူပန်နေပါတယ်။

လက်ရှိအချိန်ထိ မြိုင်နယ်မှာ ဆရာမ‌လေးသော်တာမွေးဖွားပေးခဲ့တဲ့ ကလေးငယ်ပေါင်း (၃၀) ကျော်အထိရှိနေပြီလို့ သိရပါတယ်။

အရင်တုန်းက စစ်ဘေးရှောင်နဲ့မီးဘေးသင့်ဒုက္ခဆိုတာတွေကို တိုင်ရင်းသားဒေသ‌တွေမှာသာ ကြားဘူးပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲကအညာသူအညာသားတွေလည်း ကိုယ်တိုင်ကြုံတွေ့နေကြရပါပြီ။

အဲ့ဒီအထဲမှာဆိုရင် မြိုင်မြို့နယ်ထဲက သက်ကြီးရွယ်အိုနဲ့ကိုယ်ဝန်ဆောင်မိခင်တွေ မှာကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြိုင် #သားဖွားဆရာမသော်တာ

Youtube Link – https://youtu.be/5kg_j1RqIj4

Related posts

Leave a Comment

VOM News

FREE
VIEW