ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် မက္ကဆီကိုမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေ

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

မက္ကဆီကိုနိုင်ငံမှာ ရွေးကောက်ပွဲတာ၀န်ရှိသူတွေကို ဖြိုခွဲဖို့ အစိုးရက ကြိုးပမ်းနေတယ်ဆိုကာ မက္ကဆီကိုမြို့ကြီးတွေမှာ လူသောင်းပေါင်းများစွာ အကြီးအကျယ်ဆန္ဒပြမှုများ ဖြစ်ပွားနေပါတယ်။

မြို့တော်မက္ကဆီကိုစီးတီးမှာ လူငါးသိန်းထိ ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့ကြောင်း ပွဲစီစဉ်သူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့်လည်း တာ၀န်ရှိသူတွေကတော့ ဆန္ဒပြသူ ကိုးသောင်းကျော်သာပါ၀င်တယ်လို့ ဆိုပါတယ်။

အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့ အသုံးစရိတ်ကိုဖြတ်တောက်ပြီး ၀န်ထမ်းအင်အားကိုလျှော့ချဖို့လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကို အောက်လွှတ်တော်တွင်မဲခွဲပြီးနောက် အထက်လွှတ်တော်ကလည်း ဖေဖော်ဝါရီ ၂၂ ရက်တွင်အတည်ပြုခဲ့ကာ သမ္မတလိုပက်ဇ်အိုဘရာဒေါက လက်မှတ်ရေးထိုးပြီးပါက ပြုပြင်ပြောင်းလဲမှုတွေ စတင်သက်၀င်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်တာ၀န်ရှိသူတွေဟာ ပါတီစွဲရှိတယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါက စွဲစွဲထားပါတယ်။

အတိုက်အခံတွေကတော့ မကြာသေးမီက မဲခွဲဆုံးဖြတ်မှုဟာ ဒီမိုကရေစီကို အန္တရာယ်ရှိစေတဲ့လုပ်ရပ်ဖြစ်ပြီး အခြေခံပဒေနဲ့ မညီညွှတ်သော်လည်း အာဏာပိုင်တွေဟာ တရားရုံးချုပ်ကို ဖိအားပေးနေတယ်လို့ ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW