ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၃ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊ စံဖိတ်ကျေးရွာမှာရှိတဲ့ မဏိရတနာစံဖိတ်ကျောင်းတိုက်ဟာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ၊ ည ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ၊ ကျောင်းဆောင်ပေါ် အိပ်ပျော်နေတဲ့ ကိုရင်လေး ၁ ပါး ၊ မီးလောင်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ဘုရားမီး ပူဇော်ရာကနေ မီးစွဲလောင်တာလို့ ကနဦး သိရတယ် ၊ ယာယီကျောင်းဆောင်ကြီး ၁ ဆောင် မီးလောင်ဆုံးရှုံးတယ် ၊ အဲ့ဒီ ကျောင်းဆောင်ပေါ်မှာ အိပ်ပျော်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင်လေး ၁ ပါး မီးလောင် ပျံလွန်တော်မူတယ် “လို့ သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်…
Read MoreMonth: February 2023
ချစ်သူများနေ့မှာ နွားတွေကိုပွေ့ဖက်ဖို့ အိန္ဒိယတာ၀န်ရှိသူတွေ တိုက်တွန်း
ဒေလီ၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယအစိုးရရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနဟာ ယခုနှစ်ချစ်သူများနေ့အထိမ်းအမှတ်နေ့မှာ ရိုမန်နစ်ဆန်ဆန်ကျင်းပဖို့ထက် ဟိန္ဒူဘာသာရဲ့တန်ဖိုးတွေ ပိုမိုကောင်းမွန်လာစေရေးအတွက် နွားတွေကို ပွေ့ဖက်ကြဖို့ နိုင်ငံသားတွေကို မေတ္တာရပ်ခံထားပါတယ်။ နွားတွေကို ပွေ့ဖက်ခြင်းဟာ စိတ်ခံစားမှုကြွယ်ဝစေပြီး တဦးချင်းနဲ့ စုပေါင်းပျှော်ရွှင်မှုကို တိုးပွားလာစေတယ်လို့ အိန္ဒိယတိရိစ္ဆာန်စောင့်ရှောက်ရေးဌာနက ပြောပါတယ်။ နွားကို သန့်ရှင်းမြင့်မြတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဟိန္ဒိူဘာသာ၀င်တွေဟာ အနောက်တိုင်းကသတ်မှတ်တဲ့ အထင်ကရနေ့ရက်တွေဟာ အိန္ဒိယရိုးရာတန်ဖိုး စံနှုန်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ဟိန္ဒိူသဘောထားတင်းမာသူတွေဟာ အိန္ဒိယမြို့ကြီးတွေက စတိုးဆိုင်တွေကို ၀င်ရောက်စီးနှင်းကာ ချစ်သူများနေ့အမှတ်တရလက်ဆောင်ပစ္စည်းတွေကို မီးရှို့ကာ ချစ်သူများနေ့ဟာ အကျင့်ပျက်မှုကိုအားပေးတယ်ဆိုကာ ပန်းခြံကိုလာရောက်တဲ့ စုံတွဲတွေကိုလည်း မောင်းထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၀န်ကြီးချုပ်မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရဟာလည်း ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး မြှင့်တင်မှုတွေပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံမှာ ဟိန္ဒူဘာသာ၀င် ၈၀ ရာခိုင်နှုန်းရှိပြီး မူဆလင် ၁၄…
Read Moreအမေရိကန်မှာ ပစ်ချခံရသည့် တရုတ်သလျှိုမိုးပျံပူပေါင်းက အာရုံခံကိရိယာတွေကို FBI စစ်ဆေးနေ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ကို ဖြတ်ကျော်ပျံသန်းမှုကြောင့် ပစ်ချခံခဲ့ရတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းက အာရုံခံကိရိယာတွေကို အတ္တလန်တိတ်သမုဒ္ဒရာအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။ ရှာဖွေရေးသမားတွေဟာ အဓိကအာရုံခံကိရိယာနဲ့ အီလက်ထရွန်းနစ်ပစ္စည်းအပိုင်းအစတွေအပါအ၀င် ဘောလုံးကျရောက်ခဲ့တဲ့နေရာကနေ ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ကြောင်း အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ အရေးကြီးတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာတွေမှာ သူလျှိုလုပ်ဖို့ တရုတ်နိုင်ငံကအသုံးပြုခဲ့ကြောင်း အမေရိကန်က အခိုင်အမာဆိုထားတဲ့ အဲဒီမိုးပျံပူပေါအက်ဖ်ဘီအိုင်က စစ်ဆေးနေပါတယ်။ အမေရိကန်က သူလျှိုလုပ်တယ်လို့ စွပ်စွဲထားပေမယ့်လည်း တရုတ်နိုင်ငံကတော့ အဲဒီမိုးပျံပူပေါင်းဟာ လမ်းကြောင်းလွဲသွားတဲ့ ရာသီဥတုစောင့်ကြည့်ရေးအတွက် အသုံးပြုတဲံ့အရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ မိုးပျံပူပေါင်း အစိတ်အပိုင်းတွေကို တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကို ဖြတ်ကျော်၀င်ရောက်ပျံသန်းလာတဲ့ အလားတူအရာ၀တ္ထုသုံးခု ကိုလည်း ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်း အမေရိကန်ကလေတပ်က ပစ်ချခဲ့ရပါတယ်။ Ref: BBC Photo: US…
Read Moreထိုင်းက Work Permit သက်တမ်းကုန် မြန်မာလုပ်သားတွေကို မေလအထိ နေထိုင်ခွင့်ပြုမယ်
ဖေဖော်ဝါရီ ၁၄ – ၂၀၂၃ GG(VOM) ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ Work permit အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန် မြန်မာလုပ်သားတွေကို လာမယ့် မေလအထိ နေထိုင်ခွင့်ပြုပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့ဖေဖော်ဝါရီ ၁၄ ရက်မှာ အသိပေးလိုက်ပါတယ်။ သက်တမ်းကုန်အလုပ်သမားတွေအနေနဲ့ နေထိုင်ထိုင်ခွင့်ပြုထားတဲ့ကာလအတွင်း အလုပ်အကိုင်အသစ်ရရှိဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူ အလုပ်လုပ်ကိုင်ခွင့်၊နေထိုင်ခွင့် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဒီမှာ အလုပ်လုပ်နေတဲ့ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအထဲက မနေ့က၁၃ရက်နေ့မှာ Work Permit ကုန်သူတွေကို ၅လပိုင်း၁၅ရက်နေ့အထိနေခွင့်ပြုတာပါ၊ အဲ့ဒီကာလတော့ စာရွက်အပြည့်စုံနဲ့လျှောက်ရမှာပေါ့ ” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ကိုဇော်ဝေယံကပြောပါတယ်။ အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်လျှောက်လာသူတွေထဲကမှ သတ်မှတ်ချက်ပြည့်စုံသူတွေကို အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်အဖြစ် လာမယ့် ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ ဒါမှမဟုတ်၂၀၂၅ ဖေဖော်ဝါရီလ အထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်မှုအရ သိရပါတယ်။…
Read Moreယူကရိန်းမှာ ရုရှားရဲ့အကြီးအကျယ်ထိုးစစ်ဆင်မှု စတင်နေပြီလို့ နေတိုးအကြီးအကဲ သတိပေး
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု နှစ်ပတ်လည်မတိုင်မီရက်ပိုင်းအလိုမှာ ရုရှားက အကြီးအကျယ်ထိုးစစ်ဆင်မှုကို စတင်နေပြီလို့ နေတိုးအကြီးအကဲ ယန်းစတိုတန်ဘာ့က သတိပေးပြောဆိုလိုက်ပါတယ်။ ယူကရိန်းမှာ ရုရှားတပ်တွေ၊ လက်နက်တွေနဲ့ စွမ်းရည်တွေပိုတိုးလာတာကို တွေ့နေရပြီး ဒါဟာ ထိုးစစ်သစ်တခု စတင်ခြင်းဖြစ်တယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။ လအတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ယူကရိန်းနိုင်ငံ ဘက်ခ်မွတ်မြို့မှာ ရုရှားရဲ့ထိုးစစ်စတင်နေပြီး ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ ပြင်းထန်တဲ့ မြေပြင်ပစ်ခတ်တိုက်ခိုက်မှုတွေအောက်မှာ ရုရှားရဲ့ထိုးစစ်သစ်ကို အပြင်းအထန်ခုခံကာကွယ်နေရပါတယ်။ ယူကရိန်းတပ်တွေဟာ ခါခိဗ်ဒေသက စခန်းတခု၊ လူဟန့်ခ်ဒေသက နေရာငါးခုနဲ့ ဘက်ခ်မွတ်အပါအ၀င် ဒွန်တက်ခ်ဒေသက နေရာခြောက်ခုတို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။ ဘက်ခ်မွတ်ဒေသဟာ ရုရှားသမ္မတပူတင်အတွက် အဓိကရည်မှန်းချက်ဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒွန်တက်ခ်ဒေသမှာ ခြေကုပ်နေရာသစ်ရရှိမှာဖြစ်သလို လအတန်ကြာအရေးနိမ့်နေတဲ့ ရုရှားတပ်တွေအတွက် အောင်ပွဲတခုဖြစ်လာစေမှာပါ။ Ref: Reuters Photo:…
Read Moreဆယ်တန်းကျောင်းသား ဗကသအဖွဲ့ဝင် ကိုဟိန်းထက် ထောင်ဒဏ် တသက်တကျွန်း ချခံရ
ဖေဖော်ဝါရီ ၁၄ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း အထက (၁) မြောက်ဥက္ကလာပက ဆယ်တန်းကျောင်းသား အသက် ၁၈ နှစ်အရွယ် ကိုဟိန်းထက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊ ၅၀(ည)ပုဒ်မတွေနဲ့ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ အမိန့်ချလိုက်တာပါ။ သူက အခုမှ အသက် ၁၈ နှစ်ပြည့်ရုံပဲ ရှိပါသေးတယ်။ အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ။ အဖမ်းမခံရခင် နိုင်ငံရေး အပြောင်းအလဲ…
Read MoreMOU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ပြီလို့ သိရ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၃ SN (VOM) MoU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ အချက်အလက် အစုံအလင်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ပြီလို့ နီးစပ်ရာအသိုင်းအဝန်းက သိရပါတယ်။ “အခု ဖေဖော်ဝါရီလကစလို့ MOU စနစ် နဲ့ PJ လုပ်မဲ့သူ များကို Passport ပြန်လည်လုပ်ဆောင်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် အခုလို စာရင်းပေးပို့ရမယ့်အထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ Black List သွင်းထားတဲ့ အေဂျင်စီ ၁၃၃ ခု မပါဝင်ဘူးလို့ သိရပါတယ်။ သူတို့ခွင့်ပြုထားတဲ့ အေဂျင်စီတွေကနေ သက်ဆိုင်ရာဌာနကို အထောက်အထားအစုံနဲ့ စာတင်ရမယ်လို့ သိရပါတယ်“ လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ MOEAF ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အလုပ်ခေါ်စာနဲ့ စေလွှတ်မယ့် အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံလက်မှတ်ကူး လျှောက်ထားရာမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ black list…
Read Moreဖားကန့်မှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင် မြေစာပုံပြိုကျလို့ လူ ၂ ဦးသေ ၊ ၃ ဦးဒဏ်ရာရ
ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်၊ လုံးခင် ကျေးရွာအုပ်စု၊ ကုဋေကျေးရွာနားမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းက မြေစာပုံဟာ မနေ့ ဖေဖော်ဝါရီ ၁၂ရက် ည ၁၀ ဝန်းကျင်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လုပ်သား ၂ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အဲဗားဝင်းနား ကျောက်မျက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်ဟောင်းနားက မြေစာပုံပြိုကျတာဖြစ်တယ် ၊ မနေ့ကည ၁၁ နာရီဝန်းကျင်ကဖြစ်တာပါ ၊ ရေမဆေးကျောက်ရှာတဲ့သူတွေအပေါ် မြေစာတွေပိတာဖြစ်တယ် ၊ လတ်တလော ရှာဖွေတွေ့ရှိတာက အမျိုးသား ရုပ်အလောင်း ၂ လောင်းနဲ့ ဒဏ်ရာရသူ ၃ ဦးဖြစ်တယ် ၊ ရှာဖွေကယ်ဆယ်နေရဆဲဖြစ်တယ်”လို့ ကူညီကယ်ဆယ်ပေးနေတဲ့ ဒေသခံ…
Read Moreသန်လျင်မှာ စက်လှေမှောက်လို့ လူ၂ ယောက်သေဆုံး
ဖေဖော်ဝါရီ ၁၃ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်း ၊သန်လျင်မြို့နယ် ၊ခြောက်လမ်းသွားလမ်းမဘေး၊ ငါးပြေမကျေးရွှာချောင်းထဲမှာ စက်လှေမှောက်ပြီး အမျိုးသား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက အမျိုးသား ၆ ယောက် ငါးပြေမရွာချောင်းထဲမှာ စက်လှေပတ်စီးနေရာကနေ စက်လှေက အရှိန်များပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ကညနေ ၅ နာရီခွဲလောက်မှာ သူတို့သူငယ်ချင်းတွေ ထမင်းစားဖိတ်လို့ဆိုပြီးသွားကြတာ၊အပြန်မှာ စက်လှေပတ်စီးကြတယ်၊ နောက် စက်လှေကလည်းအရှိန်ပါနေတယ် လူကလည်းနည်းနည်းမူးနေကြတယ်ဆိုတော့ စက်လှေဆွဲအဝိုက်မှာ မှောက်တာ ။၆ ယောက်ပါတာမှာ ၂ယောက်သေတာပါ၊ချောင်းက ကမ်းစပ်တောင်ဝါးတပြန်လောက်နက်တယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ စက်လှေပေါ်ပါသူ အမျိုးသား ၆ ယောက်အနက် ၂ယောက်သေဆုံးခဲ့တာဖြစ်ပြီး မနေ့ ည၇ နာရီအကျော်မှာ ရုပ်အလောင်းတခုတွေ့ခဲ့သလို ဒီနေ့မနက်…
Read Moreစစ်တပ်က စစ်တပ်အလုပ်လုပ်မှာဖြစ်ပြီး အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းမှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြော
အဘူဂျာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို နှောက်ယှက်ဖို့စီစဉ်နေကြောင်း အာဏာရပါတီရဲ့ အခိုင်အမာပြောဆိုမှုကို နိုင်ဂျီးရီးယားစစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်မှ စစ်ဗိုလ်ချုပ်တွေဟာ ပြိုင်ဘက်ပီဒီပီပါတီရဲ့ သမ္မတလောင်း အာတီကူအဘူဘာခါနဲ့ လွန်ခဲ့တဲ့သီတင်းပတ်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အေပီစီပါတီမှ တာ၀န်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ထိုသို့ပြောဆိုမှုတွေဟာ ဆိုးရွားပြီး လွန်စွာအန္တရာယ်များတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။ အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံးနိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ စစ်တပ်ဟာ စစ်တပ်အလုပ်သာလုပ်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိမှာဖြစ်ကာ အရပ်သားအစိုးရကို မည်သည့်အခါမှ ဖြုတ်ချမည်မဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။ မိမိတို့အနေနဲ့ ခက်ခက်ခဲခဲရထားတဲ့ ဒီမိုကရေစီကို ပျက်ယွင်းစေဖို့ မည်သည့်ကြံစည်မှုမျိုးကိုမှ လုပ်ဆောင်မှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရနဲ့အဓိကအတိုက်အခံပါတီတွေက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ Ref:BBC Photo:Getty…
Read More