ဖေဖော်ဝါရီ၊၁၀-၂၀၂၃ MM(VOM) ပဲခူးတိုင်း၊တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်က ကေတုမတီမြို့သစ်ပျံကျဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီးဈေးဆိုင်းခန်း ပေါင်း ၂၀ ကျော်မီးလောင်တဲ့အထဲသွားတယ်လို့ မီးသတ် ဦးစီးဌာနရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။ မီးလောင်မှုမှာ မနေ့ ဖေဖော်ဝါရီ ၉ ရက် ည ၁၁ နာရီကျော်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှု အသေးစိတ် အခြေအနေကို စစ်ဆေးနေတယ်လို့မီးသတ် ဦးစီးဌာန တာဝန်ရှိသူတယောက်ကပြောပါတယ်။ ”မီးက ည ၁၁ နာရီကျော်ကျော်လောက်မှာ စတင်လောင်တာ၊ မီးလောင်မှုကို တောင်ငူမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီး၊ မီးသတ်ရေသယ်ယာဉ် ၂စီး၊ ကေတုမတီမြို့သစ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁စီ၊ ရေတာရှည်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီးသွားရောက် မီးငြှိမ်းသတ်ခဲ့တယ်၊ ည ၁၂ နာရီကျော်ကျော်မှာ မီးငြှိမ်းနိုင်ခဲ့တယ်၊ ဆိုင်းခန်းပေါင်း ၂၀ လောက်မီးလောင်တဲ့အထဲ ပါသွားတယ်။”လို့ သူကဆက်ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့…
Read MoreMonth: February 2023
ငလျင်အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ဆီးရီးယားကလေးငယ်ကိုမွေးစားဖို့ လူထောင်ပေါင်းများစွာ ကမ်းလှမ်းနေကြ
ဒမတ်စကတ်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းနဲ့ တူရကီမှာ အင်အားပြင်းမြေငလျင်လှုတ်ခပ်ပြီးနောက် ဆီးရီးယားနိုင်ငံက အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ကိုမွေးစားဖို့ ကမ္ဘာတ၀န်းက လူထောင်ပေါင်းများစွာက ကမ်းလှမ်းမှုတွေလုပ်နေပါတယ်။ အာရဗီလို အံ့ဖွယ်ရာလို့အဓိပ္ပါယ်ရပြီး အယာလို့အမည်ပေးထားတဲ့အဲဒီ မွေးကင်းစကလေးငယ်ကို အပျက်အစီးတွေအောက်က ကယ်တင်ခဲ့ချိန်က သူမရဲ့ချက်ကြိုးဟာ မိခင်ဖြစ်သူနဲ့ဆက်နေဆဲဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံ ဂျင်ဒေးရစ်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အဲဒီကလေးငယ်ရဲ့ မိဘနှစ်ဦးအပြင် မွေးချင်းမောင်နှစ်မ လေးဦးစလုံး သေဆုံးသွားခဲ့ပြီး အယာကတော့ လက်ရှိမှာ ဆေးရုံတက်နေရပါတယ်။ ကလေးငယ်ဟာ တနင်္လာနေ့ကငလျင်လှုပ်ခတ်အပြီးမှာ မွေးဖွားခဲ့ပြီး အဲဒီနေ့က ပွန်းရာခြစ်ရာ ဒဏ်ရာတွေနဲ့ အအေးလွန်းပြီး အသက်ရှူရခက်ခဲ့နေခဲ့ပြီး လက်ရှိတွင် အခြေအနေတည်ငြိမ်ကြောင်း ကလေးအထူးကုဆရာ၀န်တဦးက ပြောပါတယ်။ ကလေးငယ်ရဲ့သတင်းကိုကြားသိပြီးနောက်မှာ ကမ္ဘာတ၀န်းက လူထောင်ပေါင်းများစွာဟာ သူ့ကိုမွေးစားဖို့အတွက် အသေးစိတ်အချက်အလက်တွေကို တောင်းခံခဲ့ကြပြီး ဖုန်းခေါ်ဆိုမှုများစွာကိုလည်း လက်ခံရရှိထားတယ်လို့ ဆေးရုံတာ၀န်ရှိသူတဦးကပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဒမတ်စကတ်
Read Moreကျိုင်းတုံ- မိုင်းဆတ်လမ်းမှာ ပေ၁၀၀၀ အနက်ရှိတဲ့ချောက်ထဲ ကားတစီးပြုတ်ကျလို့ ၅ယောက်သေဆုံး၊ ၇ ယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၀ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်ခွန်- မိုင်းဆတ်ကားလမ်း၊ ပန်လီကျေးရွာအနီးမှာ ဒီနေ့ဖေဖော်ဝါရီ၁၀ ရက်နေ့မနက်ပိုင်းက ကားတစီးတိမ်းမှောက်ပြီး ချောက်ထဲကျသွားလို့ လူ ၅ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကားဟာ ပေ ၁၀၀၀ အနက်ရှိတဲ့ ချောက်ထဲကို ကျသွားတာဖြစ်ကြောင်း၊ သေဆုံးသူက ယောကျ်ားလေး ၂ ယောက်၊မိန်းကလေးက ၃ ယောက်ဖြစ်ပြီး ဒဏ်ရာရသူ ၇ ယောက်ကတော့ ယောကျ်ားလေး ၃ယောက်၊မိန်းကလေး ၄ ယောက်ဖြစ်ကာ တယောက်က ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။ ” ၁၀ နာရီလောက်မှာဖြစ်တာ၊သေတာက အသက်ကြီးပိုင်းတွေချည်းပါပဲ။ချောက်ကနက်တော့ တယောက်ကို မိနစ်၂၀ လောက် ကယ်ဆယ်ရေးလုပ်ရတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တိုင်းနေနာရေးကူညီမှုအသင်းဝင်တဦးကပြောပါတယ်။ တိမ်းမှောက်ခဲ့တဲ့ကားဟာ မိုင်းဆတ်မြို့ကကားဖြစ်ပြီး ကားပေါ်မှာ လူ၁၂ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ ကားကဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့…
Read Moreလှိုင်သာယာ CB ဘဏ်မှာ သေနတ်ပြလုယက်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၀ – ၂၀၂၃ SN +GG (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်က သေနတ်ပြလုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လုယက်သူဟာ အမျိုးသားတဦးဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေကျပ် ၅၀၀၀ တန် ၊ ကျပ်သိန်း ၅၀ ခန့်ကို လုယူပြီး ရန်ကုန်-ပုသိမ် ကားလမ်းဘေးမှာ အသင့်စောင့်နေတဲ့ AD Van အဖြူရောင် အငှားယာဉ်ပေါ်တက်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ “ကောင်တာပေါ်က သိန်း ၅၀ ကိုပဲ ယူသွားတာ။ လူတွေကိုတော့ အန္တရာယ်ပေးမသွားဘူး။ ယူပြီးပြီးချင်း ပြန်ထွက်ပြေးသွားပြီး အသင့်စောင့်နေတဲ့ ကားပေါ်…
Read Moreမြန်မာ့အရေးဖြေရှင်းရာမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကပါဖို့ ထိုင်းကို မလေးရှား၀န်ကြီးချုပ် တိုက်တွန်း
ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေပါ၀င်ဖို့ ထိုင်းနိုင်ငံကို မလေးရှား၀န်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်လိုက်ပါတယ်။ မလေးရှား၀န်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးခဲ့ရာမှာ အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပြီး ၀န်ကြီးချုပ်နှစ်ဦးအကြား ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေနဲ့ပတ်သက်ပြီး ထင်သလောက်တုံ့ပြန်ခြင်းမရှိတာကြောင့် နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လုပ်ဖို့ကလွဲပြီး မိမိတို့လုပ်နိုင်တာ အနည်းငယ်ပဲရှိကြောင်း မလေးရှား၀န်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ သံတမန်ရေးရာအားထုတ်မှုတွေကို အာဆီယံအဖွဲ့က ဦးဆောင်ကြိုးပမ်းနေပါတယ်။ မကြာသေးမီကကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ မြန်မာကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ Ref: Straits Times Photo: AFP #voiceofmyanmar #VOM #ဘန်ကောက်
Read Moreလှိုင်သာယာမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်မှုအမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့
ဖေဖော်ဝါရီ ၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အပိုင်း ၆၊ ဗိုလ်တေဇပတ်လမ်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီ၊ ၃၈ မိနစ်အချိန်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်မှာ အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အမျိုးသားတဦး မီးလောင်သေသွားပြီ။ ဗိုလ်တေဇပတ်လမ်းဘေးက ကျူးကျော်အိမ်တွေမှာလောင်တာပါ။ သေဆုံးသူရဲ့ Dead Body ကိုတော့ နာရေးကူညီမှုအသင်းကားနဲ့ လှိုင်သာယာဆေးရုံကို ပို့လိုက်ပါတယ်“လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်ဟာ အချိန်အားဖြင့် ၁၆ မိနစ်ဝန်းကျင် ရှိခဲ့ပြီး လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၁ နာရီ ၅၄ မိနစ်တွင်မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။…
Read Moreရေဦးမြို့မှာ လက်နက်ကြီးကျပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံး၊(၂)ဦးဒဏ်ရာရ
ဖေဖော်ဝါရီ၊ ၉-၂၀၂၃ MM(VOM) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ရွာအတွင်းထဲကို မနေ့ ဖေဖော်ဝါရီ ၈ရက် ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ညပိုင်းကဖြစ်တာ ဇီးကန်ရွာထဲကိုကျတာ ညဘက်ပါ၊ အမျိုးသမီး၂ ယောက်သေဆုံးပြီး အမျိုးသား၂ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နွား ၆ ကောင်လည်း သေဆုံးခဲ့တယ်၊ လူနေအိမ်တွေလည်း မနည်းပျက်စီးခဲ့တာ တွေ့ရတယ်၊ သေဆုံးသွားတဲ့ အမျိုးသမီး၂ ယောက်က အသက် ၄၀ ဝန်းကျင်အရွယ် မစိန်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မငြိမ်းငြိမ်းတို့ပါ ၊ ဒဏ်ရရှိခဲ့တဲ့အမျိုးသား၂ ယောက်ကို ဆေးရုံကိုတင်ပို့ထားရတယ်။”လို့ ဒေသခံ ရပ်မိရပ်ဖ တဦးကပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က”ရွာမှာတိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး ၊ လက်နက်ကြီးက ဘယ်လိုကျတာလည်း မပြောတတ် သလောက်ပါပဲ ၊…
Read Moreဆိုမာလီပြည်သူတွေ ဧပြီလကစပြီး အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသတိပေး
မိုဂါဒစ်ရှူး ၊ ဖေဖော်ဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံမှာ လက်ရိ်ှမိုးလေ၀သခန့်မှန်းချက်များအရ ခြောက်နှစ်ဆက်တိုက်မိုးခေါင်းမှုဖြစ်ပေါ်နေတာကြောင့် လာမည့်ဧပြီလမှစပြီး ပြည်သူတွေ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၈ ရက်မှာ သတိပေးလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ဆယ်စုနှစ်များစွာအတွင်း အရှည်ကြာဆုံးနဲ့ အပြင်းထန်ဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုမာလီယာနိုင်ငံမှာ ပြည်သူ ခုနှစ်သန်းကျော် ဆက်လက်ခံစားနေရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆိုမာလီယာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တုံ့ပြန်ကူညီမှုတွေ လက်ရှိချိန်ထိ လုံလောက်ခြင်းမရှိဘူးလို့ မြို့တော်မိုဂါဒစ်ရှူးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ ဆိုမာလီယာအစိုးရနဲ့ အကူအညီပေးရေးအေဂျင်စီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ အကူအညီများဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဒေါ်လာ ၂ ဒသမ ၅ သန်းတောင်းခံထားသည်။ မိုးခေါင်ရေရှားမှုကြောင့် ပြည်သူ ၁ ဒသမ ၄ သန်း နေရပ်စွန့်ခွာခဲ့ရပြီး တိရိစ္ဆာန်ကောင်ရေ ၃ ဒသမ ၅ သန်းသေဆုံးခဲ့ပါတယ်။ ဆိုမာလီပြည်သူတွေဟာ ရာသီဥတုပြောင်းလဲစေနိုင်တဲ့…
Read Moreဘူးသီးတောင်မှာ ပျောက်ဆုံးသွားတဲ့ ခမီအမျိုးသား တဦးကို ၄ ရက်ကြာမှ ဓားဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့
ဖေဖော်ဝါရီ ၉- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောင်းတောင်အုပ်စု၊ ဂန္ဒရူးအောက်ရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ သက်ကြီးပိုင်း ခမီအမျိုးသားတဦးကို မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဓားဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ဂန္ဒရူးအောက်ရွာ (ခမီရွာ) က အသက် (၄၀) ကျော်အရွယ် ဦးစိန်ဖြူဖြစ်ကြောင်း ရွာနဲ့သိပ်မဝေးတဲ့ စမ်းပတီးချောင်းအတွင်း ငါးရှာသွားစဉ်ပျောက်ဆုံးသွားရကနေ အခုလို ဓားထိုးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ရွာသားတွေ ရှာဖွေတဲ့ ၅ ရက်မြောက်နေ့မှာ သေဆုံးပြီးတွေ့ရှိတာလို့ ဒေသခံတဦးက VOMကို ပြောပါတယ်။ ဂန္ဒရူးကျေးရွာ ဒေသခံတဦးကလည်း “ အဲဒီနေ့ ၃ နာရီလောက်က ငါးမြူးထောင်ထားတာကို ပြန်ဖော်ဖို့သွားတဲ့အခါ ပြန်မလာတဲ့အခါမှာ လိုက်ရှာကြတာပါ။ လိုက်ရှာတဲ့အခါ ဆိုင်ကယ်ကိုဘဲတွေ့တယ်။ အဲဒီလိုရှာရင်းနဲ့…
Read Moreတူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိလာ
အန်ကာရာ၊ ဖေဖော်ဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) တူရကီနဲ့ ဆီးရီးယာတို့မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးအရေအတွက်ဟာ ၁၅၀၀၀ ကျော်ထိမြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ရေးမှာ ရာသီဥတုဆိုးရွားမှုတွေကြောင့် အခက်အခဲတွေကြုံနေရပြီး အေးခဲနေတဲ့ရာသီဥတုအခြေအနေအောက်မှာ တတိယမြောက်နေ့ရှိလာပြီဖြစ်ပါတယ်။ အခုလိုရာသီဥတုအခြေအနေမျိုးကြောင့် ပိတ်မိနေသူတွေအနေနဲ့ အသက်အန္တရာယ်သိသိသာသာ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက သတိပေးထားပါတယ်။ အခုလိုငလျင်လှုပ်ခတ်ပြီးနောက် တူရကီအစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေဟာ နှောင့်နှေးတယ်လို့ ဝေဖန်ခံနေရပေမယ့် သမ္မတအာဒိုဂန်ကတော့ ပယ်ချထားပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးတွေအတွက် ကြိုတင်ကာကွယ်ဖို့မဖြစ်နိုင်ကြောင်းနဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြသနာအချို့ကြုံခဲ့ရကြောင်း အာဒိုဂန်က လက်ခံပြီး အခုအခါမှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ တူရကီနဲ့ဆီးရီးယားအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကူအညီနဲ့ အထောက်အပံ့တွေ ပေးပို့လျှက်ရှိနေပါတယ်။ Ref: BBC #voiceofmyanmar #VOM #အန်ကာရာ
Read More