ငလျင်အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ဆီးရီးယားကလေးငယ်ကိုမွေးစားဖို့ လူထောင်ပေါင်းများစွာ ကမ်းလှမ်းနေကြ

ဒမတ်စကတ်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းနဲ့ တူရကီမှာ အင်အားပြင်းမြေငလျင်လှုတ်ခပ်ပြီးနောက် ဆီးရီးယားနိုင်ငံက အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ကိုမွေးစားဖို့ ကမ္ဘာတ၀န်းက လူထောင်ပေါင်းများစွာက ကမ်းလှမ်းမှုတွေလုပ်နေပါတယ်။

အာရဗီလို အံ့ဖွယ်ရာလို့အဓိပ္ပါယ်ရပြီး အယာလို့အမည်ပေးထားတဲ့အဲဒီ မွေးကင်းစကလေးငယ်ကို အပျက်အစီးတွေအောက်က ကယ်တင်ခဲ့ချိန်က သူမရဲ့ချက်ကြိုးဟာ မိခင်ဖြစ်သူနဲ့ဆက်နေဆဲဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ ဂျင်ဒေးရစ်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အဲဒီကလေးငယ်ရဲ့ မိဘနှစ်ဦးအပြင် မွေးချင်းမောင်နှစ်မ လေးဦးစလုံး သေဆုံးသွားခဲ့ပြီး အယာကတော့ လက်ရှိမှာ ဆေးရုံတက်နေရပါတယ်။

ကလေးငယ်ဟာ တနင်္လာနေ့ကငလျင်လှုပ်ခတ်အပြီးမှာ မွေးဖွားခဲ့ပြီး အဲဒီနေ့က ပွန်းရာခြစ်ရာ ဒဏ်ရာတွေနဲ့ အအေးလွန်းပြီး အသက်ရှူရခက်ခဲ့နေခဲ့ပြီး လက်ရှိတွင် အခြေအနေတည်ငြိမ်ကြောင်း ကလေးအထူးကုဆရာ၀န်တဦးက ပြောပါတယ်။

ကလေးငယ်ရဲ့သတင်းကိုကြားသိပြီးနောက်မှာ ကမ္ဘာတ၀န်းက လူထောင်ပေါင်းများစွာဟာ သူ့ကိုမွေးစားဖို့အတွက် အသေးစိတ်အချက်အလက်တွေကို တောင်းခံခဲ့ကြပြီး ဖုန်းခေါ်ဆိုမှုများစွာကိုလည်း လက်ခံရရှိထားတယ်လို့ ဆေးရုံတာ၀န်ရှိသူတဦးကပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဒမတ်စကတ်

Related posts

Leave a Comment

VOM News

FREE
VIEW