ရန်ကုန်မှာ တစ်လအတွင်း အထောက်အထားမဲ့(၁၄၈)ဦး ဖမ်းဆီးခံရပြီး (၇၇)ဦး ထောင်(၂)နှစ်ချခံထားရ

ဇန်နဝါရီ ၃၁-၂၀၂၃ KK(VOM) ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဒဂုံ၊သန်လျင်၊မရမ်းကုန်းနဲ့ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလအတွင်း အထောက်အထားမဲ့ (၁၄၈)ဦးဖမ်းဆီးခံရပြီး (၇၇)ဦးကို လဝကဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချထားတယ်လို့ ဖမ်းဆီးခံရတဲ့ မြို့နယ်တွေဆီက သိရပါတယ်။ မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက်၊ တိုးကြောင်လေးဘူတာမှာ ဇန်နဝါရီ၂ ရက်နေ့ မနက်ပိုင်းက ရထားလက်မှတ်ဝယ်ဖို့စောင့်နေတဲ့ ပွဲစားနှစ်ဦးနဲ့ အထောက်အထားမဲ့ အမျိုးသား(၈)ဦး၊ အမျိုးသမီး တဦးဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။ “မြောက်ဒဂုံမှာ ဖမ်းမိတဲ့သူတွေကတော့ အမှုဖွင့်စစ်ဆေးနေတုန်းပဲ အခုလောက်ဆို အမှုက တရားရုံးတောင် ရောက်နေုပြီ”လို့ ​ပြောပါတယ်။ သံလျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ ၃၀ လမ်းက နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ ၂ ရက်က ရခိုင်ပြည်နယ်ဘက်က ရောက်လာတဲ့ အထောက်အထားမဲ့( ၇၇)ဦးကို ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။…

Read More

ရန်ကုန်မှာ တစ်လအတွင်း ပစ်ခတ်မှုကြောင့် ၉ ဦးသေ၊ ၈ဦးဒဏ်ရာရ

ဇန်နဝါရီ ၃၁-၂၀၂၃ KK(VOM) ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် စစ်တပ်မှအရာရှိအချို့အပါအဝင် လူ(၉)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။ လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်း၊သာကေတ၊မရမ်းကုန်း၊လှိုင်၊တွံတေးနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၃၀ရက်နေ့အထိ ပစ်ခတ်မှုတွေဖြစ်လို့ သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ “ဒီလထဲမှာ ပစ်ခတ်ခံရတဲ့အထဲမှာ တပ်ဘက်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ အငြိမ်းစားတွေ (၄)ဦးလောက်ပါတယ် ကျန်တာက အုပ်ချုပ်းရေးဘက်က ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။ သေဆုံးသူတွေမှာ ဗိုလ်မှုးတဦး၊အငြိမ်းစားဗိုလ်မှူးနှစ်ဦး၊အငြိမ်းစားဗိုလ်ကြီးတဦး၊အကျဥ်းဦးစီးဝန်ထမ်းဟောင်းတဦး၊အုပ်ချုပ်ရေးမှူးတဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး၊ရာအိမ်မှူးတဦးနဲ့အမျိုးသမီးတဦးတို့ဖြစ်ပြီး ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တွံတေးမြို့ခံတဦးက VOM ကိုပြောပါတယ်။ “တွံတေး လာကပုံမှာဆို ဓားပြတိုက်မိ သေနတ်နဲ့ပစ်သွားလို့ လင်မယားနှစ်ယောက်ဒဏ်ရာရသေးတယ် ရွှေတစ်ဆယ်သားနဲ့ ငွေသိန်းခြောက်ဆယ်ပါသွားတယ် “လို့ ပြောပါတယ်။ မနေ့ညပိုင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOM…

Read More

ရေးမြို့နယ်တွင် အဘိုးအို ၁ ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်

ဇန်နဝါရီ ၃၁ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ မနေ့ ဇန်နဝါရီ ၃၀ ရက်၊ မနက်ပိုင်းက အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးအို ၁ ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ့ အဘိုးအိုဟာ ကြိုးတံတားချောင်းနားက သူ့ရဲ့ဥယျာဉ်ခြံမှာ ရေပိုက်လာပြင်ချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။ “ကြိုးတံတားချောင်းနားမှာ။ မိုင်းက ပြည်သူပိုင် ဥယျာဉ်ခြံတွေပါ ထောင်နေတာ။ အဲ့ဒီချောင်းနားမှာ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်တယ်“လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာ မြေမြှုပ်မိုင်းနင်းမိခဲ့သူကို လမိုင်းဆေးရုံကနေ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။ အဲ့ဒီနေရာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆိုင်ကယ်…

Read More

စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း လူသတ်မှု ၄၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ ၇၀ ကျော်ရှိ

ဖေဖော်ဝါရီ ၊ ၁ – ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်း လူသတ်မှုဖြစ်စဥ် ၄၀ ကျော်ဖြစ်ပွားပြီး ၊ အဲ့ဒီလူသတ်မှုတွေကြောင့် သေဆုံးရတဲ့သူ ၇၀ ကျော်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အရာတော်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်သူ သားအဖ ၂ ယောက်သတ်ခံရတာ အပါအဝင် ၁ လအတွင်း အသတ်ခံရတာ ၁၄ ယောက်ကျော်တယ် ၊ ရွှေဘိုနယ်မှာလည်း တောင်သူတွေ သတ်ခံရတာ ၁၀ ယောက်ကျော်တယ် ၊ ကန့်ဘလူနယ်မှာကတော့ မိသားစုလိုက် အသတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၈ လောင်းပြိုင် ဖြစ်တယ် ၊ ချောင်းဦးမြို့နယ် ၊…

Read More

ပဲခူးတိုင်းမှာ တစ်လအတွင်း အသတ်ခံရသူ (၁၄)ယောက်ရှိပြီး၊ လူ(၂၀)ကျော် ဒဏ်ရာရခဲ့

ဖေဖော်ဝါရီ ၁ -၂၀၂၃ GG(VOM) ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း အသတ်ခံရသူပေါင်း (၁၄)ယောက်ရှိပြီး ဒဏ်ရာရသူက(၂၀)ကျော်ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေထဲမှာ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ၊ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ရာအိမ်မှူးတွေ ပါဝင်သလို အရပ်သားဒေသခံတွေလည်းပါတယ်လို့သိရပါတယ်။ ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေသူတွေထဲမှာတော့ကလေးငယ်(၂)ဦးလည်းပါဝင်ကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ သေနတ်နဲ့ပစ်ခံရသူ၊ ထောင်ထားတဲ့မိုင်းနင်းမိလို့ ဒဏ်ရာရသူနဲ့ နေအိမ်ပေါ် ဗုံးကျလို့ ဒဏ်ရာရသူတွေဖြစ်တယ်လို့သိရပါတယ်။ ” အုပ်ချုပ်ရေးမှူးတွေအသတ်ခံရတာရှိတယ်၊အရပ်သားတွေကျ သတင်းပေး၊ပျူစောထီးဆိုပြီးသတ်တာတွေရှိတယ်၊ဟိုအရင်ရက်ကဆို သဲကုန်းကရာအိမ်မှူးအသတ်ခံရတယ်လေ၊ရွေးကောက်ပွဲအတွက်လူစာရင်းကောက်လို့ဆိုပြီးသတ်ခံရတာ ၊သေနတ်နဲ့ပစ်ခတ်တာတော့အများဆုံးကြားရတယ်”လို့ ဒေသခံပရဟိတသမားတွေကပြောပါတယ်။ မင်းလှမြို့၊သဲကုန်းမြို့နယ်၊ဒိုက်ဦး၊ ပဲခူးမြို့၊ ထန်းတပင်မြို့နယ် ၊ ကျောက်တံခါး၊ဖြူး၊ညောင်လေးပင်၊ကျောက်ကြီး စတဲ့မြို့နယ်အချို့မှာ လူသတ်တာတွေ၊ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျောက်ကြီးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်ကတော့ အသတ်ခံရတာ၊ မိုင်းနင်မိလို့ ထိခိုက်ဒဏ်ရာရသူပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းထဲက ကျောက်ကြီးလမ်းမှာ တံတား၂ စင်းလည်း ဖောက်ခွဲဖျက်ဆီးခံရတယ်လို့သိရပါတယ်။ ကျောက်ကြီးနဲ့ကျောက်တံခါးဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် စစ်ဘေးရှောင်နေရတဲ့ နေရပ်စွန်ခွာထွက်ပြေးသူတွေရှိနေတယ်လို့…

Read More
VOM News

FREE
VIEW