မူဝါဒအခက်အခဲတွေကြောင့် ပြည်ပကို အစေ့ထုတ်ပြောင်း တင်ပို့မှု လျော့ကျသွားနိုင်

ဖေဖော်ဝါရီ ၁၈ -၂၀၂၃ GG(VOM) ပြည်တွင်းကနေ ထွက်ရှိတဲ့ အစေ့ထုတ်ပြောင်း တွေကို ပြည်ပ တင်ပို့ရာမှာ မြန်မာဘက်ကမူဝါဒအပြောင်းအလဲတွေကြောင့် တင်ပို့မှုလျော့ကျသွားနိုင်တယ်လို့ ပြောင်း တင်ပို့တဲ့ကုန်သည်တွေဆီက သိရပါတယ်။ ပြောင်းလဲလိုက်တဲ့မူဝါဒအထဲက နယ်စပ်ကနေ ပို့ကုန်ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ လဲရမယ်ဆိုတဲ့အချက်နဲ့ လိုင်စင်ထုတ်ပေးမှုကြန့်ကြာတာတွေအပါအဝင် တခြားအခက်အခဲတွေကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။ မူဝါဒအပြောင်းအလဲတွေကြောင့် ထိုင်းကို ပြောင်းတင်ပို့မှုဟာ တနေ့ကို အစီး ၄၀၀ လောက်ကနေ လက်ရှိမှာ တနေ့ကို ပြောင်း တွဲကား အစီး ၁၀၀ လောက်သာ တင်ပို့နိုင်တော့တယ်လို့ သိရပါတယ်။ ” တင်ပို့တဲ့နေရာမှာ အချိန်လည်းအရမ်း‎နှောင့်နှေးတယ်။ မှုဝါဒတွေပေါ့။လုပ်ရကိုင်ရခက်တယ်။ပုံမှန်ကောင်းနေတဲ့အချိန်ကဆို တစ်နေ့ကိုအစီးရေ ၃၀၀ နဲ့၄၀၀ကြားပို့ခဲ့ကြတာ။ အခုကတော့ အဲ့ဒီလိုလုပ်နိုင်ခြင်းတော့မရှိဘူး။မူဝါဒအခက်အခဲရှိရင် ကျသွားနိုင်တာပေါ့”လို့ ပြောင်းတင်ပို့နေတဲ့ကုန်သည်တဦးကပြောပါတယ်။ လက်ရှိ ပြောင်းတင်ပို့မှုဟာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတာဖြစ်တဲ့အပြင် ထိုင်းဘက်ကလည်း ပြောင်းဝယ်လိုအားကောင်းနေပြီး စျေးကအမြင့်တန်းမှာရှိတယ်လို့…

Read More

ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယားပစ်ခတ်၊ မိုင် ၅၆၀ ပျံသန်းပြီး ဂျပန်ပင်လယ်ထဲကျရောက်

ပြုံးယမ်း၊ ဖေဖော်ဝါရီဲ-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ  တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစင်းကို ဖေဖော်ဝါရီ ၁၈ရက်က ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ ဟွာဆောင်- ၁၅ တိုက်ချင်းပစ်ဒုံးကျည် ဖြစ်ပြီးကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) ကျော်ကို ၆၇ မိနစ်ကြာ ပျံသန်းခဲ့ကာ ဂျပန်ပင်လယ်ထဲ ကျရောရ်ခဲ့ပါတယ်။ အခုလိုပစ်ခတ် စမ်းသပ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့လို ရန်လိုတဲ့တပ်ဖွဲ တွေွကို တန်ပြန်နိုင်စွမ်းရှိကြောင်း ပြသခဲ့တာလို့ မြောက်ကိုရီးယားက ပြောပါတယ်။ လက်ရှိကျည်စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ တိုးပွားလာနေတဲ့နျူကလီးယား ခြိမ်းခြောက်မ တေွကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။  မြောက်ကိုရီးယားကို ကျူးကျော်ရန်စဖို့ပြင်ဆင်နေတဲ့ ဘယ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုမျိုးကိုမဆို ယခင်က မကြုံစဖူး ပြင်းထန်စွာ လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ခြိမ်းခြောက်ထားပါတယ်။ …

Read More

မြန်မာ့အရေးဖြေရှင်းဖို့ ချဥ်းကပ်ပုံနဲ့ဗျူဟာသစ်ရှာဖို့ အာဆီယံကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့နိုင်ငံးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့အနေနဲ့ ချဥ်းကပ်ပုံးနဲ့ဗျူဟာသစ်တွေရှာဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က တိုက်တွန်းလိုက်ပါတယ်။  မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနှးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေခိုလုုံမှုတွေကြောင့် ဒါဟာမြန်ပြည်တွင်းရေးလို့ သတ်မှတ်မရတော့ကြောင်း မလေးရှားဝန်ကြီးချုပ်က ထိုင်း PBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ အာဆီယံအ နေဲ့ ချဥ်းကပ်ပုံနဲ့ဗျူဟာသစ်တွေ မရှာဖွေဘူးဆိုရင် မြန်မာ့အရေး ဖြေရှင်းနိူင်ဖွယ် မမြင်ဘူးလို့ ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကပြောပါတယ်။ အာဆီယံဟာ ဒေသတွင်းမှာ အကျပ်အတည်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရကြောင်း၊ မြန်မာ့အရေးမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုက အလုပ်မဖြစ်တာကြောင့် အာဆီယံအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့လိုကြောင်း သူကပြောပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က သူဟာအာဆီယံခေါင်းဆောင်တွေထဲမှာ ဂျူနီယာသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး စင်ကာပူ၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့ကိုသွားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။  Ref: Bernama #voiceofmyanmar #VOM #ဘန်ကောက်

Read More

မြန်မာကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေတရုတ်ဘက်အခြမ်းကို တိုက်ရိုက် မောင်းဝင်ခွင့်ပြု

ဖေဖော်ဝါရီ ၁၉-၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ကနေ တရုတ်ဘက်ခြမ်း ဝမ်တိန်ဘက်အတွင်းက်ို မနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစ မြန်မာကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုက်ရိုက် မောင်းဝင်ခွင့်ပြုပြီဖြစ်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။  “စာအုပ်တွေက လုပ်ပေးမှာတဲ့။ ဘယ်မြို့နယ်မဆို လုပ်လို့ရပြီ။ ဒါပေမယ့် သေချာညွှန်ကြားချက်တွေ မသိရသေးဘူး။ သေချာ မသိသေးဘူးဖြစ်နေတယ်။” လို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင် တဦးက ပြောပါတယ်။ တရုတ်ဘက် ရွှေလီမြို့ နိုင်ငံခြားရေးရုံးကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေချောမွေ့စေရန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး တရုတ်၊မြန်မာ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ အနေနဲ့ ကုန်တင်ယာဉ် တစ်စီးလျှင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်…

Read More

မုဒုံ ဆံတော်ရှင်ကန်ကြီးစေတီတော် ရေကန်မှာ သားဖြစ်သူရေနစ်တာကို လိုက်ကယ်ရင်း အဖေရောသားပါရေနစ်သေဆုံး

ဖေဖော်ဝါရီ ၁၉ – ၂၀၂၃ GG(VOM) မွန်ပြည်နယ်၊မုဒုံမြို့ဆံတော်ရှင်ကန်ကြီးစေတီတော် ရေကန်မှာ သားအဖ ၂ဦး ရေနစ်သေဆုံးမှု မနေ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့လူမှုကူညီရေးအသင်းဆီကသိရပါတယ်။ သားဖြစ်သူက ရေထဲဆင်းကစားရင်း ရေနစ်နေတာကို အဖေဖြစ်သူက ဝင်ပြီးကယ်ဆယ်ရာ အဖေဖြစ်သူပါ ရေနစ်ပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ၄နာရီ ခွဲလောက်မှာ သတင်းရလို့ သွားရှာဖွေရေးလုပ်တော့၅နာရီလောက်မှာရှာတွေ့ပါတယ်။အကုန်လုံးအမဲရောင်အဆင့်ပါပဲ”လို့ မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့MERT အဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးတဲ့ကလေးငယ်က အသက် ၁၀ နှစ် အရွယ်ဖြစ်ပြီး လက်ရှိမှာ သားအဖနှစ်ယောက်လုံးရဲ့ရုပ်အလောင်းတွေကို မုဒုံဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အလောင်းတွေ့ချိန်မှာ ရှေးဦးပြုစုနည်းတွေနဲ့ကုသ ပြုစုပေးခဲ့ပေမယ့် သေဆုံးခဲ့တာဖြစ်တယ်ပြီး သေဆုံးသူ သားအဖဟာ မုဒုံ၊ ကုက္ကိုတန်းရပ်မှာနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မုဒုံ #ရေနစ် #သားအဖနှစ်ဦးသေဆံ

Read More

ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေက သန္တာကျောက်တန်းတွေ ခွာယူပြီး ရောင်းချနေသူတွေရှိနေ

ဖေဖော်ဝါရီ ၁၉-၂၀၂၃  MM(VOM)  ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့နဲ့ ချောင်းသာမြို့ရှိ ကမ်းခြေတွေက သဘာဝသန္တာကျောက်တန်းတွေကို ခွာယူရောင်းချနေတဲ့သူတွေရှိလာတာကြောင့် ပြုန်းတီးမှုအန္တရာယ်တွေရှိလာတယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းအဖွဲ့ တာဝန်ရှိတွေဆီကနေ သိရပါတယ်။  သဘာဝ သန္တာကျောက်တန်းတွေကို ခွာယူရောင်းချတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဝယ်ယူတာ ၊ ပြန်လည် ရောင်းချတာတွေ မလုပ်ကြဖို့နဲ့ ဒေသခံတွေက သန္တာကျောက်တန်းတွေ ပျက်စီးရင် အဖိုးတန် ဇီဝမျိုးကွဲတွေ ဆုံးရှုံးနိုင်သလို ရေလုပ်ငန်းတွေကိုလည်း ထိခိုက်လာနိုင်တာကြောင့် အားလုံး ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ အဏ္ဏဝါသိပ္ပံဌာနက ပါမောက္ခတယောက်ကပြောပါတယ်။  ”အဏ္ဏဝါရဲ့အဓိကဂေဟစနစ်တွေထဲမှာ သန္တာကျောက်တန်း ဂေဟစနစ်တခု အပါအဝင်ဖြစ်ပြီး အဖိုးတန် ဇီဝမျိုးကွဲပေါင်း မြောက်များစွာ မှီတင်းနေထိုင်ကြတယ်၊ ကိုယ့်လောဘ တခု ကိုယ့်ကိုယ်ကျိုးတခုတည်း မကြည့်ကြဖို့ အရင်ပြောချင်တယ် ၊ ဘာကြောင့်လည်း ဆိုတော့ သန္တာကျောက်တန်းတွေ ပျက်စီးသွားရင် သန္တာကျောက်တန်း ဂေဟနစ်ကို မှီတင်းနေထိုင်ကြတဲ့ ငါးသယံဇာတ အပါအဝင်…

Read More

မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူကို ငွေ သိန်း၅၀၀၀ လိမ်လည်မှုနဲ့အမှုဖွင့်

ဖေဖော်ဝါရီ ၁၈ -၂၀၂၃ GG(VOM) ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်ကို ငွေကျပ် သိန်း ၅၀၀၀ လိမ်လည်ချေးယူမှုနဲ့ အင်းတကော်ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့သိရပါတယ်။ အဆိုပါ ချေးငွေ သိန်း ၅၀၀၀ ကို မို့မို့မြင့်အောင်နဲ့ အမျိုးသားဖြစ်သူ ဦးမောင်မောင်ကျော်အနေနဲ့ ငွေပြန်လည်ပေးဆပ်ဖို့  အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့်  ရှောင်တိမ်းကာ ထွက်ပြေးနေတာကြောင့် ငွေထုတ်ပေးသူ ဦးစိုးလိူင်က အခုလိုအမှုဖွင့်တိုင်ကြားလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” သူတို့နဲ့တွေ့ပြီး ညှိနိူင်းတယ်၊ သိန်း ၅၀၀၀ ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ သိန်း ၃၀၀၀ အရင်ပေးရမယ်၊နောက်ကျန်တဲ့၂၀၀၀ ကို အခုနှစ် ဒီဇင်ဘာလကုန်မှာပြန်ပေးရမယ်ဆိုပြီး သက်သေတွေနဲ့အုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိထိုးထားတာ၊ဒါကို ပထမအကြိမ်၃၀၀၀ လည်းမဆပ်ဘူး၊လူတွေကလည်း ရှောင်နေလို့ ဦးစိုးလိူင်က အမှုဖွင့်လိုက်တာလို့ သိရတယ်”လို့ ဦးစိုးလှိုင်မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ မို့မို့မြင့်အောင်တို့နှစ်ယောက်ဟာ ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်လို့ဆိုပြီး ဦးစိုးလိူင်ဆီက သိန်း၅ထောင် လာရောက်ချေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ငွေထုတ်ချေးသူ ပဲခူးမြိုနယ်၊အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေ…

Read More

နမ့်ပေါ်တံတား အနီးမှာ တွဲကားတစီးမှောက်ပြီး ယာဉ်မောင်း သေဆုံး၊ယာဉ်နောက်လိုက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈၊၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်နဲ့ ၁၀၅ မိုင်ကြား နမ့်ပေါ်တံတားအနီးမှာ သွင်းကုန် တွဲကား တစ်စီး မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီ ဝန်းကျင်က တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးကာ ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။  “ဘာတင်ထားတဲ့ ကားလဲတော့ မကြည့်မိလိုက်ဘူး။ လူပဲ လုပ်ပေးနေရတော့။ တွဲကားပဲ မူဆယ်ဘက်က ဆင်းလာတာ။ ကားဆရာသေသွားတယ်။ စပယ်ယာက မသေဘူး။”လို့ လူမှုကူညီရေးအသင်းမှာ ပါဝင်ကူညီခဲ့သူ တဦးကပြောပါတယ်။  ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူကို ခရိုင်မီးသတ်တပ်ဖွဲ့၊ နှလုံးလှ လူမှုကူညီရေးအသင်း နဲ့ မြင့်မြတ်ပါရမီအသင်းတို့က ကူညီကယ်ဆယ်ခဲ့ပြီး မူဆယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။  “ကျနော် အတက်တုန်းက အဲ့ဒီကားကိုတွေ့လိုက်တယ်။ ဒရိုင်ဘာနဲ့ စပယ်ယာနဲ့…

Read More

မြေမြုပ်မိုင်းဟောင်းပေါက်ကွဲလို့ ကလေးငယ် (၁)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်နယ် ၊တန့်ယန်းမြို့၊ ရပ်ကွက်(၂)၊ နောင်ဖာလမ်း၊ အုပ်စု(၁-ဃ) ဦးလုံးလှ ဆိုသူရဲ့ ခြံဝန်းထဲမှာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်က ကန်စွန်းဥ တူးဖော်ရာကနေ မြေမြုပ်မိုင်းဟောင်းတစ်လုံး ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကလေး ၂ ယောက်က သူတို့ရဲ့ အဘိုးတော်စပ်သူရဲ့ ခြံဝန်းထဲမှာ ကန်စွန်းဥတူးကြတယ် ၊ အဲ့ဒီအခါ မိုင်းဟောင်း တစ်လုံးပေါ် တူးမိပြီး ပေါက်ကွဲသွားတာ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့်  စိုင်းစွမ်ဖ ၄ နှစ် ၆ လက လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာ ဒူးခေါင်းအောက် ပြတ်ထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ…

Read More

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမအနီး တောလမ်းကြားမှာ ကားတစီး ရက်အတော်ကြာ ရပ်ထားလို့ ရဲစခန်းမှာ အပ်ထား

ဖေဖော်ဝါရီ ၁၈-၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမ၊ မူဆယ်ဘက် အထွက် ပန်ဂျရော့ရွာအနီး ကြံခင်းနားက တောလမ်းကြားမှာ ကားတစီး ရက်အတော်ကြာ ရပ်ထားပြီး ပိုင်ရှင် ပေါ်မလာတာကြောင့် ရဲစခန်းမှာ အပ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  “ကျနော်လည်း ရဲစခန်းကို သွားအပ်လိုက်တယ်ဆိုတာက သူ့ပိုင်ရှင်၊ သူ့ရဲ့ဆွေမျိုးတွ မြန်မြန်သိအောင်ပေါ့နော်။ ကားပိုင်ရှင်ကတော့ ဘယ်လိုဖြစ်နေတယ် ကျနော်တို့လည်း မသိဘူး။ သူ့ရဲ့ဆွေမျိုးတွေ ဒီကားကို မြန်မြန်တွေ့အောင် သတင်းမြန်မြန်ရအောင် ဆိုပြီးတော့ ရဲစခန်းကို သွားအကြောင်းကြားလိုက်တာ။”လို့ မျက်မြင်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တပတ်အတွင်း သူ့ကြံခင်းနားမှာ တောမီး(၃)ကြိမ်ခန့် လောင်ခဲ့တာကြောင့် ရွာခံတွေ အများအပြားနဲ့ သွားရောက် မီးငြှိမ်းသတ်ရာမှာ အဲဒီကားကို တွေ့ခဲ့ပြီး အကြိမ်ကြိမ်သွားခဲ့ပေမယ့် ကားက လာမယူဘဲ ရှိနေတာကြောင့် ရက်အနည်းငယ်…

Read More
VOM News

FREE
VIEW