ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယားပစ်ခတ်၊ မိုင် ၅၆၀ ပျံသန်းပြီး ဂျပန်ပင်လယ်ထဲကျရောက်

ပြုံးယမ်း၊ ဖေဖော်ဝါရီဲ-၁၉-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ  တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစင်းကို ဖေဖော်ဝါရီ ၁၈ရက်က ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဟွာဆောင်- ၁၅ တိုက်ချင်းပစ်ဒုံးကျည် ဖြစ်ပြီးကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) ကျော်ကို ၆၇ မိနစ်ကြာ ပျံသန်းခဲ့ကာ ဂျပန်ပင်လယ်ထဲ ကျရောရ်ခဲ့ပါတယ်။

အခုလိုပစ်ခတ် စမ်းသပ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့လို ရန်လိုတဲ့တပ်ဖွဲ တွေွကို တန်ပြန်နိုင်စွမ်းရှိကြောင်း ပြသခဲ့တာလို့ မြောက်ကိုရီးယားက ပြောပါတယ်။

လက်ရှိကျည်စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ တိုးပွားလာနေတဲ့နျူကလီးယား ခြိမ်းခြောက်မ တေွကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 မြောက်ကိုရီးယားကို ကျူးကျော်ရန်စဖို့ပြင်ဆင်နေတဲ့ ဘယ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုမျိုးကိုမဆို ယခင်က မကြုံစဖူး ပြင်းထန်စွာ လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ခြိမ်းခြောက်ထားပါတယ်။ 

Ref:BBC

Photo:Getty Images

#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW