မုဒုံ ဆံတော်ရှင်ကန်ကြီးစေတီတော် ရေကန်မှာ သားဖြစ်သူရေနစ်တာကို လိုက်ကယ်ရင်း အဖေရောသားပါရေနစ်သေဆုံး

ဖေဖော်ဝါရီ ၁၉ – ၂၀၂၃

GG(VOM)

မွန်ပြည်နယ်၊မုဒုံမြို့ဆံတော်ရှင်ကန်ကြီးစေတီတော် ရေကန်မှာ သားအဖ ၂ဦး ရေနစ်သေဆုံးမှု မနေ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့လူမှုကူညီရေးအသင်းဆီကသိရပါတယ်။

သားဖြစ်သူက ရေထဲဆင်းကစားရင်း ရေနစ်နေတာကို အဖေဖြစ်သူက ဝင်ပြီးကယ်ဆယ်ရာ အဖေဖြစ်သူပါ ရေနစ်ပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ညနေ၄နာရီ ခွဲလောက်မှာ သတင်းရလို့ သွားရှာဖွေရေးလုပ်တော့၅နာရီလောက်မှာရှာတွေ့ပါတယ်။အကုန်လုံးအမဲရောင်အဆင့်ပါပဲ”လို့ မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့MERT အဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးတဲ့ကလေးငယ်က အသက် ၁၀ နှစ် အရွယ်ဖြစ်ပြီး လက်ရှိမှာ သားအဖနှစ်ယောက်လုံးရဲ့ရုပ်အလောင်းတွေကို မုဒုံဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အလောင်းတွေ့ချိန်မှာ ရှေးဦးပြုစုနည်းတွေနဲ့ကုသ ပြုစုပေးခဲ့ပေမယ့် သေဆုံးခဲ့တာဖြစ်တယ်ပြီး သေဆုံးသူ သားအဖဟာ မုဒုံ၊ ကုက္ကိုတန်းရပ်မှာနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုဒုံ #ရေနစ် #သားအဖနှစ်ဦးသေဆံ

Related posts

Leave a Comment

VOM News

FREE
VIEW