ဆူးငှက် ပေါက်ကွဲေ တော့မည့် မီးတစ်စ ——————————- ပြည်သူအတွင်း အများဆုံး လည်ပတ်နေသည့် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း ရုတ်တရက်ကြေညာလိုက်အပြီး ၁၉၈၇ခု စက်တင်ဘာလအတွင်း တစ်ပြည်လုံးရှိ ကောလိပ်နှင့် တက္ကသိုလ်အသီးသီးတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြကာ လှည်းတန်းလမ်းဆုံ တွင်လည်း အုံကြွမှုဖြစ်ခဲ့ပြီး ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံးကို လူထုကဖျက်စီ်ခဲ့သည်။ ထိုနေ့ည ၈နာရီတွင် စာမေးပွဲဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်များအား ၆-၉-၁၉၈၇ နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံမှ ကြေငြာလိုက်သည်။ ထိုကျောင်းများအား ၂၆-၁၀-၁၉၈၇ နေ့တွင် ပြန်ဖွင့်၊ စာမေးပွဲဆက်ဖြေခိုင်းပြီး ပိတ်လိုက်ပြန်သည်။ ၁၉၈၇ခု စက်တင်ဘာ ၂၂ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ၄၅ကျပ်တန်နှင့် ၉၀ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်များ စတင်ထုတ်ဝေ။ ၁၉၈၇ခု အောက်တိုဘာ ၂၇ရက်တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ပြီး နိုင်ဝင်ဘာလဆန်း၌ စစ်တွေ ကောလိပ် တွင်…
Read MoreDay: July 16, 2026
ကလေးမြို့၊ အရာတော်မြို့၊ လွိုင်ကော်မြို့၊ နတ်မောက်မြို့နဲ့ ရမ်းဗြဲ – တောင်ကုတ်လမ်းပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်
ဇူလိုင် ၁၅ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နဲ့ အရာတော်မြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ နတ်မောက်မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ – တောင်ကုတ်လမ်းပေါ်မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ကလေးမြို့နယ် (တောင်ပိုင်း) မှာ ဒီကနေ့ ဇူလိုင် ၁၅ ရက်၊ မနက်ပိုင်းကနေစပြီး နေ့လယ်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ မနက် ၇ နာရီ ၁၉ မိနစ်ဝန်းကျင်ကနေစပြီး မနက် ၇ နာရီခွဲဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့သလို နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာလည်း လေကြောင်းတိုက်ခိုက်မှု…
Read Moreရွာငံမြို့နယ်မှာ DNDP ပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ လုပ်ငန်းရှင်တဦးကို အမည်မသိလက်နက်ကိုင်လူတစုက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံး
ရွာငံ၊ ဇူလိုင်- ၁၅- ၂၀၂၆ SA(VOM) ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ညောင်ပင်ခွကျေးရွာမှာ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ ဝက်လုပ်ငန်းကုမ္ပဏီလုပ်ကိုင်တဲ့ လုပ်ငန်းရှင် တို့နှစ်ဦးကို ဇူလိုင် ၁၄ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီခဲ့ပြီး ဦးခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ” သူကနေတာ မြင်းကျဒိုးကျေးရွာမှာနေတာ မြောက်ဘက် နှစ်မိုင်လောက်မှာ ညောင်ပင်ခွရွာဆိုတာရှိတယ်၊ အဲ့ဒီရွာရဲ့ ပဌာန်းသိမ်းအောင်ပွဲကို ဖိတ်လို့သွားတာပေါ့၊ သွားရင်းအပြန် အိမ်ဝင်လည်နေရင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်လာပြီးတော့ မြင်းကျဒိုးကလူတွေရှိလားလို့ မေးတယ်လို့ပြောတယ်ဗျ၊ မြင်းကျဒိုးက လူနှစ်ယောက်တွေ့တော့ ဖမ်းခေါ်သွားပြီး အဲ့ဒီအိမ်ရဲ့ အပြင်မှာတင် လက်ပြန်ကြိုးတုတ်ပြီး အနောက်ကနေ ဦးခေါင်းကို သေနတ်နဲ့ပစ်သွားတယ်လို့ သိရပါတယ်” လို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက VOM ကိုပြောပါတယ်။ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံရတဲ့…
Read Moreလူငယ်ထု အနာဂတ်အတွက် ပြည်တွင်းအလုပ်အကိုင်နဲ့ မျှတတဲ့လစာ ဖန်တီးပေးဖို့ လိုအပ်နေ
KKA(VOM) နိုင်ငံတနိုင်ငံရဲ့ အဓိကမောင်းနှင်အားဟာ ရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်ဘဲ လူသားအရင်းအမြစ် (Human Resources) ပဲဖြစ်ပါတယ်။ အထူးသဖြင့် တက်ကြွလှုပ်ရှားပြီး ဖန်တီးနိုင်စွမ်းရှိတဲ့၊ သင်ယူချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူငယ်ထုဟာ တိုင်းပြည်တပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန် ပြည်တွင်းမှာက လုံလောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ထိုက်တန်တဲ့ လစာနှုန်းထား မရရှိတာက အဖိုးတန်လူငယ်အင်အားစုတွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများဆုံးနဲ့ အမြန်ဆုံး ဖန်တီးပေးနိုင်ဖို့အတွက် အဓိကကျတဲ့ ကဏ္ဍနှစ်ခုကို အာရုံစိုက်ဖို့ အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေ အထူးလိုအပ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အခြေခံအလုပ်သမားတွေကစလို့ အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေနဲ့ စီမံခန့်ခွဲသူတွေနဲ့ ပန်းရန်၊ လက်သမားနဲ့ ကဏ္ဍစုံက လူသားအရင်းမြစ်တွေကို တပြိုင်နက်တည်း အလုပ်ပေးနိုင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဘိလပ်မြေ၊ သံမဏိနဲ့…
Read Moreညောင်ခါးရှည် စစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို လေလံတင် ရောင်းချမယ်
ဇူလိုင် ၁၅ – ၂၀၂၆ SN (VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ် က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် ဖမ်းဆီး၊ သိမ်းဆည်းထားတဲ့ ကုန်စည်အမှုတွဲ ၁၁ မှုကို လာမယ့် ဇူလိုင် ၁၇ ရက်နေ့၊ မနက် ၉ နာရီခွဲမှာ အဲဒီ စစ်ဆေးရေးစခန်းမှာပဲ လေလံတင်မယ်လို့ လေလံတင်ရောင်းချရေးအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။ လေလံတင် ရောင်းချမယ့် ကုန်ပစ္စည်းတွေကတော့ Used Phone, Used Copien ယာဉ်၊ စက်အပိုပစ္စည်း၊ ကားတာယာ၊ ဘက်ထရီ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဖြစ်ကာ မျက်မြင်အတိုင်း ဈေးပြိုင်စနစ်ကို အသုံးပြု၊ ရောင်းချသွားမှာဖြစ်ပြီး လေလံစာရွက် တစုံကို ကျပ် တသောင်းနှုန်းနဲ့ ရုံးချိန်အတွင်း ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆…
Read Moreလားရှိုးတွေ့ဆုံပွဲအပြီး စစ်သုံ့ပန်း ၄၂ ယောက်ကို MNDAA ပြန်လွှတ်
ဇူလိုင် ၁၅၊ ၂၀၂၆ NN(VOM) လားရှိုးမြို့မှာ အစိုးရတပ်ကကိုယ်စားလှယ်တွေနဲ့ MNDAA တပ်ဖွဲ့တာဝန်ရှိသူတွေ မနေ့ ဇူလိုင် ၁၄ရက်က တွေ့ဆုံကြပြီးနောက် စစ်သုံ့ပန်း ၄၂ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ပြန်လွတ်လာတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးရုံမှာ ဆေးကုသပေးနေပြီး သက်ဆိုင်ရာ တပ်ရင်းတွေကို ပြန်ပို့မယ်လို့လည်း သိရပါတယ်။ “မနေ့က ဆင်နှစ်ကောင်ဟိုတယ်မှာ သူတို့ ပုံမှန်အတိုင်း တွေ့တယ်။ မနေ့ပဲ စစ်သုံ့ပန်း ၄၂ ယောက်ကို ပြန်လွှဲခဲ့တယ်” လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မနေ့က တွေ့ဆုံပွဲမှာတော့ ဘယ်အချက်တွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို အတိအကျ မသိရပါဘူး။ ဒါပေမယ့် ရလဒ်ကောင်းတွေ ရှိခဲ့တဲ့အတွက် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာ ဖြစ်တယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။ ပြန်လွတ်လာတဲ့ စစ်သုံ့ပန်းအားလုံးဟာ တပ်မတော်သားတွေပဲ ဖြစ်တယ်လို့…
Read Moreသီပေါတံတားကနေ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် ခရီးသွားတွေ ကားတဆင့် ပြောင်းစီးနေရဆဲ
ဇူလိုင် ၁၅၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့က သီပေါတံတားမှာ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် လားရှိုး-မူဆယ်လမ်းကြောင်းကို အသုံးပြုတဲ့ ခရီးသွားပြည်သူတွေဟာ အခုချိန်အထိ ကားတဆင့် ပြောင်းစီးပြီး သွားလာနေရဆဲဖြစ်တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “သီပေါတံတားပေါ်ကနေ အချိန်ကန့်သတ်ပြီး လူတော့ လမ်းလျှောက်ဖြတ်လို့ရတယ်။ ဒါပေမယ့် လမ်းလျှောက်ရတာ ဝေးတယ်။ စက်လှေနဲ့ မြစ်ကူးရင်တော့ လမ်းသိပ်မလျှောက်ရဘူး။ လှေစီးခက တယောက်ကို ကျပ်တသောင်း ပေးရတယ်” လို့ ခရီးသွားပြည်သူတယောက်က VOM ကို ပြောပါတယ်။ စက်လှေနဲ့ မြစ်ကူးဖို့ဆိုရင် အလှည့်ကျ တန်းစီစောင့်ဆိုင်းရတာတွေ ရှိပြီး၊ တံတားပေါ်ကနေ လမ်းလျှောက်ဖြတ်မယ်ဆိုရင်တော့ ပစ္စည်းအနည်းငယ်သာ ပါသူတွေအတွက် ပိုအဆင်ပြေတယ်လို့ သူက ဆိုပါတယ်။ “ပစ္စည်း သယ်ခက ကားဂိတ်က ပေးရတာ။ မြစ်ဆိပ်ကနေ ဆိုရင် ပစ္စည်း…
Read More