ဗီယက်နမ်သမ္မတသစ်အဖြစ် ဗိုဗန်သောင်ကို အမျိုးသားလွှတ်တော်က အတည်ပြုခန့်အပ်

ဟနွိုင်း၊ မတ်-၂-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေချိန်မှာ ထိပ်တန်းခေါင်ဆောင်ပိုင်းတွေ အပြောင်းအလဲဖြစ်ပေါ်နေပြီး သမ္မတသစ်အဖြစ် ဗိုဗန်သောင်ကို ဗီယက်နမ်အမျိုးသားလွှတ်တော်က မတ် ၂ ရက်မှာ ရွေးချယ်လိုက်ပါတယ်။ အာဏာရ ကွန်မြူနစ်ပါတီက အသက် ၅၂ နှစ်အရွယ် ဗိုဗန်သောင်ကို သမ္မတအဖြစ် မတ် ၁ ရက်မှာ အမည်စာရင်တင်သွင်းပြီးနောက် အမျိုးသားလွှတ်တော်က အတည်ပြုခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ ထိပ်တန်းတာ၀န်ရှိသူအချို့ရဲ့ အမှားအယွင်းတွေနဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် ယခင်သမ္မတ ငုယင်ဆွမ်ဖူ ဇန်နဝါရီလအတွင်းက ရာထူးကနေ ရုတ်တရက်ထွက်ခွာပြီးနောက် ဗိုဗန်သောင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကို ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ဗိုဗန်သောင်က ပြောပါတယ်။ သူဟာ နိုင်ငံရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရေးအဖွဲ့ဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့၀င်ဖြစ်ပြီး ပါတီရဲ့လူငယ်အဖွဲ့အစည်းမှာစတင်ပါ၀င်ပြီးနိုင်ငံရေးဆောင်ရွက်ခဲ့ကာ ဝါရင့်နိုင်ငံရေးသမားတဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။ Ref: Reuters Photo:…

Read More

ဂျပန်မှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ငှက်ကောင်ရေ ၁၅ သန်းကျော်ထိ စံချိန်တင်သုတ်သင်

တိုကျို၊ မတ်-၂-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ယခုနှစ်ဆောင်းရာသီအတွင် ကြက်ငှက်ကောင်ရေ ၁၅ သန်းထိ စံချိန်တင် သုတ်သင်ခဲ့ကြောင်း ဂျပန်စိုက်ပျိုးရေး၀န်ကြီးဌာနက မတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံအနောက်ပိုင်း ဖူကူအိုကာမြို့ရှိ မွေးမြူရေးခြံတခုမှာလည်း ရောဂါကူးစက်မှုတွေကို မတ် ၂ ရက်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ ၀န်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဟာ မကြုံစဖူး အရှိန်အဟုန်နဲ့ပျံ့နှံ့နေပြီး ဒီရာသီရဲ့ ပထမဆုံးရောဂါဖြစ်ပွားမှုကို ယမန်နှစ်အောက်တိုဘာ ၂၈ ရက်မှာ အိုကာယားမားပြည်နယ်နဲ့ ဟော့ကိုင်းဒိုးတို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုတွေဟာလည်း ပြည်နယ် ၂၅ ခုမှာ ၇၇ နေရာထိဖြစ်ပေါ်နေပြီး အဓိကအားဖြင့် ဆောင်းခိုငှက်တွေကနေ ကြက်ငှက်တုပ်ကွေးရောဂါ သယ်ဆောင်လာတာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံတ၀န်းမှာ ကူးစက်မှုအန္တရာယ်မြင့်မားနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက သတိပေးထားပြီး ကြက်မွေးမြူရေးသမားတွေကို ကြိုတင်ကာကွယ်မှုတွေ စနစ်တကျပြုလုပ်ရန် တာ၀န်ရှိသူများက တိုက်တွန်းထားသည်။ Ref:…

Read More

ရန်ကုန်က မြို့နယ်နှစ်ခုမှာ မီးလောင်မှုဖြစ်လို့ ဆေးဆိုင်နဲ့ နေအိမ်၅လုံး မီးလောင်ပျက်စီး

မတ် ၂ – ၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ လမ်းမတော်မြို့နယ်မှာ ဒီနေ့မတ်လ ၂ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နဲ့ဆိုင်ခန်းအချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ” သင်္ဃန်းကျွန်းက ဆိုင်ခန်းလောင်တာပါ။လမ်းမတော် သခင်မြပန်းခြံနားလောင်တာကတော့ အိမ်၅လုံးပါ။၁နာရီလောက်တော့ မီးငြှိမ်းသတ်လိုက်ရပါတယ်”လို့ မီးလောင်ပြင်နှစ်နေရာလုံးကို ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ ဒီနေ့ မတ်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၄၀ လောက်မှာ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ် ကွက်၊ သခင်မြပန်းခြံအနီး၊ အောင်ရတနာလမ်းက ပျဥ်ထောင် နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ နောက်တခုက နေ့လယ် ၁၁ နာရီကျော်လောက်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံအရှေ့မှာဖွင့်ထားတဲ့ Life Plus ဆေးဆိုင် မီးလောင်ကျွမ်းကာ ပျက်ဆီးဆုံးရှုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အဲ့ဒီဆေးဆိုင် မီးလောင်တော့ဆေးရုံက လန့်ကြတာပေါ့။ဒီဆေးဆိုင်က မနက်ဖြန်မှ…

Read More

လူ ၄၀ ကျော်သေဆုံးခဲ့တဲ့ ဂရိရထားမတော်တဆမှုကြောင့် ပို့ဆောင်ရေး၀န်ကြီး ရာထူးကနေနှုတ်ထွက်

အေသင်၊ မတ်-၂-၂၀၂၃ မျိုးဆက်(VOM) ဂရိနိုင်ငံမှာ လူ ၄၃ ဦးသေဆုံးခဲ့တဲ့ ရထားမတော်တဆမှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပြီး ပို့ဆောင်ရေး၀န်ကြီးဟာ မတ် ၁ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားပါတယ်။ ဂရိနိုင်ငံရဲ့ ရထားလမ်းတွေကို ထိန်းသိမ်းတဲ့ အေသင်မြို့ရှိဟယ်လန်နစ် ကုမ္ပဏီပြင်ပမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရထားမတော်တဆမှုဖြစ်ရာ နေရာအနီးရှိ လာရီဆာမြို့မှာလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ တရားမျှတစွာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဂရိအစိုးရကပြောဆိုထားပြီး သုံးရက်ကြာ နိုင်ငံတော်၀မ်းနည်းခြင်းအထိမ်းအမှတ် ကြေညာထားပါတယ်။ ခရီးသည်တင်ရထားပေါ်မှာ လိုက်ပါလာသူ ၃၅၀ အနက်အများစုမှာ လူငယ်များဖြစ်တွေပါတယ်။ အဆိုပါမတော်တဆမှုဟာ နည်းပညာဆိုင်ရာ အမှားအယွင်းမဟုတ်ဘဲ လူ့အမှားဖြစ်ကြောင်း ဂရိ၀န်ကြီးချုပ်က ပြောပါတယ်။ ၂၁ ရာစုနဲ့သင့်လျော်ခြင်းမရှိတော့တဲ့ ရထားလမ်းစနစ်ကိုပြုပြင်ဖို့ အာဏာပိုင်တွေရဲ့ ကာလရှည်ကြာပျက်ကွက်မှုအတွက် တာ၀န်ရှိကြောင်း ရာထူးမှနှုတ်ထွက်သွားတဲ့ ပို့ဆောင်ရေး၀န်ကြီး ကော့စ်တက်ကာရာမာနေးလ်က ပြောပါတယ်။ Ref: BBC…

Read More

နေပြည်တော်မှာ ရုံးထုတ်ပြန်လာတဲ့ အချုပ်ကားပေါ်က အချုပ်သား ၉ ဦး ထွက်ပြေး၊ ၃ဦးကို ပြန်ဖမ်းမိ

မတ် ၊ ၂-၂၀၂၃ SP (VOM) နေပြည်တော် ၊ တပ်ကုန်းမြို့နယ် ၊ ရှောက်ကုန်းကျေးရွာအနီး ၊ ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ၊ မိုင်တိုင်အမှတ် ( ၂၄၆ / ၃ )နားမှာ မနေ့ မတ် ၁ ရက် ညနေပိုင်းက အချုပ်ကားပေါ်မှာပါလာတဲ့ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၄ ခွဲ ၊ ၅ လောက်မှာ နေပြည်တော် တရားရုံးတွေကနေ ရုံးထုတ်ပြီး ရမည်းသင်းထောင်ကို ပြန်လာတဲ့ အချုပ်ကား ဖြစ်တာပါ ၊ ဖြစ်စဥ်က အချုပ်ကား နောက်ခန်းထဲမှာ တာဝန်ကျတဲ့ ရဲနဲ့ အချုပ်သား ပြဿနာဖြစ်ကြတယ် ၊ အဲ့ဒီ အခါ အချုပ်ကား…

Read More
VOM News

FREE
VIEW