ဂျပန်မှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ငှက်ကောင်ရေ ၁၅ သန်းကျော်ထိ စံချိန်တင်သုတ်သင်

တိုကျို၊ မတ်-၂-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ယခုနှစ်ဆောင်းရာသီအတွင် ကြက်ငှက်ကောင်ရေ ၁၅ သန်းထိ စံချိန်တင် သုတ်သင်ခဲ့ကြောင်း ဂျပန်စိုက်ပျိုးရေး၀န်ကြီးဌာနက မတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံအနောက်ပိုင်း ဖူကူအိုကာမြို့ရှိ မွေးမြူရေးခြံတခုမှာလည်း ရောဂါကူးစက်မှုတွေကို မတ် ၂ ရက်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ ၀န်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဟာ မကြုံစဖူး အရှိန်အဟုန်နဲ့ပျံ့နှံ့နေပြီး ဒီရာသီရဲ့ ပထမဆုံးရောဂါဖြစ်ပွားမှုကို ယမန်နှစ်အောက်တိုဘာ ၂၈ ရက်မှာ အိုကာယားမားပြည်နယ်နဲ့ ဟော့ကိုင်းဒိုးတို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုတွေဟာလည်း ပြည်နယ် ၂၅ ခုမှာ ၇၇ နေရာထိဖြစ်ပေါ်နေပြီး အဓိကအားဖြင့် ဆောင်းခိုငှက်တွေကနေ ကြက်ငှက်တုပ်ကွေးရောဂါ သယ်ဆောင်လာတာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံတ၀န်းမှာ ကူးစက်မှုအန္တရာယ်မြင့်မားနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက သတိပေးထားပြီး ကြက်မွေးမြူရေးသမားတွေကို ကြိုတင်ကာကွယ်မှုတွေ စနစ်တကျပြုလုပ်ရန် တာ၀န်ရှိသူများက တိုက်တွန်းထားသည်။

Ref: NHK
Photo; Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW