ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိ ခရုဇ်ဒုံးကျည် ၂၂၀ သြစတြေးလျကို အမေရိကန်ရောင်းမယ်

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၃
မျိုးဆင်(VOM)

အမေရိကန်အစိုးရဟာ သြစတြေးလျနဲ့ ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိသဘောတူညီချက်နဲ့အတူ ခရုဇ်ဒုံးကျည် ၂၂၀ ကို သြစတြေးလျကို ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက မတ် ၁၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အမေရိကန်ကွန်ဂရက်က အတည်ပြုဖို့လိုအပ်နေသေးတဲ့ အဲဒီရောင်းချမှုမှာ တွမ်မဟော့ခ်ဒုံးကျည်တွေအပြင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများလည်းပါ၀င်ပြီး ဒုံးကျည်တွေဟာ အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ရစ်ချက်မာလက်စ်ကပြောပါတယ်။

အဲဒီဒုံးကျည်တွေကို အော့ကပ်စ်ကာကွယ်ရေးသဘောတူညီချက်အောက်ကနေ သြစတြေးလျက ၀ယ်ယူမယ့် ဗာဂျီးနီးယားအတန်းအစား ရေငုပ်သင်္ဘောတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒီသင်္ဘောတွေမရောက်ရှိမီမှာတော့ သြစတြေးလျရဲ့ ဟော့ဘတ်အတန်းအစား ဖျက်သင်္ဘောတွေမှာ ကနဦးတပ်ဆင်ဖြန့်ကြက်သွားမယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

အခုလိုရောင်းချမှုဟာ အမေရိကန်နဲ့ အခြားသောမဟာမိတ်တပ်တွေရဲ့ရေတပ်တွေ အပြန်အလှန်အကျိုးရှိမယ့် စစ်ဆင်ရေးတွေမှာ အထောက်အကူဖြစ်စေမယ့်အပြင် သြစတြေးလျစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

Ref: BBC
Photo:US Navy
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW