“တပ်မတော်ကို ဆက်ပြီးအုပ်ချုပ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲ မလုပ်နဲ့ပေါ့”ဆိုတဲ့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ တွေ့ဆုံခြင်း

မတ် ၁၇-၂၀၂၃ Voice Of Myanmar (VOM) “ရွေးကောက်ပွဲ မလုပ်စေချင်ဘူးဆိုရင် တပ်မတော်ကို ဆက်ပြီးတော့ အုပ်ချုပ်သွားပါစေဆိုတဲ့ အဓိပ္ပါယ်မျိုး ကျရောက်စေတယ်။ကိုယ့်ကိုကိုယ် ပြန်မေးကြရမှာပေါ့။တပ်မတော်ကိုပဲ ဆက်ပြီးတော့ အုပ်ချုပ်စေချင်သလား၊အုပ်ချုပ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲ မလုပ်နဲ့ပေါ့”လို့ ပြောတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (ကျားဖြူ)ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ VOM တို့ တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #ကျားဖြူပါတီ #ဦးစိုင်းအိုက်ပေါင်း

Read More

ကိုလံဘီယာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အလုပ်သမား ၂၁ ဦးသေဆုံး

ဘိုဂိုတာ၊ မတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ကိုလံဘီယာနိုင်ငံအလယ်ပိုင်းရှိ ကျောက်မီးသွေးတွင်းမှယ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၂၁ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက မတ် ၁၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီမတော်တဆမှုဟာ ကွန်ဒီနာမာကာပြည်နယ်ရှိ ကျောက်မီးသွေးတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်လို့ ယူဆရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အလုပ်သမားတဦးချင်းသေဆုံးမှုဟာ စီးပွားရေးအရသာမက လူမှုရေးနဲ့ အစိုးရရဲ့ရှုံးနိမ့်မှုလည်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုတွေကို အရှိန်မြှင့်တင်မယ်လို့ ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပက်ထရိုက ပြောပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ အတွက် ကိုလံဘီယာမှာ ကျောက်မီးသွေး၀ယ်လိုအား တိုးလာနေပြီး ကျောက်မီးသွေးတင်ပို့မှုဟာ ယမန်နှစ်ကထက် နှစ်ဆတိုးလာနေပါတယ်။ ဒါပေမယ့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေလိုက်နာမှုအားနည်းခြင်းကြောင့် သတ္တုတွင်းမတော်တဆမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ယမန်နှစ်အတွင်း မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားကာ လူ ၁၄၆ ဦးသေဆုံးခဲ့ပါတယ်။ Ref: NHK #voiceofmyanmar #VOM…

Read More

Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ရဲ့ Money Changer လိုင်စင်များ ပြန်ရုပ်သိမ်း

မတ် ၁၇ – ၂၀၂၃ SN (VOM) Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ကို ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်တွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေများ ‌ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)ကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်ကစလို့ ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီ(၂၀)ထဲမှာ Myanmar National Airlines အပါအဝင် သင်္ဘောလိုင်း၊ ဟိုတယ်နဲ့ ကုန်စည်ပို့ဆောင်သယ်ယူရေး အစရှိတဲ့ ကုမ္ပဏီအချို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။…

Read More

ကမ္ဘာလုံးဆိုင်ရာ ကိုကင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှု စံချိန်တင်မြင့်မားလာကြောင်း ကုလသတိပေး

ကုလသမဂ္ဂ၊ မတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ဆို့မှုတွေအပြီးမှာ ကမ္ဘာ့ကိုကင်းထုတ်လုပ်မှုဟာ စံချိန်တင်မြင့်မားလာကြောင်း ကုလသမဂ္ဂက မတ် ၁၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကိုကာစိုက်ပျိုးမှုဟာ ၃၅ ရာခိုင်နှုန်းထိ စံချိန်တင်အဆင့်ထိ တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအင်န်အိုဒီစီ)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုကင်းမူးယစ်ဆေးဝါးတွေကို မှောင်ခိုရောင်၀ယ်ဖောက်ကားမှုအတွက် ဗဟိုချက်နေရာသစ်တွေဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်အာဖရိကတို့မှာ ပေါ်ပေါက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယေဘုယျအားဖြင့် ဥရောပနဲ့ မြောက်အမေရိကတို့ဟာ ကိုကင်းရောင်း၀ယ်ဖောက်ကားမှုအတွက် အကြီးဆုံးစျေးကွက်ဖြစ်ပြီး ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အာဖရိကနဲ့ အာရှရှိစျေးကွက်တွေဟာ အကန့်အသတ်ရှိနေဆဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် စျေးကွက်ချဲ့ထွင်ဖို့ အလားအလာရှိတဲ့ အန္တရာယ်ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

ပြည်တွင်းရွှေဈေး ကျပ် ၂၉ သိန်းအထိ ပြန်မြင့်တက်လာ

မတ် ၁၇ – ၂၀၂၃ SN (VOM) ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၂၉ သိန်းအထိ စျေးမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ Silicon Valley Bank ပြိုလဲခဲ့ပြီး နောက်ထပ် နှစ်ရက်အကြာမှာ Signature Bank ပါ ပြိုလဲခဲ့တဲ့နောက် ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်နေခြင်းဖြစ်ကာ နောက်ဆက်တွဲအဖြစ် ပြည်တွင်း ရွှေဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၀ ရက်က တအောင်စ ၁၈၂၈ ဒေါ်လာသာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ် ၁၇ ရက်အရောက်မှာတော့ တအောင်စ ၁၉၂၇ ဒေါ်လာအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေစျေးမှာတော့…

Read More

ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိ ခရုဇ်ဒုံးကျည် ၂၂၀ သြစတြေးလျကို အမေရိကန်ရောင်းမယ်

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၃ မျိုးဆင်(VOM) အမေရိကန်အစိုးရဟာ သြစတြေးလျနဲ့ ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိသဘောတူညီချက်နဲ့အတူ ခရုဇ်ဒုံးကျည် ၂၂၀ ကို သြစတြေးလျကို ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက မတ် ၁၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အမေရိကန်ကွန်ဂရက်က အတည်ပြုဖို့လိုအပ်နေသေးတဲ့ အဲဒီရောင်းချမှုမှာ တွမ်မဟော့ခ်ဒုံးကျည်တွေအပြင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများလည်းပါ၀င်ပြီး ဒုံးကျည်တွေဟာ အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ရစ်ချက်မာလက်စ်ကပြောပါတယ်။ အဲဒီဒုံးကျည်တွေကို အော့ကပ်စ်ကာကွယ်ရေးသဘောတူညီချက်အောက်ကနေ သြစတြေးလျက ၀ယ်ယူမယ့် ဗာဂျီးနီးယားအတန်းအစား ရေငုပ်သင်္ဘောတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီသင်္ဘောတွေမရောက်ရှိမီမှာတော့ သြစတြေးလျရဲ့ ဟော့ဘတ်အတန်းအစား ဖျက်သင်္ဘောတွေမှာ ကနဦးတပ်ဆင်ဖြန့်ကြက်သွားမယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ အခုလိုရောင်းချမှုဟာ အမေရိကန်နဲ့ အခြားသောမဟာမိတ်တပ်တွေရဲ့ရေတပ်တွေ အပြန်အလှန်အကျိုးရှိမယ့် စစ်ဆင်ရေးတွေမှာ အထောက်အကူဖြစ်စေမယ့်အပြင် သြစတြေးလျစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ Ref: BBC Photo:US Navy #voiceofmyanmar…

Read More

မြစ်ငယ်မြို့နယ် ဓားပြတိုက်မှုဖြစ်စဥ်က ပါဝင်ကျူးလွန်သူ(၃)ဦးကို ဖမ်းမိထား

မတ် ၊ ၁၇ ၊ ၂၀၂၃ SP + VOM မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝအုပ်စု၊ဆောက်တောဝမြောက်ရွာမှာနေတဲ့ လူနေအိမ် တလုံးမှာ မတ် ၁၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၇၀၀ နီးပါး ပါသွားတဲ့ ဖြစ်စဥ်က ပြစ်မှုကျူးလွန်သူတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆောက်တောဝကျေးရွာနေ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ဖမ်းမိတာဟုတ်ပါတယ် မတ်လ ၁၄ရက်နေ့ကပါ၊ ကျူးလွန်သူအချို့ ကျန်သေးလို့ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဓားပြတိုက်ခံရတဲ့အိမ်ရဲ့ တောင်ဘက်နားက အမျိုးသမီးနဲ့ အမျိုးသား (၅)ဦးခန့်က ကျူးလွန်ခဲ့တာ အဲ့ဒီအထဲက အမျိုးသမီးအပါအဝင် (၃)ဦး ဖမ်းမိထားတာပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ အသက် ၇၀အရွယ် အိမ်ရှင် ဒေါ်လှကြည် တဦးတည်း နေအိမ်မှာရှိနေချိန် ဓားပြ ၄ ယောက်က အိမ်ထဲဝင်လာပြီး…

Read More

နှမ်းစျေးကွက်မှာ နှမ်းနက်(စမုံ) နဲ့ နှမ်းဖြူ ဝယ်လိုအားများပြီး စျေးကောင်းရနေ

မတ် ၁၇ -၂၀၂၃ GG (VOM) ပြည်တွင်း ၊ပြည်ပ နှမ်းစျေးကွက်မှာ ဝယ်လိုအားများနေတာကြောင့် နှမ်းနက် (စမုံ)နဲ့ နှမ်းဖြူ အမျိုးအစားက ​စျေးကောင်းရနေတယ်လို့ နှမ်းကုန်သည်တွေဆီက သိရပါတယ်။ လက်ရှိမှာ နှမ်းဖြူအသစ်က ၄၅ ပိဿာကို ၃၂၀၀၀၀ စျေးရှိနေပြီး နှမ်းနက်(စမုံ)က ၂၉၀၀၀၀ ကျပ်စျေးတန်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ နယ်မြေမအေးချမ်းတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ နှမ်းစိုက်ပျိုးမှုမလုပ်နိုင်တာကြောင့် အခုနှစ် နှမ်းအထွက်နူန်းလျော့ကျခဲ့လို့ ဝယ်လိုအား များပြီး ပစ္စည်းကရှားကာ စျေးနူန်းမြင့်လာတာဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။ ” အက်ဆစ်အောင်တဲ့နှမ်းက စျေးကောင်းရတယ်၊မိုးလွတ်တဲ့နှမ်းပေါ့။ကယားဘက်ဆို မိုးနည်းတော့ အဲ့ဒီဘက်ကနှမ်းတွေလည်း ကောင်းတယ်။ အခုနှစ် နှမ်းက စိုက်ပျိုးမှုလျော့တော့ အထွက်နူန်းလည်းလျော့တယ်၊ဝယ်တဲ့သူကလည်း အက်ဆစ်အောင်တဲ့နှမ်းကို ပိုလိုချင်တယ်၊ပစ္စည်းကလည်းရှားတယ်။တရုတ်က နှမ်းနက်ရော တခြားနှမ်းရောအကုန်ဝယ်ပါတယ်၊နှမ်းအနက်ကိုတော့ ပိုလိုချင်တယ်။ ” လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးကပြောပါတယ်။ နှမ်းကို ပြည်ပတင်ပို့မှုအနေနဲ့ နယ်စပ်ကတဆင့်…

Read More

တရုတ်နဲ့ပေါင်းလုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း ရခိုင်လူထုအတွက် အမှန်တကယ်အကျိုးရှိနိုင်သလား

မတ် ၁၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်းတခု အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ မတ်လ ပထမပတ်ကနေ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းမှာပါဝင်မယ့် မြန်မာပြည်တွင်း ကုမ္ပဏီ၊ ဟောင်ကောင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ကြား လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ လေအားလျှပ်စစ်စီမံကိန်းဟာ ပြည်သူကို မဏ္ဍိုင်ပြုမှုအားနည်းတဲ့ အခြေအနေမှာ စီမံကိန်းအောင်မြင်နိုင်ခြေမရှိကြောင်းနဲ့ တကယ်လို့ အောင်မြင်မယ်ဆိုရင်လည်း ရခိုင်ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိမှာမဟုတ်လို့ ထင်မြင်မိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ အမ်းမြို့နယ်က ကိုမျိုးလွင်က ပြောပါတယ်။ “ရခိုင်မှာက သဘာဝအရင်းအမြစ်ကို မှီခိုပြီးတော့ လျှပ်စစ်နဲ့ပတ်သက်ပြီး တည်ဆောက်ခဲ့ကြတာပေါ့။ သဘာဝအရင်းအမြစ်ကိုသုံးပြီး ဒေသခံတွေအတွက် အောင်မြင်တယ်လို့ ပြလောက်တဲ့ အထောက်အထားမရှိခဲ့ဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းကလည်း တရုတ်ကုမ္ပဏီတွေက လုပ်မယ်လို့ ကြေညာထားတော့ အရင်က တရုတ်ကုမ္ပဏီတွေလုပ်ခဲ့တဲ့ စီမံကိန်းတွေကိုကြည့်မယ်ဆိုရင် ရခိုင်ဒေသခံတွေအကျိုးအမြတ် ပြောပလောက်အောင်မရှိခဲ့ဘူး။…

Read More
VOM News

FREE
VIEW