ကမ္ဘာလုံးဆိုင်ရာ ကိုကင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှု စံချိန်တင်မြင့်မားလာကြောင်း ကုလသတိပေး

ကုလသမဂ္ဂ၊ မတ်-၁၇-၂၀၂၃
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ဆို့မှုတွေအပြီးမှာ ကမ္ဘာ့ကိုကင်းထုတ်လုပ်မှုဟာ စံချိန်တင်မြင့်မားလာကြောင်း ကုလသမဂ္ဂက မတ် ၁၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကိုကာစိုက်ပျိုးမှုဟာ ၃၅ ရာခိုင်နှုန်းထိ စံချိန်တင်အဆင့်ထိ တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအင်န်အိုဒီစီ)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုကင်းမူးယစ်ဆေးဝါးတွေကို မှောင်ခိုရောင်၀ယ်ဖောက်ကားမှုအတွက် ဗဟိုချက်နေရာသစ်တွေဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်အာဖရိကတို့မှာ ပေါ်ပေါက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယေဘုယျအားဖြင့် ဥရောပနဲ့ မြောက်အမေရိကတို့ဟာ ကိုကင်းရောင်း၀ယ်ဖောက်ကားမှုအတွက် အကြီးဆုံးစျေးကွက်ဖြစ်ပြီး ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အာဖရိကနဲ့ အာရှရှိစျေးကွက်တွေဟာ အကန့်အသတ်ရှိနေဆဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် စျေးကွက်ချဲ့ထွင်ဖို့ အလားအလာရှိတဲ့ အန္တရာယ်ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

VOM News

FREE
VIEW