ဆိုမာလီမှာ မိုးခေါင်ရေရှားမှုကြောင့် လူလေးသောင်းကျော်သေဆုံး

ကုလသမဂ္ဂ၊ မတ်-၂၁-၂၀၂၃
မျိုးဆက်(VOM)

ဆိုမာလီယာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် လွန်ခဲ့တဲ့နှစ်အတွင်း လူပေါင်း ၄၃၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဆိုမာလီအစိုးရနဲ့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါဟာ အာဖရိကဦးချိုဒေသမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် သေဆုံးမှုကို ပထမဆုံးအကြိမ် တရား၀င်ထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံးမှုရဲ့ထက်၀က်ဟာ ငါးနှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ယမန်နှစ်ပထမခြောက်လအတွင်း သေဆုံးသူ ၁၈၀၀၀ မှ ၃၄၀၀၀ ကြားထိရှိပြီး အဲဒီအကျပ်အတည်းက ပြီးဆုံးဖို့မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကလည်း ဆိုမာလီယာမှာ အငတ်ဘေးကြောင့် လူနှစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံမှာဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး လက်ရှိချိန်ထိ ၁၅ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးထားရသေးတယ်လို့ ဆိုပါတယ်။

ရာသီဥတုဖောက်ပြန်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စားနပ်ရိက္ခာစျေးနှုန်းတွေမြင့်တက်မှုတို့ကြောင့် အကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ ဆိုမာလီယာနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် မွေးမြူရေးတိရိစ္ဆာန် ကောင်ရေအများအပြားလည်း သေဆုံးခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

✕
VOM News

FREE
VIEW