မုံရွာမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သား ပါသွား

မတ် ၂၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ အောင်မဂ်လာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦး ရွှေရတနာဆိုင်ဟာ မနေ့ မတ် ၂၁ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ပါသွားတယ်လို့ မုံရွာ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” နေ့လယ် ၁၂ နာရီ ဝန်းကျင်က တိုက်ခံရတာပါ ၊ ကား ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာတဲ့ အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၃ ဦး ရောက်လာပြီး ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်း (အစောင့်)တွေကို သေနတ်နဲ့ ချိန်ရွယ်ပြီး ဆိုင်တံခါးကို အတွင်းဘက်က ပိတ်ခိုင်းတယ် ၊ အဲ့ဒီအချိန် ဆိုင်ထဲက မှန်ကောင်တာတွေ ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ယူသွားတာဖြစ်တယ် “လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က နေ့လယ်၁၂ နာရီ ၊ ၁၂ မိနစ်အချိန်က အဲ့ဒီရွှေဆိုင်ရှေ့ကို အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်က ကား ၁ စီး ၊ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး၊သေနတ် အတို ၊ အရှည်တွေ (စီစစ်ဆဲ )ကိုင်ထားတယ်၊ ဆိုင်အပြင်ဘက်က လုံခြုံရေးဝန်ထမ်း(အစောင့်) ဆိုင်အပြင်စောင့် ကိုငြိမ်းမင်း၊ ကိုမင်းနောင် နဲ့ ကိုမင်းညိုတို့ ၃ ဦးကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဆိုင်တံခါးတွေပိတ်ခိုင်းထားတယ်၊ ဆိုင်ထဲမှာ ရွှေဆိုင်ပိုင်ရှင် ဦဇော်ဦး အပါအဝင် ဆိုင်ဝန်ထမ်း ၂၀ ရှိတယ် ၊ ဆိုင်ဝန်ထမ်းတွေ အားလုံးထိုင်ခိုင်းထားပြီး မှန်ကောင်တာတွေ ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားခန့်(တန်ဖိုး ၂၀၇,၂၀၀,၀၀၀ ကျပ်ခန့်) ဓားပြတိုက် ယူဆောင်သွားတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့မရဲစခန်းက အမှုဖွင့် ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကလည် မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊မြို့လယ် မီးပွိုင့်နားမှာရှိတဲ့ သိန်းတရာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း ၁၃ ပိသာကျော် ပါသွားတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ပေါ်ဦးရွှေဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW