အမေရိကန်မှာ ဘဏ် ၂၀၀ နီးပါး ပြိုလဲနိုင်တဲ့အန္တရာယ်ရှိကြောင်း သတိပေး

ဝါရှင်တန်၊ မတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ဘဏ်လုပ်ငန်းအဖွဲ့အစည်း ၂၀၀ နီးပါးဟာ မကြာသေးမီကပြိုလဲသွားခဲ့တဲ့ Silicon Valley Bank လိုမျိုး ပြိုလဲနိုင်ခြေရှိကြောင်း လူမှုသိပ္ပံကွန်ရက်ရဲ့ လေ့လာမှုအစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ Silicon Valley Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ ဘဏ်ပြိုလဲမှု ဒုတိယအကြိမ်အကြီးဆုံးဖြစ်ပြီး ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးဆုံးဖြစ်ပါတယ်။ အမေရိကန်ဘဏ်တွေမှာ ငွေအပ်နှံထားသူတွေရဲ့ထက်၀က်က သူတို့ရဲ့အပ်ငွေတွေကို ရုပ်ချည်းထုတ်ယူခဲ့မယ်ဆိုပါက အမေရိကန်ဘဏ် ၁၈၆ ခုဟာ Silicon Valley Bank လိုပြိုလဲနိုင်တယ် အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် အစိုးရရဲ့ပါ၀င်ပတ်သက်မှုမရှိဘဲ သို့မဟုတ် အပ်ငွေ၀င်ရောက်မှုမရှိဘဲ အဲဒီဘဏ်တွေဟာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ အစီရင်ခံစာက သတိပေးထားပါတယ်။ အမေရိကန်အစိုးရက ဘဏ်အပ်ငွေများကို ဒေါ်လာ နှစ်သိန်းငါးသောင်းထိ အကာအကွယ်ပေးထားပေမယ့်လည်း အပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေကြောင့် အပ်ငွေပြန်လည်ထုတ်ယူမှုတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ လေ့လာမှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။ Ref:…

Read More

ALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်

မတ်၂၂-၂၀၂၃ SW(VOM) မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။ ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက…

Read More

မန္တလေးမြို့မှာ ပေါက်ကွဲမှု နဲ့ ပစ်ခတ်မှု ဖြစ်ပွါးပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံး

မတ် ၂၂-၂၀၂၃ Vouce Of Myanmar(VOM) မန္တလေးမြို့ အမရပူရမြို့နယ်မှာ ပေါက်ကွဲမှု နဲ့ အောင်မြေသာစံမြို့နယ်မှာ ပစ်ခတ်မှုဖြစ်စဥ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွါးခဲ့ပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက်ရှိ အမရပူရခရိုင်တရားရုံးမှာ ဒီကနေ့မနက် ၁၂နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဆေးရုံပို့ဆောင်ချိန် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်ကို စစ်ဆေးနေပါတယ်၊ ဆေးရုံပို့ချိန် ရဲတဦး သေဆုံးပါတယ်”လို့ ရဲနဲ့နီးစပ်သူ တဦးကပြောပါတယ်။ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာလည်း ဒီကနေ့ မနက် ၈နာရီခန့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရာအိမ်မှူး တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဒေသခံတဦးကလည်း “ဖြစ်တာကတော့ မနက်အစောကပဲ၊ ရာအိမ်မှူး(၂)ယောက် လက်ဖက်ရည်သောက်နေချိန် လူ…

Read More

ပါကစ္စတန်နဲ့ အာဖဂန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၁၂ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

ကဘူးလ်၊ မတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံနေရာအနှံ့အပြားမှာ အင်အားပြင်းမြေငလျင်တခု မတ် ၂၁ ရက်မှာ လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အင်အား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်ကြောင့် အဆောက်အဦတွေပျက်စီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။ မြေငလျင်ဟာ အာဖဂန်နစ္စတန်ရှိ ဂျာမ်တောင်ကြားဒေသကို ဗဟိုပြုကာ မတ် ၂၁ ရက်ညနေပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ လူဦးရေနည်းပါးပြီး ဝေးလံခေါင်သီတဲ့ဒေသဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးဖွယ်ရှိကြောင်း အာဖဂန်တာ၀န်ရှိသူတွေကပြောပါတယ်။ ငလျင်ကြောင့် ပါကစ္စတန်မှာ ကိုးဦးသေဆုံးပြီး အာဖဂန်နစ္စတန်မှာ သုံးဦးသေဆုံးခဲ့ပါတယ်။ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ထိ ကီလိုမီတာ ၁၀၀၀ ကျော်အတွင်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဥရောပ-မြေထဲပင်လယ် ငလျင်လေ့လာရေးစင်တာက ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်ဇွန်လအတွင်းကလည်း အာဖဂန်နစ္စတန်မှာ အင်အား ၅…

Read More

မုံရွာမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သား ပါသွား

မတ် ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ အောင်မဂ်လာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦး ရွှေရတနာဆိုင်ဟာ မနေ့ မတ် ၂၁ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ပါသွားတယ်လို့ မုံရွာ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” နေ့လယ် ၁၂ နာရီ ဝန်းကျင်က တိုက်ခံရတာပါ ၊ ကား ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာတဲ့ အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၃ ဦး ရောက်လာပြီး ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်း (အစောင့်)တွေကို သေနတ်နဲ့ ချိန်ရွယ်ပြီး ဆိုင်တံခါးကို အတွင်းဘက်က ပိတ်ခိုင်းတယ် ၊ အဲ့ဒီအချိန် ဆိုင်ထဲက မှန်ကောင်တာတွေ ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ယူသွားတာဖြစ်တယ်…

Read More

တရုတ်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို၊ မတ် -၂၂-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ စစ်ပွဲအဆုံးသတ်ဖို့ အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ယူကရိန်းတို့ဘက်က အဆင်သင့်ဖြစ်မှသာလျှင် အဲဒီအစီအမံကို ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း သမ္မတပူတင်ကဆိုပါတယ်။ ရုရှားသမ္မတနဲ့ တရုတ်သမ္မတပူတင်တို့ဟာ မတ် ၂၁ ရက်တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ နှစ်နိုင်ငံဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ပြီးခဲ့တဲ့လက အဆိုပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ ရုရှားအနေနဲ့ ယူကရိန်းကနေဆုတ်ခွာဖို့ အတိအလင်းတောင်းဆိုထားတာမျိုး မပါ၀င်ပါဘူး။ အချက် ၁၂ ချက်ပါ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေထဲမှာ စစ်ပွဲအဆုံးသတ်ရေး တိကျတဲ့တောင်းဆိုမှုတွေမပါ၀င်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့သာ တိုက်တွန်းထားပါတယ်။ ရုရှားတပ်တွေ ယူကရိန်းဆုတ်ခွာမှုမရှိသေးဘဲ အပစ်အခတ်ရပ်စဲရေးတောင်းဆိုနေတာဟာ ရုရှားက ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ရေးကို ထောက်ခံနေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး…

Read More

တာတိုင်ရွာသားတွေရဲ့ လက်ရှိ အခြေအနေ

မတ် ၂၂-၂၀၂၃ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က စစ်ကိုင်းမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်နဲ့မူးမြစ်တို့ဆုံရာအရပ်မှာရှိတဲ့ တာတိုင်ကျေးရွာမှာ လူ(၁၇) ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း နေအိမ်တွေမီးရှို့ခံရတာကြောင့် အိမ်ခြေ (၁၀၀) ကျော်သာရှိတဲ့ တာတိုင်ရွာမှာ နေအိမ် (၃၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ဒေသခံရွာသားတွေဟာ ယနေ့အချိန်ထိ ရွာထဲကိုပြန်မနေရဲသေးဘူးလို့ သိရပါတယ်။ အဲ့ဒီရွာက ဒေသခံအများစုဟာ တံငါတဖက်တောင်သူတဖက် လုပ်ကိုင်ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ စားဝတ်နေရေးအဆင်မပြေမှုတွေနဲ့လည်းကြုံတွေ့နေကြပါတယ်။ ဒီဖြစ်ရပ်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုကိစ္စရပ်မျိုးကိုမဆို အပြစ်မဲ့ပြည်သူတွေဆုံးရှုံးနစ်နာထိခိုက်မှုတွေနည်းပါးအောင် ငဲ့ညှာဆောင်ရွက်သင့်တယ်လို့ တာတိုင်ရွာသားတဦးကအကြံပြုတောင်းဆိုထားပါတယ်။ #voiceofmyanmar #VOM #တာတိုင်ကျေးရွာ

Read More

အလှ အပြင်အဆင်ချာ၊ အုန်းမှုတ်ပဲ့၊ ဒိုလာ နှင့် ထွာဆိုင် လေးသစ်ငယ်

ဆူးငှက် ရှေးက ပြည်သူချစ်သော အနုပညာရှင် အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင် သီဆိုခဲ့တဲ့ ” ရွှေပြည်စိုး”သီချင်းကို ကျွန်တော် အလွန်ကြိုက်ပါတယ်။ ကြားဖူးတာက လွန်ခဲ့တဲ့ နှစ်၅၀လောက်က မန္တလေး ရွှေရတနာအငြိမ့်မှာ ရွှေမန်းသူမြင့်မြင့်သန်း၊ အလယ်ထွက် မင်းသမီးအဖြစ် ကပြချိန် စပြီး ကြားဖူးတာပါ။ အစ်မကြီး မမြင့်မြင့်သန်းက ‘ရွှေပြည်စိုး’သီချင်း သီဆိုပါတယ်။ ‘စာပေါင်ပဲ့ပဲ့ လျှာကိုက်နာနာ’နဲ့ သီဆိုနိုင်တဲ့ မမြင့်မြင့်သန်းနဲ့ အလွန်လိုက်ဖက်ပါတယ်။ “မြနဲ့မာင်နဲ့ အခုမှတွ့တာ…၊ လူပါးမဝခင်တုန်းက ပြောကြတော့ ရီစရာပါ .. အားငှာ… ငှာ… ငှာ… ငှာ…”ဆိုတဲ့နေရာများ မေးရိုက်မေးဝဲနဲ့ သီဆိုသွားတာ ငေးယူရပါတယ်။နောက်ပိုင်း ရွှေပြည်စိုးသီချင်းကို ကက်ဆက်ခွေကတဆင့် မနားတမ်း နားထောင်ပြီး အလွတ်ရတော့လည်း မြနဲ့မောင်နဲ့ အခုမှတွေ့တာ အပိုဒ်ကိုပဲ ‘အားငှာ… ငှာ… ငှာ… ငှာ…’ထိ ထပ်တလဲလဲ သီဆိုနေမိ ပါတယ်။ ဒီလိုနဲ့…

Read More
VOM News

FREE
VIEW