တရုတ်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို၊ မတ် -၂၂-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ စစ်ပွဲအဆုံးသတ်ဖို့ အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ယူကရိန်းတို့ဘက်က အဆင်သင့်ဖြစ်မှသာလျှင် အဲဒီအစီအမံကို ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း သမ္မတပူတင်ကဆိုပါတယ်။

ရုရှားသမ္မတနဲ့ တရုတ်သမ္မတပူတင်တို့ဟာ မတ် ၂၁ ရက်တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ နှစ်နိုင်ငံဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ပြီးခဲ့တဲ့လက အဆိုပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ ရုရှားအနေနဲ့ ယူကရိန်းကနေဆုတ်ခွာဖို့ အတိအလင်းတောင်းဆိုထားတာမျိုး မပါ၀င်ပါဘူး။

အချက် ၁၂ ချက်ပါ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေထဲမှာ စစ်ပွဲအဆုံးသတ်ရေး တိကျတဲ့တောင်းဆိုမှုတွေမပါ၀င်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့သာ တိုက်တွန်းထားပါတယ်။

ရုရှားတပ်တွေ ယူကရိန်းဆုတ်ခွာမှုမရှိသေးဘဲ အပစ်အခတ်ရပ်စဲရေးတောင်းဆိုနေတာဟာ ရုရှားက ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ရေးကို ထောက်ခံနေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ဝေဖန်ပြောဆိုပါတယ်။

Ref: BBC
Photo: AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW