ပါကစ္စတန်နဲ့ အာဖဂန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၁၂ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

ကဘူးလ်၊ မတ်-၂၂-၂၀၂၃
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံနေရာအနှံ့အပြားမှာ အင်အားပြင်းမြေငလျင်တခု မတ် ၂၁ ရက်မှာ လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

အင်အား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်ကြောင့် အဆောက်အဦတွေပျက်စီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။

မြေငလျင်ဟာ အာဖဂန်နစ္စတန်ရှိ ဂျာမ်တောင်ကြားဒေသကို ဗဟိုပြုကာ မတ် ၂၁ ရက်ညနေပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

လူဦးရေနည်းပါးပြီး ဝေးလံခေါင်သီတဲ့ဒေသဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးဖွယ်ရှိကြောင်း အာဖဂန်တာ၀န်ရှိသူတွေကပြောပါတယ်။

ငလျင်ကြောင့် ပါကစ္စတန်မှာ ကိုးဦးသေဆုံးပြီး အာဖဂန်နစ္စတန်မှာ သုံးဦးသေဆုံးခဲ့ပါတယ်။

အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ထိ ကီလိုမီတာ ၁၀၀၀ ကျော်အတွင်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဥရောပ-မြေထဲပင်လယ် ငလျင်လေ့လာရေးစင်တာက ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့နှစ်ဇွန်လအတွင်းကလည်း အာဖဂန်နစ္စတန်မှာ အင်အား ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW