တာတိုင်ရွာသားတွေရဲ့ လက်ရှိ အခြေအနေ

မတ် ၂၂-၂၀၂၃
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က စစ်ကိုင်းမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်နဲ့မူးမြစ်တို့ဆုံရာအရပ်မှာရှိတဲ့ တာတိုင်ကျေးရွာမှာ လူ(၁၇) ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း နေအိမ်တွေမီးရှို့ခံရတာကြောင့် အိမ်ခြေ (၁၀၀) ကျော်သာရှိတဲ့ တာတိုင်ရွာမှာ နေအိမ် (၃၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် ဒေသခံရွာသားတွေဟာ ယနေ့အချိန်ထိ ရွာထဲကိုပြန်မနေရဲသေးဘူးလို့ သိရပါတယ်။

အဲ့ဒီရွာက ဒေသခံအများစုဟာ တံငါတဖက်တောင်သူတဖက် လုပ်ကိုင်ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ စားဝတ်နေရေးအဆင်မပြေမှုတွေနဲ့လည်းကြုံတွေ့နေကြပါတယ်။

ဒီဖြစ်ရပ်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုကိစ္စရပ်မျိုးကိုမဆို အပြစ်မဲ့ပြည်သူတွေဆုံးရှုံးနစ်နာထိခိုက်မှုတွေနည်းပါးအောင် ငဲ့ညှာဆောင်ရွက်သင့်တယ်လို့ တာတိုင်ရွာသားတဦးကအကြံပြုတောင်းဆိုထားပါတယ်။

#voiceofmyanmar #VOM #တာတိုင်ကျေးရွာ

Related posts

✕
VOM News

FREE
VIEW