သံဖြူဇရပ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၁ ယောက် ထပ်မံဖမ်းမိ

မတ် ၂၆ – ၂၀၂၃
GG(VOM)

မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၁ ယောက်ကို မနေ့ မတ်လ ၂၅ ရက်က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာနားမှာ ရှာဖွေတွေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က တပ်နဲ့ ရဲအဖွဲ့တွေက အရင်တွေ့တဲ့ရွာနားကိုပဲထပ်ရှာကြတာ၊အဲ့ဒီမှာ ထပ်ပြီးတွေ့တာလို့သိရတယ်။ပထမဖမ်းမိတဲ့သူတွေက ရော်ဘာခြံမှာတွေ့တာ၊အခုလည်း အဲ့ဒီပတ်ဝန်းကပဲရှာတွေ့တာလို့ သိရတယ် “လို့ သံဖြူဇရပ်ဒေသခံတဦးကပြောပါတယ်။

ထပ်မံဖမ်းမိသူတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့မောင်တောမြို့နယ်တွေကနေဖြစ်ပြီး ရေကြောင်းကနေဝင်ရောက်လာတာဖြစ်ကြောင်း ၊လက်ရှိမှာ သံဖြူဇရပ်မြို့နယ်အားကစားကွင်းမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကလည်း အလားတူ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီးက ရော်ဘာခြံထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါတယ်။

အဲ့ဒီဖမ်းဆီးရမိတဲ့ ၁၅၄ ယောက်ထဲမှာ ကျား ၉၃ ဦး၊ မ ၆၁ ဦး ဖြစ်ပြီးအဲဒီထဲမှာ ကလေးငယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။

အဲ့ဒါကြောင့် ၂ ရက်အတွင်း နိုင်ငံသား အထောက်အထားမဲ့သူ ၁၈၅ ဦးရှိခဲ့ပါပြီး လက်ရှိမှာတော့ ဖမ်းမိသူတွေကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ချောင်းထဲက စက်လှေထဲမှာ တရားမဝင်လိုက်ပါလာတဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက် ဖမ်းဆီးရမိတာရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #သံဖြူဇရပ် #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းဆီရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW