စစ်တွေမှာ နေအိမ်ကပျောက်ဆုံးသွားတဲ့ အသက် (၁၁)အရွယ်မိန်းကလေး ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံး

မတ်၊ ၁၈-၂၀၂၃ MM(VOM) စစ်တွေမြို့၊မင်းဂံရပ်ကွက်မှာ ရိုက်နှက်ခံရပြီး သတိလစ် မေ့မျော့ခဲ့တဲ့ မိန်းကလေးငယ်ဟာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဒီနေ့ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ဟာ မင်းဂံ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီ မတ်လ(၁၅)ရက် ညပိုင်းက နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိန်းကလေးကို မတ်လ(၁၆)ရက် မနက်ပိုင်းမှာ စစ်တွေမြို့၊ မင်းဂံအကွက်(၁၃)ရှိ မီးရထားလမ်းအနီးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဝတ်အစားမပါဘဲ သတိလစ် မေ့မျော့နေတာကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ ‘မိန်းကလေးငယ်က စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်တယ်၊ကောင်မလေးက စစ်တွေ မင်းဂံအကွက် ၁၅ မှာနေထိုင်တာပါ၊အသက် ၁၁ နှစ်အရွယ်ပါ၊ မတ်လ ၁၅ ရက် ညနေက နေအိမ်ကနေ…

Read More

ICC ကဖမ်း၀ရမ်းထုတ်ခံရတဲ့ ရုရှားသမ္မတပူတင် ဖမ်းဆီးခံရနိုင်လား

မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC) က ရုရှားသမ္မတပူတင်ကို မတ် ၁၇ ရက်နှောင်းပိုင်းမှာ ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ အကြောင်းကတော့ ယူကရိန်းစစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် တာ၀န်ရှိလို့ဖြစ်ကြောင်း နယ်သာလန် သည်ဟိတ်အခြေစိုက် ICC ကထုတ်ပြန်ပါတယ်။ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းက ရုရှားဟာစစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC ကဆိုပါတယ်။ အဓိကအားဖြင့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်တာတွေလည်းပါ၀င်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာအလက်ဆီ ယဲဗနာကိုလည်း ICC က ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ပူတင်တို့ကို ဖမ်း၀ရမ်းထုတ်လုပ်တဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြိုဆိုလိုက်ပါတယ်။ ပူတင်ဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ICC ဟာ လက်ရှိထုတ်ပြန်တဲ့ ဖမ်း၀ရမ်းတွေကို လျှို့ဝှက်ထားဖို့ ကနဦးကစီစဉ်ခဲ့ပေမယ့်…

Read More

နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ရေး တူရကီသမ္မတအာဒိုဂန် ထောက်ခံပြီ

  အန်ကာရာ၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို ထောက်ခံကြောင်း တူရကီသမ္မတအာဒိုဂန်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတယ်ဆိုကာ နေတိုးအဖွဲ့ထဲ၀င်ရောက်ရန် ဖင်လန်ရဲ့ကြိုးပမ်းမှုကို တူရကီက ထောက်ခံခြင်းမပြုဘဲ လအတန်ကြာ ပိတ်ဆို့ထားခဲ့ပါတယ်။ တူရကီရဲ့လုံခြုံရေးအတွက် ဖင်လန်နိုင်ငံရဲ့ စစ်မှန်ခိုင်မာတဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးကြောင်း ဖင်လန်သမ္မတနဲ့ အတူ အန်ကာရာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူရကီသမ္မတအာဒိုဂန်က ပြောပါတယ်။ နေတိုးအဖွဲ့သို့ အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိနှင့်ပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုလိုအပ်ပြီး လက်ရှိမှာ ဖင်လန်ဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ရေး ခြေတလှမ်းနီးစပ်သွားပြီဖြစ်ပြီး ဒီကိစ္စအပေါ် တူရကီပါလီမန်က မဲခွဲဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။ ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဆွီဒင်နဲ့ အတူ နေတိုးအဖွဲ့သို့၀င်ရောက်ရေး ကြိုးပမ်းမှုကို တူရကီက ကန့်ကွက်ခဲ့ပြီး လက်ရှိမှာလည်းဖင်လန်ကိုသာထောက်ခံပြီး ဆွီဒင်ရဲ့ ၀င်ရောက်မှုကို ကန့်ကွက်ထားဆဲဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

ပခုက္ကူမြို့က ပန်းကံ့ကော် စားသောက်ဆိုင် ဓားပြတိုက်ခံရ ၊ရွှေထည်ပစ္စည်း ၁၃ ကျပ်သား ပါသွား

မတ် ၊ ၁၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ နေသူရိန် လမ်းမှာရှိတဲ့ ပန်းကံ့ကော် စားသောက်ဆိုင်မှာ မနေ့ မတ် ၁၇ ရက် ညနေပိုင်းက ဓားပြတိုက် လုယက်ခံရပြီး ရွှေထည် ပစ္စည်မျိုးစုံ ၁၃ ကျပ်သားကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ပန်းကံ့ကော် စားသောက်ဆိုင်ထဲကို ညနေ ၄ နာရီဝန်းကျင်က အမည်မသိ လက်လုပ်သေနတ်ကိုင်ထားသူတွေ ဝင်လာပြီး ဆိုင်ရှင် အမျိုးသမီးဆီက ရွေထည်ပစ္စည်းတွေ ဓားပြတိုက်သွားတာဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” နေသူရိန်လမ်းက ၊…

Read More

စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို ICC ဖမ်း၀ရမ်းထုတ်

သည်ဟိတ်၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC)က ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ဒေသတွေက ကလေးသူငယ်တွေကို ရုရှားကိုဥပဒေမဲ့ ပို့ဆောင်တာတွေအပါအ၀င် စစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် ပူတင်မှာတာ၀န်ရှိကြောင်း ICC ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီယာအဲလက်ဆီးဗ်နာကိုလည်း ICC တရားသူကြီးတွေက ဖမ်း၀ရမ်းထုတ်ပြန်ထားပါတယ်။ သိမ်းပိုက်ထားတဲ့နေရာက အရပ်သားတွေကို အခြားနိုင်ငံကိုပို့တာကို နိုင်ငံတကာဥပဒေအရတားမြစ်ထားပြီး ဂျီနီဗာကွန်ဗင်းရှင်းအရ ကလေးသူငယ်တွေဟာ အထူးကာကွယ်မှုရရှိထားကြောင်း ICC ဥက္ကဋ္ဌ Piotr Hofmanski ကပြောပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိတဲ့အမိန့်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုထားပြီး ရုရှားဟာ ICC အဖွဲ့၀င်နိုင်ငံမဟုတ်တဲ့အတွက် အခုလိုအရေးယူခွင့်မရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုထားပါတယ်.။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #သည်ဟိတ်

Read More

ပန်းလိုမွှေးစေခဲ့သည် မိုးကေသီ

ဆူးငှက် ၁၉၇၀ခုနှစ်ကျော် ကာလဆီက မန္တလေးတွင် ပွဲစဉ်ကို စုံစမ်းကာ တကူးတကန့် လိုက်လံကြည့်ရှရသည့် တီးဝိုင်းတစ်ဖွဲ့ရှိပါသည်။ ထို တီးဝိုင်းမှာ မိုးကေသီဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့်ခေတ်စားလာသောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာတီးဝိုင်းကြီးဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏လက်ရင်းတပည့်ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။ မိုးကေသီကို တည်ထောင်သူက ဂီတမှူး ဂီတစာဆို ကိုဘိုခင်ဖြစ်ပါသည်။ ကိုဘိုခင်သည် ယခင်က မြို့မတူရိယာအသင်း၏ ဂီတမှူးတာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၆၄ခုနှစ်တွင် မြို့မတူရိယာအသင်းမှ နူတ်ထွက်ကာ သိင်္ဂီတူရိယာအသင်းကို ဦးစီးခဲ့သည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီမှခွဲ၍ မိုးကေသီကို ထူထောင်ခဲ့သည်။…

Read More

“တပ်မတော်ကို ဆက်ပြီးအုပ်ချုပ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲ မလုပ်နဲ့ပေါ့”ဆိုတဲ့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ တွေ့ဆုံခြင်း

မတ် ၁၇-၂၀၂၃ Voice Of Myanmar (VOM) “ရွေးကောက်ပွဲ မလုပ်စေချင်ဘူးဆိုရင် တပ်မတော်ကို ဆက်ပြီးတော့ အုပ်ချုပ်သွားပါစေဆိုတဲ့ အဓိပ္ပါယ်မျိုး ကျရောက်စေတယ်။ကိုယ့်ကိုကိုယ် ပြန်မေးကြရမှာပေါ့။တပ်မတော်ကိုပဲ ဆက်ပြီးတော့ အုပ်ချုပ်စေချင်သလား၊အုပ်ချုပ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲ မလုပ်နဲ့ပေါ့”လို့ ပြောတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (ကျားဖြူ)ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ VOM တို့ တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #ကျားဖြူပါတီ #ဦးစိုင်းအိုက်ပေါင်း

Read More

ကိုလံဘီယာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အလုပ်သမား ၂၁ ဦးသေဆုံး

ဘိုဂိုတာ၊ မတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ကိုလံဘီယာနိုင်ငံအလယ်ပိုင်းရှိ ကျောက်မီးသွေးတွင်းမှယ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၂၁ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက မတ် ၁၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီမတော်တဆမှုဟာ ကွန်ဒီနာမာကာပြည်နယ်ရှိ ကျောက်မီးသွေးတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်လို့ ယူဆရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အလုပ်သမားတဦးချင်းသေဆုံးမှုဟာ စီးပွားရေးအရသာမက လူမှုရေးနဲ့ အစိုးရရဲ့ရှုံးနိမ့်မှုလည်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုတွေကို အရှိန်မြှင့်တင်မယ်လို့ ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပက်ထရိုက ပြောပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ အတွက် ကိုလံဘီယာမှာ ကျောက်မီးသွေး၀ယ်လိုအား တိုးလာနေပြီး ကျောက်မီးသွေးတင်ပို့မှုဟာ ယမန်နှစ်ကထက် နှစ်ဆတိုးလာနေပါတယ်။ ဒါပေမယ့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေလိုက်နာမှုအားနည်းခြင်းကြောင့် သတ္တုတွင်းမတော်တဆမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ယမန်နှစ်အတွင်း မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားကာ လူ ၁၄၆ ဦးသေဆုံးခဲ့ပါတယ်။ Ref: NHK #voiceofmyanmar #VOM…

Read More

Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ရဲ့ Money Changer လိုင်စင်များ ပြန်ရုပ်သိမ်း

မတ် ၁၇ – ၂၀၂၃ SN (VOM) Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ကို ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်တွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေများ ‌ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)ကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်ကစလို့ ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီ(၂၀)ထဲမှာ Myanmar National Airlines အပါအဝင် သင်္ဘောလိုင်း၊ ဟိုတယ်နဲ့ ကုန်စည်ပို့ဆောင်သယ်ယူရေး အစရှိတဲ့ ကုမ္ပဏီအချို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။…

Read More

ကမ္ဘာလုံးဆိုင်ရာ ကိုကင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှု စံချိန်တင်မြင့်မားလာကြောင်း ကုလသတိပေး

ကုလသမဂ္ဂ၊ မတ်-၁၇-၂၀၂၃ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ဆို့မှုတွေအပြီးမှာ ကမ္ဘာ့ကိုကင်းထုတ်လုပ်မှုဟာ စံချိန်တင်မြင့်မားလာကြောင်း ကုလသမဂ္ဂက မတ် ၁၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကိုကာစိုက်ပျိုးမှုဟာ ၃၅ ရာခိုင်နှုန်းထိ စံချိန်တင်အဆင့်ထိ တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအင်န်အိုဒီစီ)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုကင်းမူးယစ်ဆေးဝါးတွေကို မှောင်ခိုရောင်၀ယ်ဖောက်ကားမှုအတွက် ဗဟိုချက်နေရာသစ်တွေဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်အာဖရိကတို့မှာ ပေါ်ပေါက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယေဘုယျအားဖြင့် ဥရောပနဲ့ မြောက်အမေရိကတို့ဟာ ကိုကင်းရောင်း၀ယ်ဖောက်ကားမှုအတွက် အကြီးဆုံးစျေးကွက်ဖြစ်ပြီး ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အာဖရိကနဲ့ အာရှရှိစျေးကွက်တွေဟာ အကန့်အသတ်ရှိနေဆဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် စျေးကွက်ချဲ့ထွင်ဖို့ အလားအလာရှိတဲ့ အန္တရာယ်ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More
VOM News

FREE
VIEW