မတ် ၂၀-၂၀၂၃ Voice Of Myanmar(VOM) ပြီးခဲ့ မတ်လ (၁၂) ရက်နေ့ကစပြီး (၁၈) ရက်နေ့အထိ တပတ်ကြာ မြောင်နယ်အတွင်းက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အခုလိုထွက်ပြေးတိမ်းရှောင်ရတဲ့အခါ အရင်တုန်းက ဘုန်းကြီးကျောင်းတွေ၊စာသင်ကျောင်းတွေမှာ ခိုလှုံကြရပေမယ့် ဒီတခါမှာတော့ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေလည်း လုံခြုံမှုမရှိတော့သလို လုံခြုံတဲ့ ဘုန်းကြီးကျောင်းစာသင်ကျောင်းတွေမှာလည်း တနယ်လုံးက စစ်ရှောင်တွေပြည့်နေတာကြောင့် တောထဲက အရိပ်ကောင်းတဲ့သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေထိုင်ခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်၊ အခုလိုနေထိုင်ခဲ့ကြရတာကြောင့် တချို့သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေမှာကျန်းမာရေးချို့တဲ့မှုတွေလည်းရှိခဲ့နေတဲ့အပြင် အရင်တုန်းက စစ်ရှောင်ရတဲ့အခါ တောင်ကလာရင် မြောက်ရွာပြေးကာ ရောက်တဲ့ရွာကကျွေး၊ အစားအသောက်အတွက် မပူပင်ခဲ့ရပေမယ့် အခုတခါမှာတော့ တနယ်လုံးနီးပါးတိမ်းရှောင်ကြရတာကြောင့် အစားအသောက်အခက်အခဲတွေလည်းရှိခဲ့ပါတယ်၊ တချို့တနေ့လုပ်တနေ့စားမိသားစုတွေဆိုရင် စစ်ရှောင်ရက်ရှည်ကြာလာတာကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေက ကျန်ခဲ့ပါသေးတယ်။ ဒါ့ကြောင့်နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုအတွက်တိုက်ခိုက်နေကြတယ်ဆိုရင် အပြစ်မဲ့တဲ့ပြစ်သူတွေ အခက်အခဲဒုက္ခမရာက်နိုင်မဲ့နည်းလမ်းတွေနဲ့တိုက်ခိုက်ဖြေရှင်းကြပါလို့ မြောင်နယ်ဒေသခံတဦးက တောင်းဆိုထားပါတယ်။ #voiceofmyanmar #VOM #မြောင် #စစ်ဘေးရှောင်
Read MoreMonth: March 2023
အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို ဖျက်သိမ်းပြီ
ဘန်ကောက်၊ မတ်-၂၀-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မေလအတွင်းကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို မတ် ၂၀ ၇က်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ညီညွတ်သောထိုင်းပါတီဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာ၀ပ်ရဲ့သမီးဖြစ်သူ ဦးဆောင်တဲ့ ဖြူထိုင်းပါတီနဲ့ ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဘီလျံနာတဦးဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ၂၀၀၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ သူ့ရဲ့သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပီထောင်ထရန်ဟာ ရွေးကောက်ပွဲသဘောထားစစ်တမ်းတွေမှာတော့ လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လပေါင်းများစွာ ဦးဆောင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို လက်ရှိအချိန်ထိမသတ်မှတ်ရသေးပေမယ့် ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာဖြစ်ကာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးအတွက် လှုပ်ရှားမှုတွေ စတင်နေပါတယ်။ ယခုတကြိမ်စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ကတော့ မစ္စယင်လပ်အစိုးရကို ဖြုတ်ချပြီး အာဏာရယူထားသူဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီး ၀န်ကြီးချုပ်ရာထူးရယူခဲ့သူဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…
Read Moreပန်းတောင်းမှာ လျှပ်စစ်မီးဖိုကနေ မီးလောင်လို့ အိမ် ၆လုံး မီးလောင်ပျက်စီး
မတ် ၂၀- ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ်က တလုပ္ပင်ရွာမှာ ဒီနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက နေအိမ် ၆လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ် ။ တလုပ်ပင်ရွာက နေအိမ်တအိမ်ရဲ့ လျှပ်စစ်မီးဖိုကနေ မီးလောင်းကျွမ်းတာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မနက် ၈နာရီလောက်မှာမီးလောင်တယ်။တလုပ္ပင်ရွာက ဦးသန်းထွဋ်ရဲ့ မီးဖိုကနေ ရှော့ခ်ဖြစ်ပြီး မီးလောင်တာ၊ သူ့အိမ်ကမှ ဘေးအိမ်တွေကိုကူးပြီးလောင်တာပေါ့။”လို့ ပန်းတောင်း ဒေသခံ တဦးက ပြောပါတယ် ။ မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေက ပျဥ်ထောင်၊သွပ်မိုး သုံးပင်အိမ် တွေဖြစ်ကြောင်းနဲ့ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကတော့ သက်ဆိုင်ရာဌာနက စစ်ဆေးတွက်ချက်မှုလုပ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းစေခဲ့တဲ့ နေအိမ်ပိုင်ရှင်ဦးသန်းထွဋ်ကို ဥသျှစ်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ပန်းတောင်း #မီးလောင်မှု
Read Moreဒါရိုက်တာ စတီးလ် ဖမ်းဆီးခံရ
မတ် ၂၀ – ၂၀၂၃ SN (VOM) ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)ကို ဒီနေ့ မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ “ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာတော့ အတိအကျမသိဘူး။ သူတို့ ရောက်လာတဲ့အချိန်မှာ ဒါရိုက်တာ စတီးလ်ကလည်း သူ့အိမ်မှာမရှိဘူး။ အဲ့ဒါနဲ့ ဖုန်းဆက် လှမ်းခေါ်ခိုင်းပြီး အိမ်ပြန်အရောက်မှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒီနေ့ မတ်လ ၂၀ ရက်နေ့၊ မနက် ၉ နာရီလောက်မှာ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်က ဒါရိုက်တာ စတီးလ်ရဲ့နေအိမ်ကို လာရောက် ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ ဒါရိုက်တာစတီးလ် ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကို လက်ရှိမှာ အတိအကျ မသိရသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ သူဟာ…
Read Moreမိုးညှင်းမြို့မှာ အချိန်အခါမဟုတ် လေပြင်းတိုက်၊မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီး
မတ် ၂၀-၂၀၂၃ Voice Of Myanmar(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ မတ် ၁၈ ရက် ညနေပိုင်းက အချိန်အခါမဟုတ် လေပြင်းတွေတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ လေပြင်းတိုက်ခတ်မှုကြောင့် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စုမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့ ပျဉ်ထောင်အိမ် (၉)လုံးနဲ့ မြေစိုက်အိမ် (၄)လုံး စုစုပေါင်း လူနေအိမ် (၁၃)လုံး ထရံကာ၊ သက်ကယ်နဲ့ သွပ်မိုးတွေလန်ကာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မိုးညှင်း #လေပြင်းတိုက် #ပျက်စီးမှု
Read Moreကျွမ်းကျင်လုပ်သားနဲ့ ခွင့်ပြန်လုပ်သားတွေအတွက် OWIC ကတ် နေ့ချင်းပြီး ဆောင်ရွက်ပေးနေ
မတ် ၂၀ – ၂၀၂၃ SN (VOM) ပြည်ပကို မိမိအစီစဉ်နဲ့သွားမယ့် ကျွမ်းကျင်အလုပ်သမားတွေနဲ့ ခွင့်ပြန်အလုပ်သမားတွေအတွက် ပြည်ပအလုပ်အကိုင်လက်မှတ် (OWIC) ထုတ်ပေးခြင်းကို မရမ်းကုန်း၊ ရှစ်မိုင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)မှာ ဒီနေ့ မတ် ၂၀ ရက်ကစတင်ပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။ အခုလို OWIC ကတ် ခွင့်ပြုထုတ်ပေးရာမှာ ပွဲစားတွေနဲ့ ဆောင်ရွက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့၊ အလုပ်သမားတွေ အချိန်ကုန်၊ ငွေကုန်သက်သာ လျော့နည်းစေဖို့အတွက် OWIC ထုတ်ပေးရေးတာဝန်ခံ အရာရှိက စိစစ်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိထံ တင်ပြပြီးနောက် ခွင့်ပြုမိန့်နဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ကတ်က ရှစ်မိုင်ရုံးမှာ ထုတ်ရတယ်ဆိုပေမယ့် မြောက်ဒဂုံ ပင်လုံခန်းမမှာ တုံကင်သွားယူရပါသေးတယ်။ မြောက်ဒဂုံ ပင်လုံခန်းမမှာ တုံကင်ယူပြီးမှ ရှစ်မိုင်ရုံးကိုသွားပြိိီး OWIC ကတ်ထုတ်ရမှာပါ”လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။…
Read Moreရခိုင်က ANPပါတီ ရွေး/ကော်မှာ မှတ်ပုံတင်ဖို့ ဘာကြောင့်ဆုံးဖြတ်လိုက်တာလဲ
မတ် ၂၁- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဟာ နစက ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ပါတီမှတ်ပုံတင်ရေး ဆုံးဖြတ်လိုက်တယ်လို့ ပါတီဥက္ကဋ္ဌက VOM ကို အတည်ပြုပြောပါတယ်။ ဒီကနေ့ မတ်လ ၂၁ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီအပါအဝင် အမျိုးသားဒီမိုကရက်တစ်ပါတီ(DNP)နဲ့ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)တို့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နစကရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ဆက်လက်ရပ်တည်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို မတ်လ ၂၀ ရက်နေ့က လာရောက်လျှောက်ထားကြောင်း သိရပါတယ်။ အဲဒီလို ရွေးကောက်ပွဲဝင်နိုင်ရေးကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထားကွဲလွဲမှုတချို့ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။ “မှတ်ပုံတင်ဖို့ လျှောက်ထားတာမဟုတ်ဘူး။ မှတ်ပုံတင်ဖို့အတွက် ပါတီမှာ ဆုံးဖြတ်လိုက်တာပဲရှိသေးတယ်။ ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက်ချတယ်။…
Read Moreသင်္ကြန်ကာလ ရှမ်းပြည်(တောင်ပိုင်း)က ဟိုတယ်တွေမှာ ဘိုကင်မှာယူမှု ပုံမှန်အတိုင်းသာ ရှိတယ်လို့ သိရ
မတ်၂၁ – ၂၀၂၃ SN (VOM) လာမယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ရှမ်းပြည် (တောင်ပိုင်း)က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းကြိုတင် ဘိုကင်မှာယူမှု ပုံမှန်အတိုင်းသာ ရှိတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။ သင်္ကြန်ကာလအတွက် ရှမ်းပြည် (တောင်ပိုင်း)က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းကြိုတင် ဘိုကင်မှာယူမှု များပြားနေပြီး တချို့ ဟိုတယ်တွေမှာတော့ ဘိုကင်တွေ ပြည့်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ “ဒီမှာတော့ ပုံမှန်ပဲ။ သင်္ကြန်နားနီးတော့ နည်းနည်းပြန်လာကြတယ်။ အရမ်းကြီး ပြည့်နေတာတွေတော့ မရှိဘူး။ ရှိတယ်ဆိုရင်တောင် တခန်းတည်းရှိတဲ့ နေရာမျိုးတွေလောက်ပဲ ပြည့်လိမ့်မယ်။ ကျန်တဲ့ ဟိုတယ်တွေကတော့ ကျွန်တော်သိရသလောက်ကတော့ ပြည့်တယ်ဆိုတာ မရှိသလောက်ပဲ။ ရှိရင်လည်း ဘတ်ဂျက်သိပ်မများတဲ့နေရာ ငါးခု၊ ခြောက်ခုလောက်ပဲရှိမှာ။ ဒီမှာက ဟိုတယ်ပေါင်းက အခု ၂၀၀…
Read Moreကြူကုတ်(ပန်ဆိုင်း) -ဝမ်တိန် နယ်စပ်ဂိတ်ကနေ ကုန်ကားတွေ အဝင်အထွက် ပြန်ခွင့်ပြု
မတ် ၂၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်ရဲ့ ရှေးအကျဆုံး သမိုင်းဝင် နှစ်နိုင်ငံကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကြူကုတ်(ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ် ကနေ ကုန်ကားတွေ အဝင်အထွက်ကို မနေ့ မတ်လ ၂၀ ရက် မနက် ၆ နာရီခန့်က စတင်ခွင့်ပြု ဖွင့်လှစ်လိုက်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဟုတ်တယ်ဖွင့်တယ် (အဓိက ဘာတွေဝင်ထွက်လို့ ရလဲ) အဲဒါတော့ အသေးစိတ်တော့ ကျနော်လည်း မသိရသေးဘူး။ သတင်း ဒေတာတွေလည်း မရသေးလို့လေ။”လို့ မနေ့ မတ် ၂၀ရက်က မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။ ပန်ဆိုင်းမြို့မှာ အလုပ်လုပ်နေတဲ့ ဒေသခံ တဦးက လည်း…
Read Moreပြင်သစ်အစိုးရကို အယုံအကြည်အဆိုတင်သွင်းမှုမဲခွဲမှု မအောင်မြင်
ပါရီ၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်အစိုးရဟာ အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၄ နှစ်ထိတိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းမှုကှို ကျဉ်းမြောင်းစွာဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းပြီး ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၈ မဲရရှိခဲ့ပြီး အဆိုအောင်မြင်ဖို့လိုအပ်သည့်ထောက်ခံမဲ ၂၈၇ မဲပြည့်မီခြင်းမရှိခဲ့ပါဘူး။ လက်ယာစွန်းအတိုက်အခံပါတီကနေ တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုအောင်မြင်ခဲ့မယ်ဆိုရင် သမ္မတအီမန်နျူရယ် မက်ခရွန်ဟာ အစိုးရသစ်ဖွဲ့စည်းခြင်း သို့မဟုတ် ရွေးကောက်ပွဲအသစ်ကျင်းပပေးရမှာဖြစ်ပါတယ်။ အယုံအကြည်မရှိအဆို မအောင်မြင်ပြီးနောက် အငြိမ်းယူရမယ့် အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့တိုးမြှင့်ဥပဒေကြမ်းကတော့ ဥပဒေအဖြစ် သက်၀င်တော့မှာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ လူ ၁၀၀ ကျော်ထိ ဖမ်းဆီးခံထားရပါတယ်။ ပါရီမြို့လယ်နဲ့ အခြားသောပြင်သစ်မြို့ကြီးတွေမှာ အပျက်အစီးတွေ၊ မီးလောင်မှုတွေနဲ့ အတူ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ထိပ်တိုက်ပဋိပက္ခတွေ သီတင်းပတ်ကုန်ပိုင်းကဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအချို့ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref:BBC #voiceofmyanmar #VOM #ပါရီ
Read More