အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို ဖျက်သိမ်းပြီ

ဘန်ကောက်၊ မတ်-၂၀-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ မေလအတွင်းကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို မတ် ၂၀ ၇က်မှာ ဖျက်သိမ်းလိုက်ပါတယ်။

၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ညီညွတ်သောထိုင်းပါတီဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာ၀ပ်ရဲ့သမီးဖြစ်သူ ဦးဆောင်တဲ့ ဖြူထိုင်းပါတီနဲ့ ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

ဘီလျံနာတဦးဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ၂၀၀၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

သူ့ရဲ့သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပီထောင်ထရန်ဟာ ရွေးကောက်ပွဲသဘောထားစစ်တမ်းတွေမှာတော့ လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လပေါင်းများစွာ ဦးဆောင်နေပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို လက်ရှိအချိန်ထိမသတ်မှတ်ရသေးပေမယ့် ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာဖြစ်ကာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးအတွက် လှုပ်ရှားမှုတွေ စတင်နေပါတယ်။

ယခုတကြိမ်စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ကတော့ မစ္စယင်လပ်အစိုးရကို ဖြုတ်ချပြီး အာဏာရယူထားသူဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီး ၀န်ကြီးချုပ်ရာထူးရယူခဲ့သူဖြစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW