ယူကရိန်းစစ်ပွဲနဲ့ ပူတင်ကို ဝေဖန်သူ ရုရှားအတိုက်အခံတဦး ထောင် ၂၅ နှစ်ချမှတ်ခံရ

မော်စကို၊ ဧပြီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲနဲ့ ပူတင်ကိုဝေဖန်မှုနဲ့ ဆက်နွယ်တဲ့စွဲချက်တွေကြောင့် ရုရှားအတိုက်အခံတက်ကြွလှုပ်ရှားသူ ဗလာဒီမာကာရာမာဇာကို ရုရှားအာဏာပိုင်တွေက ဧပြီ ၁၇ ရက်မှာ ထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်ပါတယ်။

သူဟာ် နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေဖြန့်ဝေမှုအပြင် အဖွဲ့အစည်းတခုနဲ့ချိတ်ဆက်လုပ်ဆောင်မှုတို့နဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။

ရုရှား-ဗြိတိသျှ သတင်းထောက်ဟောင်းနဲ့နိုင်ငံရေးသမားဖြစ်သူ ဗလာဒီမာကာရာမာဇာဟာ ဖမ်းဆီးခံရတဲ့ သို့မဟုတ် နိုင်ငံတွင်းကနေထွက်ပြေးခဲ့ရတဲ့ ပူတင်ကိုဝေဖန်သူတွေထဲက ထောင်ချခံရတဲ့ နောက်ဆုံးတဦးဖြစ်ပါတယ်။

အာဏာပိုင်တွေ စွဲချက်တွေကို သူကတော့ ငြင်းဆိုထားပါတယ်။ အသက် ၄၁ နှစ်အရွယ် မစ္စတာကာရာမာဇာဟာ ရုရှားသမ္မတပူတင်ကို နှစ်ပေါင်းများစွာ ဝေဖန်ပြောဆိုခဲ့တဲ့အပြင် ယူကရိန်းစစ်ပွဲနဲ့ အတူ ရုရှားအတိုက်အခံတွေကို ဖြိုခွင်းမှုတွေကိုလည်း ဆန့်ကျင်ခဲ့သူတဦးဖြစ်ပါတယ်။

သူ့ကိုထောင်ဒဏ် ၂၅ နှစ်ပြစ်ဒဏ်အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အတိုက်အခံတဦးကို ချမှတ်ခဲ့တဲ့ အရှည်ကြာဆုံးထောင်ဒဏ်ဖြစ်ပါတယ်။

Ref: BBC

#voiceofmyanmar #VOM #ရုရှားအတိုက်အခံထောင်ချ

Related posts

Leave a Comment

VOM News

FREE
VIEW