ဟုမ္မလင်းမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

ဧပြီ ၈ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် အထွေထွေ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန် ဆိုသူ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉ ဦးကို ဟုမ္မလင်းအထူးတရားရုံးကနေ မနေ့ ဧပြီ ၇ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကိုကျော်ဝင်းစိန်ကို ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၁နှစ် နဲ့ ၆လ ၊ အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည(က) နဲ့ ထောင်ဒဏ် ၁၀နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆ လ ချမှတ်ခံရတယ် ၊ နောက်ပြီး ကိုစိုင်းဝေယံကို ထောင်ဒဏ် ၁၃နှစ်၊ အမေ့အိမ်စာသင်ကျောင်းမှ ကိုသက်ထွန်းဦးကို ထောင်ဒဏ် ၁၀နှစ်၊ ကိုအောင်ဟိန်း (ပင်လုံသစ်စက်)ကိုထောင် ဒဏ် ၁၀နှစ်၊ နတ်နန်းမှ ကိုနေနော်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်ကိုမင်းကို ထောင်ဒဏ် ၁၀နှစ်၊ ဒေါ်နွဲနွဲ့အောင်ကို ထောင်ဒဏ် ၁၀နှစ်၊ ကိုဖြိုးသက်တင်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်မြင့်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်”လို့ တရားရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဟုမ္မလင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကျော်ဝင်းစိန် အပါအဝင် ပြစ်ဒဏ်ချတာ ၉ ဦးဖြစ်တယ် ၊ သူတို့အားလုံး ကျန်းမာရေး ကောင်းမွန်စွာရှိတယ် ” လို့ပြောပါတယ်။

ကိုကျော်ဝင်းစိန် ဆိုသူဟာ ၂၀၂၁ က ဟုမ္မလင်းမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရာကနေ ၂၀၂၂ နှစ်ကုန်ပိုင်းက မန္တလေးမြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုနေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW