ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှာ ပေါက်ကွဲမှု ၁၂ ယောက်သေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ ဧပြီ-၂၅
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုတန်ပြန်ရေးဌနမှာ ဧပြီ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၁၂ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုပြုခဲ့ကြောင်း သက်သေအထောက်အထားတွေတော့မတွေ့ရပါဘူး။ ရုံးရဲ့အလယ်မှာ ရှိတဲ့ ခဲယမ်းမီးကျောက်တွေပေါက်ကွဲမှုဖြစ်စေခဲ့တဲ့ ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူအများစုမှာ ရဲတွေဖြစ်ပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကာ အဆောက်အအတွေ ပြိုကျပျက်စီးခဲ့ပြီး ပြင်ပကနေ တိုက်ခိုက်မှုတစုံတရာမရှိကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ မကြာသေးမီကာလအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိဖြစ်စဉ်မှာ ပါ၀င်ပတ်သက်မှုမရှိကြောင်း အခိုင်အမာပြောဆိုထားပါတယ်။

အကြမ်းဖက်တန်ပြန်ရေးဌာနဟာ၂၀၀၉ ခုနှစ်မတိုင်မီ အိုင်အက်စ်စစ်သွေးကြွများထိန်းချုပ်ထားတဲ့ ဆွတ်ချိုင့်ဝှမ်းမှာတည်ရှိပါတယ်။ စစ်သွေးကြွတွေဟာ နိုဘယ်ဆုရှင်မာလာလာကို အဲဒီဒေသမှာ ၂၀၁၂ ခုနှစ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

Ref:BBC
Photo:AFP

#voiceofmyanmar #VOM #ပါကစ္စတန်

Related posts

Leave a Comment

VOM News

FREE
VIEW