ထိုင်းကနေ ကော့သောင်းကို ပြန်လွှဲပေးတဲ့ မြန်မာလုပ်သား (၁၇၀)ကျော်ထဲက (၉)ဦးမှာ ကိုဗစ်ပိုးတွေ့

ဧပြီ ၂၅-၂၀၂၃ SN (VOM) ထိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၇၀ ကျော်ကို ကော့သောင်းကနေတဆင့် ပြန်လွှဲပေးရာ ၉ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဆီက သိရပါတယ်။ မြန်မာအလုပ်သမား အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း ၁၇၁ ဦးကို မနေ့ ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၄၃ နှစ်အတွင်းရှိ အမျိုးသား(၉)ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “လောလောဆယ် ပိုးတွေ့သူတွေကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံက အရေးပေါ်ကုသဆောင်မှာ ကျန်းမာရေးစောင့်ကြည့်နဲ့ ထားထားပါတယ်။ သူတို့နဲ့ တခန်းတည်း အတူနေခဲ့တဲ့ ထိတွေ့ ၁၀ ဦးကိုတော့ နဝရတ်အားကစားရုံမှာ…

Read More

မန္တလေး အောင်မြေသာစံမြို့နယ် မီးလောင်မှု

ဧပြီ ၂၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၉ ၈၀လမ်းကြား၊ ၁၀ ၁၁လမ်းကြား လူနေအိမ်မီးလောင်မှု Level-2အဆင့်နဲ့ မီးငြိမ်းသတ်နေရတယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ #voiceofmyanmar #VOM #မီးလောင်မှု #မန္တလေး

Read More

ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးသဘောတူ

ခါတွမ်၊ ဧပြီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်များအကြား နောက်ထပ်အပစ်အခတ်ရပ်စဲရေးသည် ဧပြီ ၂၄ ရက်ည ၁၀ နာရီတွင် စတင်သက်ပြီးနောက် လက်ရှိချိန်ထိ ကျိုးပေါက်ခြင်းမရှိသေးကြောင်း သိရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေအကြား ဧပြီ ၁၅ ရက်မှာစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ၄၀၀ ကျော်သေဆုံးခဲ့ပြီး လက်ရှိအပစ်အခတ်ရပ်စဲရေးကတော့ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၄၈ နာရီကြာ ညှိနှိုင်းပြီးနောက် ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ၇ ၂ ရီကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အတည်ပြုထုတ်ပြန်ထားပါတယ်။ မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာနေအိမ်တွေမှာ ပိတ်မိနေပြီး အစားအစာနဲ့သောက်သုံးရေးပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။ ဆူဒန်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒေသတခုလုံးကို ပြန့်နှံ့သွားနိုင်တဲ့ ကပ်ဘေးကြီးဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူုးချုပ် ဂူတာရက်စ်က သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters…

Read More

မန္တလေးမှာ ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွါး

ဧပြီ ၂၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး-စစ်ကိုင်းသွား ကမ်းနားလမ်း၊ သံဃာဆေးရုံအနောက်ပေါက်တည့်တည့်မှာ ဒီကနေ့ ဧပြီ ၂၅ရက် နေ့လယ် ၂နာရီ၂၀ခန့်က ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားနောက်ပိုင်းကြေမွပျက်ဆီးကာ ယာဥ်မောင်း တစ်ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ ကားအမျိုးအစားဟာ Isuzu (အဖြူ) 5C-6080 ဖြစ်ကြောင်းသိိရပြီး လမ်းသွားလမ်းလာကား ၁ စီးလည်း အနည်းငယ်ထိခိုက်ကာ နောက်ထပ် လူ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာက လမ်းပိတ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ကားပေါက်ကွဲမှု

Read More

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားနိုင်ခြေ သမိုင်း၀င်မြင့်မားနေကြောင်း ကုလအကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ ဧပြီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ပဋိပက္ခဖြစ်နိုင်ခြေဟာ သမိုင်း၀င်မြင့်မားနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၂၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား တင်းမာမှုတွေဟာ သမိုင်း၀င်မြင့်မားနေပြီး စွန့်စားမှု သို့မဟုတ် တွက်ချက်မှုလွဲမှားမှုတွေကြောင့် ပဋိပက္ခဖြစ်နိုင်တဲ့အန္တရာယ်မြင့်မားနေတယ်လို့ ကုလသမဂ္ဂအကြီးအကဲကပြောပါတယ်။ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ ကြီးမားတဲ့ ဒုက္ခတရားတွေဖြစ်ပေါ်စေခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ကမ္ဘာ့စီးပွားရေးအပေါ်လည်း သက်ရောက်မှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။ ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဧပြီလအတွက် ဥက္ကဌ တာ၀န်ယူထားတဲ့အတွက် ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ရော့ဗ်ဟာ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်နေပြီး ကမ္ဘာကြီးဟာ စစ်အေးခေတ်ကာလကထက် ပိုမိုအန္တရာယ်များတဲ့အခြေအနေဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ စစ်အေးကာလမှာလိုပဲ ကျွန်တော်တို့ဟာ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေပြီး နိုင်ငံစုံဝါဒအပေါ် ယုံကြည်မှုဆုံးရှုံးနေတဲ့အတွက် အခြေအနေပိုဆိုးလာနေကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။ Ref:Reuters Photo:Reuters #voiceofmyanmar #VOM #ကုလအကြီးအကဲ #ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားပဋိပက္ခ

Read More

ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှာ ပေါက်ကွဲမှု ၁၂ ယောက်သေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ ဧပြီ-၂၅ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုတန်ပြန်ရေးဌနမှာ ဧပြီ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၁၂ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုပြုခဲ့ကြောင်း သက်သေအထောက်အထားတွေတော့မတွေ့ရပါဘူး။ ရုံးရဲ့အလယ်မှာ ရှိတဲ့ ခဲယမ်းမီးကျောက်တွေပေါက်ကွဲမှုဖြစ်စေခဲ့တဲ့ ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးသူအများစုမှာ ရဲတွေဖြစ်ပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကာ အဆောက်အအတွေ ပြိုကျပျက်စီးခဲ့ပြီး ပြင်ပကနေ တိုက်ခိုက်မှုတစုံတရာမရှိကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ မကြာသေးမီကာလအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိဖြစ်စဉ်မှာ ပါ၀င်ပတ်သက်မှုမရှိကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ အကြမ်းဖက်တန်ပြန်ရေးဌာနဟာ၂၀၀၉ ခုနှစ်မတိုင်မီ အိုင်အက်စ်စစ်သွေးကြွများထိန်းချုပ်ထားတဲ့ ဆွတ်ချိုင့်ဝှမ်းမှာတည်ရှိပါတယ်။ စစ်သွေးကြွတွေဟာ နိုဘယ်ဆုရှင်မာလာလာကို အဲဒီဒေသမှာ ၂၀၁၂ ခုနှစ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar #VOM #ပါကစ္စတန်

Read More

လာမယ့်နှစ်ကုန်မှာ ကမ္ဘာ့အပူချိန် စံချိန်တင်အဆင့်သစ်ထိ ရောက်ဖွယ်ရှိ

ဝါရှင်တန်၊ ဧပြီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ မကြာသေးမီကာလတွေအတွင်း အရှိန်အဟုန်နဲ့ ပူနွေးလာကြောင်း သိပ္ပံပညာရှင်တွေက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။ ယခုလအတွင်းမှာ ပင်လယ်ရေမျက်နှာပြင်ဟာ စံချိန်တင်အဆင့်ထိ အပူချိန်မြင့်မားခဲ့ပြီး အခြားသောရာသီဥတုဖြစ်စဉ်တွေနဲ့ပေါင်းစပ်လိုက်ပါက ကမ္ဘာ့အပူချိန်ဟာ လာမည့်နှစ်ကုန်မှာ စံချိန်တင်အဆင့်သစ်ကို ရောက်ရှိလာမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ သမုဒ္ဒရာတွေရဲ့အပူချိန်ကိုမြင့်တက်စေတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ လာမည့်လတွေအတွင်းမှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ သမုဒ္ဒရာတွေပူနွေးမှုဟာ ရေနေသတ္တဝါများကို သေဆုံးစေသလို ဆိုးရွားတဲ့ ရာသီဥတုကိုဖြစ်ပေါ်စေကာ ပင်လယ်ရေမျက်နှာပြင်ကိုလည်း မြင့်တက်စေပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးမှုဖြစ်စေတတ်တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို စုပ်ယူရာမှာလည်း ထိရောက်မှုနည်းပါတယ်။ ဒီလိုအခြေအနေမှာ ယခုနှစ်ဧပြီလအတွင်း သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ စံချိန်သစ်တင်ခဲ့ပြီး အချို့ဒေသတွေမှာတော့ ရေရှည်ကွာခြားချက် ကြီးမားကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ပြည်တွင်း ဆန်စျေး ရုတ်တရက် မြင့်တက်လာ

ဧပြီ ၂၅ – ၂၀၂၃ GG(VOM) ပြည်တွင်းဆန်စျေးကွက်မှာ အခုရက်ပိုင်းအတွင်း ဆန်အချော တစ်အိတ်ကို ၁၀၀၀၀ကျပ် ဝန်းကျင်နဲ့ဆန်ကြမ်းတစ်အိတ်ကို ၅၀၀၀ ကျပ်အထက်ကို ရုတ်တရက်မြင့်တက်သွားတယ်လို့ ဆန်ရောင်းဝယ်သူတွေဆီကသိရပါတယ်။ နယ်ကနေ ရန်ကုန် ကုန်စည်ဒိုင်တွေကို ပုံမှန်ဝင်ရောက်နေကြ ဆန်ပမာဏထက် ဆန်အိတ်ရေ ၁၀၀၀၀ ကျော်လောက် လျော့ကျသွားတာကြောင့် ဆန်စျေး တက်သွားတာဖြစ်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ပြောဆိုကြပါတယ်။ “နယ်ကနေ ရန်ကုန်ကို ဆန်အဝင်များလာရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ ၊ အခုက ဆန်အဝင်နည်းနေတာကြောင့် ရုတ်တရက်တက်သွားတာလို့ ထင်ပါတယ်။အခုက လျှပ်စစ်မီးကမမှန်တော့ ဆန်စက်တွေလည်ပတ်မှုကလည်း လျော့ကျတယ်လေ ။ဆန်စျေးကတော့ တက်သွားတာပေါ့”လို့ ဆန်စက်နဲ့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံကမြို့နယ်တိုင်းလိုလိုမှာ လျှပ်စစ်မီးပြတ်တောက်မှုက အခြေအနေဆိုးနေတာကြောင့် ဆန်စက်တွေလည်ပတ်နိုင်မှု အရမ်းနည်းခြင်း ၊ နွေစပါးအထွက်နူန်းတွေ လျော့ကျခြင်း၊ သွင်းအားစုစရိတ်တွေ စျေးကြီးခြင်း စတဲ့ကုန်ကျစရိတ်တွေကြောင့်လည်း ဆန်စျေးက အတက်ဘက်ကိုသွားနေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းကထုတ်ပြန်တဲ့အထဲမှာတော့…

Read More

မန္တလေး ချမ်းအေးသာစံမြို့နယ် မီးလောင်မှု

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၈၁ ၈၂လမ်းကြား ၂၈ ၂၉ လမ်းကြား ဒေါ်မမကြီးဝင်းအတွင်း၊ မြင်းဝန်းထဲ မီးလောင်မှုဖြစ်ပွါးနေပြီး Level-1အဆင့်နဲ့ မီးငြိမ်းသတ်နေရတယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ Photo Crd – Than Htay #voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်လာ

စတော့ဟုမ်း၊ ဧပြီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းစစ်အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၂၄ ထရီလီယံ သို့မဟုတ် ၃ ဒသမ ၇ ရာခိုင်နှုန်းထိ စံချိန်တင်မြင့်တက်လာကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ အရှေ့အာရှမှာ တင်းမာမှုတွေမြင့်တက်လာခြင်းက စစ်အသုံးစရိတ်တိုးလာဖို့ တွန်းအားပေးနေကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းရဲ့ စစ်အသုံးစရိတ်ဟာ ယမန်နှစ်ကထက် ၆၄၀ ရာခိုင်နှုန်းမြင့်တက်လာပြီး ရုရှားရဲ့ စစ်အသုံးစရိတ်မှာ ခန့်မှန်းခြေ ၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာကာ ဒေါ်လာ ၈၆ ဒသမ ၄ ဘီလီယံထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ရုရှားနဲ့နီးတဲ့နိုင်ငံအချို့ဟာလည်း သူတို့ရဲ့စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေပြီး…

Read More
VOM News

FREE
VIEW