ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးသဘောတူ

ခါတွမ်၊ ဧပြီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်များအကြား နောက်ထပ်အပစ်အခတ်ရပ်စဲရေးသည် ဧပြီ ၂၄ ရက်ည ၁၀ နာရီတွင် စတင်သက်ပြီးနောက် လက်ရှိချိန်ထိ ကျိုးပေါက်ခြင်းမရှိသေးကြောင်း သိရပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်တွေအကြား ဧပြီ ၁၅ ရက်မှာစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ၄၀၀ ကျော်သေဆုံးခဲ့ပြီး လက်ရှိအပစ်အခတ်ရပ်စဲရေးကတော့ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

၄၈ နာရီကြာ ညှိနှိုင်းပြီးနောက် ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ၇ ၂ ရီကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အတည်ပြုထုတ်ပြန်ထားပါတယ်။

မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာနေအိမ်တွေမှာ ပိတ်မိနေပြီး အစားအစာနဲ့သောက်သုံးရေးပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။

ဆူဒန်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒေသတခုလုံးကို ပြန့်နှံ့သွားနိုင်တဲ့ ကပ်ဘေးကြီးဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူုးချုပ် ဂူတာရက်စ်က သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

✕
VOM News

FREE
VIEW