မန္တလေးမှာ ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွါး

ဧပြီ ၂၅-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး-စစ်ကိုင်းသွား ကမ်းနားလမ်း၊ သံဃာဆေးရုံအနောက်ပေါက်တည့်တည့်မှာ ဒီကနေ့ ဧပြီ ၂၅ရက် နေ့လယ် ၂နာရီ၂၀ခန့်က ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားနောက်ပိုင်းကြေမွပျက်ဆီးကာ ယာဥ်မောင်း တစ်ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

ကားအမျိုးအစားဟာ Isuzu (အဖြူ) 5C-6080 ဖြစ်ကြောင်းသိိရပြီး လမ်းသွားလမ်းလာကား ၁ စီးလည်း အနည်းငယ်ထိခိုက်ကာ နောက်ထပ် လူ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာက လမ်းပိတ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကားပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW