ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားနိုင်ခြေ သမိုင်း၀င်မြင့်မားနေကြောင်း ကုလအကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ ဧပြီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ပဋိပက္ခဖြစ်နိုင်ခြေဟာ သမိုင်း၀င်မြင့်မားနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၂၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အင်အားကြီးနိုင်ငံတွေအကြား တင်းမာမှုတွေဟာ သမိုင်း၀င်မြင့်မားနေပြီး စွန့်စားမှု သို့မဟုတ် တွက်ချက်မှုလွဲမှားမှုတွေကြောင့် ပဋိပက္ခဖြစ်နိုင်တဲ့အန္တရာယ်မြင့်မားနေတယ်လို့ ကုလသမဂ္ဂအကြီးအကဲကပြောပါတယ်။

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ ကြီးမားတဲ့ ဒုက္ခတရားတွေဖြစ်ပေါ်စေခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ကမ္ဘာ့စီးပွားရေးအပေါ်လည်း သက်ရောက်မှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။

ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဧပြီလအတွက် ဥက္ကဌ တာ၀န်ယူထားတဲ့အတွက် ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ရော့ဗ်ဟာ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်နေပြီး ကမ္ဘာကြီးဟာ စစ်အေးခေတ်ကာလကထက် ပိုမိုအန္တရာယ်များတဲ့အခြေအနေဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

စစ်အေးကာလမှာလိုပဲ ကျွန်တော်တို့ဟာ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေပြီး နိုင်ငံစုံဝါဒအပေါ် ယုံကြည်မှုဆုံးရှုံးနေတဲ့အတွက် အခြေအနေပိုဆိုးလာနေကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #ကုလအကြီးအကဲ #ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားပဋိပက္ခ

Related posts

Leave a Comment

VOM News

FREE
VIEW